iMyanmarHouse.com - Best Property Website for Myanmar
×









Credit : Mystyle

တချို့အလုပ်တွေကျတော့ Freestyle လေးတွေဝတ်ရတာလည်းရှိသလို၊ မိန်းကလေးဆန်ဆန် စကပ်လေးတွေနဲ့ လှပကျော့ရှင်းနေအောင် ဝတ်ရတာတွေလည်း ရှိပါတယ်။ ဒီလိုဝိတ်ရတဲ့ပျိုမေတို့အတွက် လုပ်ငန်းခွင်မှာ မိန်းကလေးဆန်ဆန်နဲ့ လှပနေစေမယ့်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းခွင်ဝင်နေတဲ့ပျိုမေတွေတင်မကပဲ တခြားမိန်းကလေးတွေလည်း ဝတ်ဆင်နိုင်တဲ့ဖက်ရှင်လေးတွေပါ။

လှပတဲ့စကပ်လေးတွေကို အရောင်နုနုလေးတွေရွေးချယ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျီလေးတွေနဲ့တွဲဖက်ဝတ်ဆင်ပြီး ဒေါက်ဖိနပ်လှလှလေးသာစီးလိုက်မယ်ဆိုရင်တော့ အရမ်းကိုလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သွားမှာပါ။

ကိုရီးယားမလေးတွေဝတ်သလို စကပ်လေးတွေကိုလည်း လှပတဲ့အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလိုဖက်ရှင်လေးတွေဝတ်ပြီဆိုရင်တော့ ဒေါက်ဖိနပ်လေးစီးပေးဖို့ မမေ့နဲ့နော်။

လှပတဲ့အစိမ်းရောင်စကပ်လေးတွေကိုလည်း အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်လို့ရပါတယ်။

ဘယ်လိုအရောင်တွေတွဲဝတ်ရမလဲဆိုတာကို စဉ်းစားရခက်နေရင်တော့ ပန်းရောင်နဲ့ မိုးပြာရောင်လေးကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ မိန်းကလေးဆန်ဆန်နဲ့ သူများထက်ပိုလှပနေမှာ သေချာပါတယ်။

အရောင်နဲ့စကပ်လေးတွေကိုဝတ်တဲ့အခါမှာလည်း လှပပြီးချစ်စရာကောင်းတဲ့ ရှပ်အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး ဒေါက်ဖိနပ်လေးသာစီးလိုက်ပါ။

ကြက်သွေးရောင်စကပ်လေးတွေ၊ နီညိုရောင်စကပ်လေးတွေဝတ်တဲ့အခါမှာတော့ လှပတဲ့ဇာအင်္ကျီပန်းရောင်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် ဆွဲဆောင်မှုရှိနေစေမှာပါ။

အရောင်နဲ့စကပ်လေးတွေကို အင်္ကျီအဖြူလေးတွေနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့လှပနေစေမှာပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top