iMyanmarHouse.com - Best Property Website for Myanmar
×

သင္သူမႏွင့္အတူမအိပ္ခင္ ဒီစာေလးအရင္ဖတ္ၾကည့္ပါ

သင္သူမနဲ႔ အတူအိပ္ဖို႔မေတြးခင္

ခုခ်ိန္မွာ သူမဟာသင့္ရဲ႔အိပ္ရာထက္၀ယ္။ ေနာက္ဆံုးေတာ့ သူမကိုသင္ပိုင္ဆိုင္ခြင့္ရျပီေပါ့။ သင္သူမရဲ႔ အ၀တ္အစားေတြကိုကူညီျပီး ခ်ြတ္ေပးတယ္။ သင့္ကိုယ္ေပၚက အ၀တ္အစားေတြကိုလည္း သင္ဆြဲခ်ြတ္လိုက္တယ္။ သင္သူမရဲ႔ေကာက္ေၾကာင္းအလွကို ခံစားတယ္။ သင္လိင္ဆက္ဆံဖို႔စတင္ျပင္ဆင္ေနျပီ။ ဒါေပမယ့္ ခဏေလးသင္လိင္ဆက္ဆံဖို႔မၾကိဳးစားခင္ပဲ ေက်းဇူးျပဳျပီးေအာက္ပါေမးခြန္းအခ်ိဳ႔ကို သင့္ကိုယ္သင္ဆန္းစစ္ျပီးအရင္ေျဖၾကည့္ပါအံုး။

၁။ သူမကိုတကယ္ခ်စ္ရဲ႔လား။

သင္ သူမရဲ႔တင္ပါးအလွေတြကိုေၾကြခဲ့တယ္။ သူမရဲ႔ရင္သားေတြကို ပြတ္သီးပြတ္သပ္လုပ္ရတာကို သင္ႏွစ္သက္တယ္။ သင္ သူမစကားေျပာပံု သင့္ကိုခ်ြဲပံုေလးကို သင္ႏွစ္သက္မယ္။ ဒါေပမယ့္ ထပ္ေမးၾကည့္ပါအံုး။ ဘယ္အေျခအေနမ်ိဳးေရာက္ေရာက္ သူမရဲ႔ျဖစ္တည္ျခင္းကို သင္တကယ္ခ်စ္တာလား။

၂။ သူမနဲ႔အတူအိပ္ျပီးတဲ့အခါမွာေရာ သင္သိပ္ေၾကြပါတယ္ဆိုတဲ့ သူမရဲ႔ျဖစ္တည္မႈေတြကို ခ်စ္ႏိုင္ေသးလား။ သူမရဲ႔အျပံဳးေတြကေရာ သင့္ကိုအရင္လိုဆြဲေဆာင္ႏိုင္အံုးမွာလား။

၃။ သူမကိုယ္၀န္ရွိလာမယ္ဆိုရင္ေရာ

သူမဟာ ေလာကဓံကိုတစ္ေယာက္တည္းရင္ဆိုင္ရမွာလား။ သင္ကသူမေဘးမွာ မားမားမတ္မတ္ရပ္တည္ေပးမွာလား။

"ဒါဟာ ကိုယ္တို႔ႏွစ္ေယာက္စလံုးအတူက်ဴးလြန္ခဲ့တဲ့ အမွားတစ္ခုျဖစ္သလို ကိုယ္တို႔ႏွစ္ေယာက္စလံုးရဲ႔ကေလးျဖစ္တယ္" ဆိုျပီး Yes ဆိုတဲ့စကားတစ္ခြန္းတည္းနဲ႔ ေယာက်ာ္းပီသစြာတာ၀န္ယူမွာလား။ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေပးျပီးေရွာင္ထြက္သြားမွာလား။

၄။ သူမက သင့္ကို ကိုယ္၀န္ရွိေနျပီလို႔ ဖုန္းဆက္အေၾကာင္းၾကားခ်ိန္ မညွာမတာသူမကို ကိုယ္၀န္ဖ်က္ခ်ခိုင္းဖို႔စြန္႔စားခိုင္းမွာလား။

ဒီကေလးကိုသတၱိရွိရွိဆက္ေမြးဖို႔ ခြန္အားေပးမွာလား။

၅။ သိပ္အေရးၾကီးတာတစ္ခုက သူမ သင္ႏွင့္သက္ဆိုင္တဲ့ ကေလးတစ္ေယာက္ကိုစတင္ေမြးဖြားလိုက္တဲ့အခ်ိန္မွာ အဲ့ကေလးကိုသင္ေသခ်ာဂရုစိုက္ႏိုင္မွာလား။ သူနဲ႔ပတ္သက္တဲ့ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာအျပင္ လိုအပ္တဲ့ေငြေၾကးအ၀၀ကို သင္ပံ့ပိုးျဖည့္ဆည္းေပးႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနျပီလား။

