iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥကိုအလွအပေရးရာနဲ႔ဆိုင္တဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳလို႔ရေနတယ္ဆိုတာကိုေတာ့ လူတိုင္းသိထားၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္ ဘယ္လိုေနရာေတြမွာ ဘယ္လိုသံုးရမယ္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရတယ္ဆိုတာကိုေတာ့ ေသခ်ာသိတဲ့သူကနည္းပါတယ္ေနာ္။ အိမ္တိုင္းမွာအဆင္သင့္ရွိေနတဲ့ ၾကက္ဥကိုအသံုးျပဳၿပီး ပိုလွပလာေစမယ့္နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ဆံႏြယ္ေတြကိုသန္စြမ္းေစဖို႔အတြက္

ဆံသားေတြကိုသန္စြမ္းေစဖို႔အတြက္ လုိအပ္ေနတဲ့ပ႐ိုတင္းဓာတ္ကို ၾကက္ဥကေန အျပည့္အဝရရွိႏိုင္တာေၾကာင့္ ၾကက္ဥကအသံုးဝင္ေနၿပီေနာ္။ ၾကက္ဥအႏွစ္ ၂ လံုးကို သံလြင္ဆီစားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ေရာေမႊၿပီး ဆံသားေတြမွာ ႏွံစပ္ေအာင္လိမ္းထားေပးလိုက္ပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးသြားရင္ ေခါင္းကိုေသခ်ာေလွ်ာ္ေပးလိုက္မယ္ဆိုရင္ေတာ့ ပံုမွန္လုပ္ေပးလာရင္ ထူထူေလးနဲ႔လွပတဲ့ဆံသားေတြကို ရရွိပိုင္ဆိုင္လာမွာပဲျဖစ္ပါတယ္။

ပ်က္စီးေနတဲ့ဆံသားေတြအတြက္

ဆံပင္ေတြကို ေကာက္လိုက္၊ ေျဖာင့္လိုက္၊ ေဆးေတြဆိုးလိုက္နဲ႔ဆိုေတာ့ ဆံသားေတြကလည္းေတာ္ေတာ္ေလးကို ပ်က္စီးလာၿပီေပါ႔။ ဒီလိုမ်ိဳး ပ်က္စီးလာတဲ့ဆံသားေတြကို ျပန္လည္ေကာင္းမြန္လာေအာင္ ျပဳလုပ္ဖို႔အတြက္ဆိုရင္ ၾကက္ဥနဲ႔ေပါင္းတင္ေပးလိုက္လို႔ရပါတယ္။ ငွက္ေပ်ာသီးတစ္လံုး၊ ၾကက္ဥတစ္လံုးနဲ႔ ႏြားႏို႔စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ကို ေရာေမႊၿပီး သံလြင္ဆီေလးအနည္းငယ္ထည့္ေပးလိုက္ပါ။

ၿပီးရင္ေတာ့ ဆံသားေတြမွာေသခ်ာလိမ္းထားေပးၿပီး Shower Cap ေလးနဲ႔တစ္နာရီေလာက္ၾကာေအာင္ အုပ္ထားေပးၿပီး အခ်ိန္ျပည့္ၿပီဆိုရင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေသခ်ာေလွ်ာ္ေပးလိုက္ပါ။ တစ္ပတ္တစ္ခါေလာက္ ပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ လွပတဲ့ဆံသားေတြကိုပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

ဝက္ၿခံေတြကိုေလ်ာ့နည္းေစပါတယ္

မ်က္ႏွာအသားအေရေပၚမွာရွိေနတဲ့ ဝက္ၿခံေတြကိုလည္း ေလ်ာ့နည္းေစတာေၾကာင့္ နည္းလမ္းေကာင္းေလးေတြကို ေျပာျပေပးမယ္ေနာ္။ နည္းလမ္းေလးကေတာ့ အရမ္းကိုလြယ္ကူပါတယ္ေနာ္။ ၾကက္ဥအကာကိုမ်က္ႏွာေပၚမွာ ေသခ်ာသုတ္လိမ္းထားၿပီး ေျခာက္ေသြ႔ေအာင္ထားလိုက္ပါ။

ေျခာက္သြားၿပီဆိုရင္ေတာ့ ေရေႏြးေႏြးေလးထဲမွာစိမ္ထားတဲ့ အဝတ္ေလးနဲ႔မ်က္ႏွာကို ညင္သာစြာပြတ္ၿပီး သန္႔စင္ေပးလိုက္ပါ။ ဒီနည္းလမ္းေလးက တစ္ပတ္ကိုႏွစ္ႀကိမ္ပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံေတြကိုသိသိသာသာေလ်ာ့နည္းလာေစမွာပဲျဖစ္ပါတယ္။

