iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးအမ်ားစုဟာ ရာသီလာခ်ိန္မွာ ကိုက္ခဲတတ္ပါတယ္။ တခ်ိဳ႔ဆိုရင္ ရာသီလာတိုင္းမွာ ခ်ဳပ္စာေတြမစားပဲနဲ႔ကို အလူးအလဲခံစားရၿပီး ကိုက္တာပါ။ ရာသီလာခ်ိန္မွာ ဒီလိုကိုက္ခဲေနတာေတြကို သက္သာေပ်ာက္ကင္းဖို႔လုပ္ေဆာင္ရမွာေတြနဲ႔ ဆင္ျခင္သင့္တဲ့အခ်က္ေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

စားသံုးသင့္တဲ့အစားအစာမ်ား

ရာသီလာခ်ိန္မွာကိုက္ခဲတတ္တဲ့သူေတြဟာ ေသြးအားေကာင္းေစတဲ့အားေဆးေတြ၊ သံဓာတ္အားျဖည့္ေဆးေတြကို တစ္ေန႔တစ္လံုး ပံုမွန္ေသာက္ေပးရပါမယ္။ ေသြးအားေကာင္းမွလည္း ရာသီေသြးကပံုမွန္ဆင္းေနမွာပါ။ အစိမ္းေရာင္ရွိတဲ့အသီးအရြက္ေတြကို မ်ားမ်ားစားေပးပါ။ ေန႔တိုင္းစားေပးႏိုင္ရင္ပိုေကာင္းပါတယ္။ အသီးအရြက္ပဲစားေပးရမယ္လို႔မဆိုလိုပါဘူးေနာ္။ အသားငါးေတြကိုလည္း အာဟာရျဖစ္ေအာင္စားေပးရပါတယ္။ အသီးအရြက္ကိုလည္း မျဖစ္မေနစားေပးရပါတယ္။ ရာသီလာေနတဲ့အခ်ိန္မ်ိဳးမွာဆိုရင္ ပိုၿပီးေတာင္စားေပးရပါတယ္။

ေရွာင္ၾကဥ္သင့္တဲ့အစားအစာမ်ား

ရာသီလာခ်ိန္နဲ႔ ရာသီလာခါနီးမွာ ကဖင္းဓာတ္ပါတာေတြကို ေရွာင္ၾကဥ္တာအေကာင္းဆံုးပါ။ ေကာ္ဖီ၊ အရက္၊ ဘီယာနဲ႔ အငံဓာတ္ပါတာေတြကိုလည္း ေရွာင္ေပးပါ။ ခ်ဳပ္စာေတြကိုလည္း ေရွာင္ၾကဥ္ေပးရပါမယ္။ ဥပမာ – လက္ဖက္လိုခ်ဳပ္စာေတြေပါ့။ ႏြားႏို႔၊ ခ်ိစ္၊ ခရင္မ္စတာေတြကိုလည္း ေရွာင္ေပးပါ။ ဒါေတြကေတာ့ အဓိကေရွာင္ေပးရမွာေလးေတြပါ။

နာက်င္ကိုက္ခဲတာေတြသက္သာေစဖို႔

ရာသီလာခ်ိန္မွာနာက်င္ကိုက္ခဲတာေတြကို သက္သာေစဖို႔ ဗိုက္ကိုေရေႏြးအိတ္ေလးကပ္ေပးပါ။ ပူေနမွ ရာသီေသြးကဆင္းတာပါ။ ကိုက္ခဲေနတာေတြကလည္း ပူေနရင္သက္သာေစပါတယ္။ ဒါေၾကာင့္ ဗိုက္နဲ႔ခါးကို ပရုပ္ဆီပူေနေအာင္လိမ္းၿပီး ေရေႏြးအိတ္ကပ္ေပးမယ္ဆိုလည္း အဆင္ေျပပါတယ္။ အဓိကကေတာ့ ရာသီလာေနခ်ိန္မွာ ေႏြးေႏြးေထြးေထြးေနေပးဖို႔ အရမ္းအေရးႀကီးပါတယ္။ ဂ်င္းျပဳတ္ရည္လည္း ေသာက္ေပးဖို႔လိုပါတယ္။ ရာသီလာခ်ိန္မွာ အရမ္းကိုက္ခဲေနရင္ ေရခ်ိဳးတဲ့အခါမွာ ေရေအးနဲ႔မခ်ိဳးပဲ ေရေႏြးေလးနဲ႔စိမ္ၿပီးခ်ိဳးေပးရင္ ကိုက္ခဲတာေတြ အနည္းငယ္သက္သာေစပါတယ္။ ဒီအခ်က္ေတြက သင့္ရဲ႕နာက်င္ကိုက္မႈေတြကို သက္သာေစမွာပါ။