၆။ သူမဟာ သင့္အတြက္ လက္ထပ္ရေလာက္တဲ့ထိ အေရးပါတဲ့သူလား။

ညအတူအိပ္ရံုေလာက္ သေဘာထားတဲ့သူလား။

(ေတြးၾကည့္ပါ အဲမိန္္းကေလးေနရာမွာ သင့္အစ္မ(သို႔) ညီမသာဆိုရင္)

သူမႏွင့္အတူ ညေရးညတာကုန္ဆံုးဖို႔ သင္ႏွစ္သက္သလိုမ်ိဳး သင့္ဇနီးျဖစ္လာဖို႔ကို ဘာလို႔မျဖစ္ႏိုင္ရတာလဲ။

၇။ သူမကိုဇနီးတစ္ေယာက္အျဖစ္ ျမတ္ျမတ္ႏိုးႏိုးလက္ထပ္ျပီး ဘ၀တစ္ခုကုန္ဆံုးဖို႔ ဘာလို႔ေႏွာင့္ေႏွးေနတာလဲ။

သင္ သူမနဲ႔အတူအိပ္ျပီး သူမကိုထားခဲ့ျပီး ထြက္ခြာသြားမယ္ဆိုရင္ ေတြးၾကည့္ပါ။ သူမရဲ႔၀မ္းနည္းမႈ၊ နာက်င္မႈ တစ္ခုခ်င္းစီ သူမဘက္ကခံစားျပီးေတြးၾကည့္ေပးပါ။ တကယ္လိုမ်ား သင့္ကေလးတစ္ေယာက္ေယာက္ အဲ့လိုလုပ္ခံခဲ႔ရမယ္ဆိုရင္ေရာ သင္ဘယ္လိုလုပ္မွာလဲ။

ဒီေန႔ သင္သိပ္ျဖစ္ခ်င္တဲ့ဆႏၵတစ္ခုကို အေတာင့္ခံ၊ မမ်ိဳသိပ္ႏိုင္လို႔ လုပ္မိတယ္ပဲထား၊ မနက္ျဖန္အတြက္ပါ ၾကိဳေတြးထားေပးပါ။

Don't forget GOD is watching all of us!

ဘုရားကအားလံုးကို ေစာင့္ၾကည့္ေနတယ္ဆိုတာကို မေမ့ပါနဲ႔။

သင္ဖတ္ျပီး၊ ဖတ္မိလို႔ message တစ္ခုခုရခဲဲ့ရင္ သင့္သူငယ္ခ်င္း၊ သင့္ခ်စ္သူသိေစဖို႔ ဆက္လက္လက္ဆင့္ကမ္းမွ်ေ၀ေပးပါ။

Credit : Min Zaw Oo
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်သူမနှင့်အတူမအိပ်ခင် ဒီစာလေးအရင်ဖတ်ကြည့်ပါ

သင်သူမနဲ့ အတူအိပ်ဖို့မတွေးခင်

ခုချိန်မှာ သူမဟာသင့်ရဲ့အိပ်ရာထက်ဝယ်။ နောက်ဆုံးတော့ သူမကိုသင်ပိုင်ဆိုင်ခွင့်ရပြီပေါ့။ သင်သူမရဲ့ အဝတ်အစားတွေကိုကူညီပြီး ချွတ်ပေးတယ်။ သင့်ကိုယ်ပေါ်က အဝတ်အစားတွေကိုလည်း သင်ဆွဲချွတ်လိုက်တယ်။ သင်သူမရဲ့ကောက်ကြောင်းအလှကို ခံစားတယ်။ သင်လိင်ဆက်ဆံဖို့စတင်ပြင်ဆင်နေပြီ။ ဒါပေမယ့် ခဏလေးသင်လိင်ဆက်ဆံဖို့မကြိုးစားခင်ပဲ ကျေးဇူးပြုပြီးအောက်ပါမေးခွန်းအချို့ကို သင့်ကိုယ်သင်ဆန်းစစ်ပြီးအရင်ဖြေကြည့်ပါအုံး။

၁။ သူမကိုတကယ်ချစ်ရဲ့လား။

သင် သူမရဲ့တင်ပါးအလှတွေကိုကြွေခဲ့တယ်။ သူမရဲ့ရင်သားတွေကို ပွတ်သီးပွတ်သပ်လုပ်ရတာကို သင်နှစ်သက်တယ်။ သင် သူမစကားပြောပုံ သင့်ကိုချွဲပုံလေးကို သင်နှစ်သက်မယ်။ ဒါပေမယ့် ထပ်မေးကြည့်ပါအုံး။ ဘယ်အခြေအနေမျိုးရောက်ရောက် သူမရဲ့ဖြစ်တည်ခြင်းကို သင်တကယ်ချစ်တာလား။