ၾကက္ဥကိုသံုးၿပီးရရွိလာမယ့္ အလွအပနဲ႔ပတ္သက္တဲ့ အက်ိဳးေက်းဇူးေတြကို ေျပာျပၿပီးၿပီဆိုေတာ့ ပ်ိဳေမတို႔အေနနဲ႔ ေသခ်ာလိုက္လုပ္ေပးမယ္ဆိုရင္ေတာ့ လွပတဲ့အသားအေရမ်ိဳးကို ရရွိပိုင္ဆိုင္ၿပီး ေက်နပ္စရာေကာင္းေနေစမွာပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်ဥကိုအလှအပရေးရာနဲ့ဆိုင်တဲ့ နေရာတော်တော်များများမှာ အသုံးပြုလို့ရနေတယ်ဆိုတာကိုတော့ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်လိုနေရာတွေမှာ ဘယ်လိုသုံးရမယ် ဘယ်လိုအကျိုးကျေးဇူးတွေ ရတယ်ဆိုတာကိုတော့ သေချာသိတဲ့သူကနည်းပါတယ်နော်။ အိမ်တိုင်းမှာအဆင်သင့်ရှိနေတဲ့ ကြက်ဥကိုအသုံးပြုပြီး ပိုလှပလာစေမယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆံနွယ်တွေကိုသန်စွမ်းစေဖို့အတွက်

ဆံသားတွေကိုသန်စွမ်းစေဖို့အတွက် လိုအပ်နေတဲ့ပရိုတင်းဓာတ်ကို ကြက်ဥကနေ အပြည့်အဝရရှိနိုင်တာကြောင့် ကြက်ဥကအသုံးဝင်နေပြီနော်။ ကြက်ဥအနှစ် ၂ လုံးကို သံလွင်ဆီစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောမွှေပြီး ဆံသားတွေမှာ နှံစပ်အောင်လိမ်းထားပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးသွားရင် ခေါင်းကိုသေချာလျှော်ပေးလိုက်မယ်ဆိုရင်တော့ ပုံမှန်လုပ်ပေးလာရင် ထူထူလေးနဲ့လှပတဲ့ဆံသားတွေကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

ပျက်စီးနေတဲ့ဆံသားတွေအတွက်

ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးတွေဆိုးလိုက်နဲ့ဆိုတော့ ဆံသားတွေကလည်းတော်တော်လေးကို ပျက်စီးလာပြီပေါ့။ ဒီလိုမျိုး ပျက်စီးလာတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်ဖို့အတွက်ဆိုရင် ကြက်ဥနဲ့ပေါင်းတင်ပေးလိုက်လို့ရပါတယ်။ ငှက်ပျောသီးတစ်လုံး၊ ကြက်ဥတစ်လုံးနဲ့ နွားနို့စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး သံလွင်ဆီလေးအနည်းငယ်ထည့်ပေးလိုက်ပါ။

ပြီးရင်တော့ ဆံသားတွေမှာသေချာလိမ်းထားပေးပြီး Shower Cap လေးနဲ့တစ်နာရီလောက်ကြာအောင် အုပ်ထားပေးပြီး အချိန်ပြည့်ပြီဆိုရင် ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ လှပတဲ့ဆံသားတွေကိုပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

ဝက်ခြံတွေကိုလျော့နည်းစေပါတယ်

မျက်နှာအသားအရေပေါ်မှာရှိနေတဲ့ ဝက်ခြံတွေကိုလည်း လျော့နည်းစေတာကြောင့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။ နည်းလမ်းလေးကတော့ အရမ်းကိုလွယ်ကူပါတယ်နော်။ ကြက်ဥအကာကိုမျက်နှာပေါ်မှာ သေချာသုတ်လိမ်းထားပြီး ခြောက်သွေ့အောင်ထားလိုက်ပါ။

ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးလေးထဲမှာစိမ်ထားတဲ့ အဝတ်လေးနဲ့မျက်နှာကို ညင်သာစွာပွတ်ပြီး သန့်စင်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးက တစ်ပတ်ကိုနှစ်ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုသိသိသာသာလျော့နည်းလာစေမှာပဲဖြစ်ပါတယ်။

ကြက်ဥကိုသုံးပြီးရရှိလာမယ့် အလှအပနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပြီးပြီဆိုတော့ ပျိုမေတို့အနေနဲ့ သေချာလိုက်လုပ်ပေးမယ်ဆိုရင်တော့ လှပတဲ့အသားအရေမျိုးကို ရရှိပိုင်ဆိုင်ပြီး ကျေနပ်စရာကောင်းနေစေမှာပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top