iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Cantwait2say
အမြဲတမ်း လူတွေကြားထဲ ဟုန်းခနဲ ပြောစရာ ဖြစ်အောင် ထထလုပ်တတ် ပြောတတ်တဲ့ သန္တာလှိုင်ကတော့ နောက်ထပ် အသစ်တစ်ခု လုပ်ချလိုက်ပြန်ပါပြီ။
ပုတ်သင်ညိုကို ကိုယ်ပေါ်တင်ထားပြီး သူမ ဘာလုပ်မလို့လဲ။ ဘာဖြစ်လို့လဲ။ ဘာလုပ်မလို့လဲ ဆိုတော့ မွေးထားချင်လို့ပါတဲ့။ ခွေးလေးတွေ အိမ်မှာ မွေးထားပြီး အကောင်လေးတွေကို ချစ်တတ်တဲ့ သူတို့ မိသားစုက ပုတ်သင်ညိုလေးတွေကိုမြင်တော့ မွေးထားချင်တဲ့ စိတ်ကူးရခဲ့ပါတယ်။
ပုတ်သင်ညိုကို မွေးထားဖို့ စိတ်ကူးမိတဲ့ အပေါ် သန္တာလှိုင်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အခုလိုပဲ မျှဝေထားပါတယ်။
“ဒီအကောင်လေးကို မနေ့ညက တွေ့တော့ ယောက်ကျားက မွေးတော မွေးချင်တယ် ဒါပေမယ့် သူပျော်မပျော် ဘယ်လိုလုပ်ပြီး သိမလဲတဲ့? ခွေးတွေ ကြောင်တွေလို မပြတတ်တော့…
အဲ့ဒါနဲ့ သူ့ကြောင်းလေ့လာလိုက်တာ ဒီပုတ်သင်ညိုအမျိုးက Australia တိုက်မှာတွေ့ရတဲ့ ပုတ်သင်ညိုတစ်မျိုးပါတဲ့။ သူ့ရဲ့ လူသိများတဲ့ အမျိုးနံမည်က Bearded Dragon လို့ ခေါ်ပါတယ်။ သူ့လည်ပင်း အောက်မှာ ပါတဲ့ အရစ်က မုတိဆိတ်မွေး သဘောမျိုး ဖြစ်နေလို့ပါတဲ့။ သူတို့စိတ်ညစ်ရင် ဖြစ်ဖြစ် စိတ်အနှောက်အယှက် ရနိသူနဲ့ တိုက်မယ်တို့ ဆိုရင် မုတ်ဆိတိမွေးလို မေးစိက အရစ်က မဲလာရောတဲ့။ ကဲ သူတို့စိတ်အနေအထားကို သိရပြီဆိုတော့ မွေးဖို့ စဉ်းစားမလားလို့…. သူတို့ အမျိုးအနွယ်က စိတ်ပျော်ရင် ခေါင်းလဲ ငြိမ့်တတ်တယ်တဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလို့ ရတဲ့ အမျိုးအစားတဲ့။ google ကနေလေ့လာပြီး ပြောတာပါနော်…
ဘာတိရစ္ဆာန်မွေးမွေး ယူရမယ့် တာဝန်တွေကို သေချာ လေ့လာကြီး တကယ်တာဝန်ယူနိုင်မှသာ မွေးဖို့ ဆုံးဖြတ်ပါလို့ မေတ္တာရပ်ခံပါတယ်နော်..” ဆိုပြီး သူက ရေးသားထားပါတယ်။
သူတို့ အဲ့ဒီ အကောင်လေးကို အိမ်မှာ မွေးသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
အသည်းယားစရာ အကောင်လေးကို ကိုယ်ပေါ်တင်ပြီး ဓာတ်ပုံရိုက်ထားတဲ့ သန္တာလှိုင်ရဲ့ ပုံရိပ်တွေကို အသည်းယားလို့ ဝိုင်းဝန်း ပြောဆိုနေကြတာပါ။ ပုတ်သင်ညိုကို ကိုယ်ပေါ်တင်ပြီး ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit : Cantwait2say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top