၂။ သူမနဲ့အတူအိပ်ပြီးတဲ့အခါမှာရော သင်သိပ်ကြွေပါတယ်ဆိုတဲ့ သူမရဲ့ဖြစ်တည်မှုတွေကို ချစ်နိုင်သေးလား။ သူမရဲ့အပြုံးတွေကရော သင့်ကိုအရင်လိုဆွဲဆောင်နိုင်အုံးမှာလား။

၃။ သူမကိုယ်ဝန်ရှိလာမယ်ဆိုရင်ရော

သူမဟာ လောကဓံကိုတစ်ယောက်တည်းရင်ဆိုင်ရမှာလား။ သင်ကသူမဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးမှာလား။

"ဒါဟာ ကိုယ်တို့နှစ်ယောက်စလုံးအတူကျူးလွန်ခဲ့တဲ့ အမှားတစ်ခုဖြစ်သလို ကိုယ်တို့နှစ်ယောက်စလုံးရဲ့ကလေးဖြစ်တယ်" ဆိုပြီး Yes ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ ယောကျာ်းပီသစွာတာဝန်ယူမှာလား။ အကြောင်းပြချက်အမျိုးမျိုးပေးပြီးရှောင်ထွက်သွားမှာလား။

၄။ သူမက သင့်ကို ကိုယ်ဝန်ရှိနေပြီလို့ ဖုန်းဆက်အကြောင်းကြားချိန် မညှာမတာသူမကို ကိုယ်ဝန်ဖျက်ချခိုင်းဖို့စွန့်စားခိုင်းမှာလား။

ဒီကလေးကိုသတ္တိရှိရှိဆက်မွေးဖို့ ခွန်အားပေးမှာလား။

၅။ သိပ်အရေးကြီးတာတစ်ခုက သူမ သင်နှင့်သက်ဆိုင်တဲ့ ကလေးတစ်ယောက်ကိုစတင်မွေးဖွားလိုက်တဲ့အချိန်မှာ အဲ့ကလေးကိုသင်သေချာဂရုစိုက်နိုင်မှာလား။ သူနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအပြင် လိုအပ်တဲ့ငွေကြေးအ၀၀ကို သင်ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

၆။ သူမဟာ သင့်အတွက် လက်ထပ်ရလောက်တဲ့ထိ အရေးပါတဲ့သူလား။

ညအတူအိပ်ရုံလောက် သဘောထားတဲ့သူလား။

(တွေးကြည့်ပါ အဲမိန်းကလေးနေရာမှာ သင့်အစ်မ(သို့) ညီမသာဆိုရင်)

သူမနှင့်အတူ ညရေးညတာကုန်ဆုံးဖို့ သင်နှစ်သက်သလိုမျိုး သင့်ဇနီးဖြစ်လာဖို့ကို ဘာလို့မဖြစ်နိုင်ရတာလဲ။

၇။ သူမကိုဇနီးတစ်ယောက်အဖြစ် မြတ်မြတ်နိုးနိုးလက်ထပ်ပြီး ဘဝတစ်ခုကုန်ဆုံးဖို့ ဘာလို့နှောင့်နှေးနေတာလဲ။

သင် သူမနဲ့အတူအိပ်ပြီး သူမကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင် တွေးကြည့်ပါ။ သူမရဲ့ဝမ်းနည်းမှု၊ နာကျင်မှု တစ်ခုချင်းစီ သူမဘက်ကခံစားပြီးတွေးကြည့်ပေးပါ။ တကယ်လိုများ သင့်ကလေးတစ်ယောက်ယောက် အဲ့လိုလုပ်ခံခဲ့ရမယ်ဆိုရင်ရော သင်ဘယ်လိုလုပ်မှာလဲ။

ဒီနေ့ သင်သိပ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို အတောင့်ခံ၊ မမျိုသိပ်နိုင်လို့ လုပ်မိတယ်ပဲထား၊ မနက်ဖြန်အတွက်ပါ ကြိုတွေးထားပေးပါ။

Don't forget GOD is watching all of us!

ဘုရားကအားလုံးကို စောင့်ကြည့်နေတယ်ဆိုတာကို မမေ့ပါနဲ့။

သင်ဖတ်ပြီး၊ ဖတ်မိလို့ message တစ်ခုခုရခဲ့ရင် သင့်သူငယ်ချင်း၊ သင့်ချစ်သူသိစေဖို့ ဆက်လက်လက်ဆင့်ကမ်းမျှဝေပေးပါ။

Credit : Min Zaw Oo

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top