သတိထားဆင္ျခင္ရမယ့္အရာမ်ားနဲ႔ တစ္ကိုယ္ေရသန္႔ရွင္းမႈ

ရာသီလာခ်ိန္မွာ Gym ေဆာ့မယ့္အစား ေယာဂလုပ္ေပးတာက ပိုေကာင္းပါတယ္။ ေရမ်ားမ်ားေသာက္ၿပီး အိပ္ေရး၀၀အိပ္ေပးဖို႔လည္း လိုပါတယ္။ အေရးအႀကီးဆံုးကေတာ့ မိန္းကေလးတစ္ေယာက္အေနနဲ႔ ရာသီလာေနတဲ့အခ်ိန္မွာ တစ္ကုိယ္ရည္သန္႔ရွင္းမႈကို အထူးဂရုစိုက္ေပးပါ။ ရာသီေသြးဆင္းတာနည္းနည္း၊ မ်ားမ်ား Pad တစ္ခုကို တစ္ေနကုန္မသံုးပါနဲ႔။ တစ္ခ်ိဳ႔က အဲ့ေလာက္မဆင္းဘူးဆိုၿပီး Pad ကိုမလဲပဲထားတတ္ပါတယ္။ ဒါမ်ိဳးလံုး၀မလုပ္သင့္ပါဘူးေနာ္။ ေလးနာရီျခားတစ္ခါလဲေပးရင္ေတာ့ အေကာင္းဆံုးပါ။ Pad ၀ယ္သံုးတဲ့အခါမွာလည္း ပိုက္ဆံကိုမႏွေျမာပါနဲ႔။ အရည္အေသြးေကာင္းတဲ့ Pad ကို၀ယ္သံုးပါ။ အရည္အေသြးမေကာင္းတဲ့ Pad ေတြကို၀ယ္သံုးမိရင္ ေနာက္ဆက္တဲြဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲတတ်ပါတယ်။ တချို့ဆိုရင် ရာသီလာတိုင်းမှာ ချုပ်စာတွေမစားပဲနဲ့ကို အလူးအလဲခံစားရပြီး ကိုက်တာပါ။ ရာသီလာချိန်မှာ ဒီလိုကိုက်ခဲနေတာတွေကို သက်သာပျောက်ကင်းဖို့လုပ်ဆောင်ရမှာတွေနဲ့ ဆင်ခြင်သင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

စားသုံးသင့်တဲ့အစားအစာများ

ရာသီလာချိန်မှာကိုက်ခဲတတ်တဲ့သူတွေဟာ သွေးအားကောင်းစေတဲ့အားဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေကို တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရပါမယ်။ သွေးအားကောင်းမှလည်း ရာသီသွေးကပုံမှန်ဆင်းနေမှာပါ။ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေကို များများစားပေးပါ။ နေ့တိုင်းစားပေးနိုင်ရင်ပိုကောင်းပါတယ်။ အသီးအရွက်ပဲစားပေးရမယ်လို့မဆိုလိုပါဘူးနော်။ အသားငါးတွေကိုလည်း အာဟာရဖြစ်အောင်စားပေးရပါတယ်။ အသီးအရွက်ကိုလည်း မဖြစ်မနေစားပေးရပါတယ်။ ရာသီလာနေတဲ့အချိန်မျိုးမှာဆိုရင် ပိုပြီးတောင်စားပေးရပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ

ရာသီလာချိန်နဲ့ ရာသီလာခါနီးမှာ ကဖင်းဓာတ်ပါတာတွေကို ရှောင်ကြဉ်တာအကောင်းဆုံးပါ။ ကော်ဖီ၊ အရက်၊ ဘီယာနဲ့ အငံဓာတ်ပါတာတွေကိုလည်း ရှောင်ပေးပါ။ ချုပ်စာတွေကိုလည်း ရှောင်ကြဉ်ပေးရပါမယ်။ ဥပမာ – လက်ဖက်လိုချုပ်စာတွေပေါ့။ နွားနို့၊ ချိစ်၊ ခရင်မ်စတာတွေကိုလည်း ရှောင်ပေးပါ။ ဒါတွေကတော့ အဓိကရှောင်ပေးရမှာလေးတွေပါ။

နာကျင်ကိုက်ခဲတာတွေသက်သာစေဖို့

ရာသီလာချိန်မှာနာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဗိုက်ကိုရေနွေးအိတ်လေးကပ်ပေးပါ။ ပူနေမှ ရာသီသွေးကဆင်းတာပါ။ ကိုက်ခဲနေတာတွေကလည်း ပူနေရင်သက်သာစေပါတယ်။ ဒါကြောင့် ဗိုက်နဲ့ခါးကို ပရုပ်ဆီပူနေအောင်လိမ်းပြီး ရေနွေးအိတ်ကပ်ပေးမယ်ဆိုလည်း အဆင်ပြေပါတယ်။ အဓိကကတော့ ရာသီလာနေချိန်မှာ နွေးနွေးထွေးထွေးနေပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဂျင်းပြုတ်ရည်လည်း သောက်ပေးဖို့လိုပါတယ်။ ရာသီလာချိန်မှာ အရမ်းကိုက်ခဲနေရင် ရေချိုးတဲ့အခါမှာ ရေအေးနဲ့မချိုးပဲ ရေနွေးလေးနဲ့စိမ်ပြီးချိုးပေးရင် ကိုက်ခဲတာတွေ အနည်းငယ်သက်သာစေပါတယ်။ ဒီအချက်တွေက သင့်ရဲ့နာကျင်ကိုက်မှုတွေကို သက်သာစေမှာပါ။

သတိထားဆင်ခြင်ရမယ့်အရာများနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု

ရာသီလာချိန်မှာ Gym ဆော့မယ့်အစား ယောဂလုပ်ပေးတာက ပိုကောင်းပါတယ်။ ရေများများသောက်ပြီး အိပ်ရေး၀၀အိပ်ပေးဖို့လည်း လိုပါတယ်။ အရေးအကြီးဆုံးကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ရာသီလာနေတဲ့အချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ပေးပါ။ ရာသီသွေးဆင်းတာနည်းနည်း၊ များများ Pad တစ်ခုကို တစ်နေကုန်မသုံးပါနဲ့။ တစ်ချို့က အဲ့လောက်မဆင်းဘူးဆိုပြီး Pad ကိုမလဲပဲထားတတ်ပါတယ်။ ဒါမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။ လေးနာရီခြားတစ်ခါလဲပေးရင်တော့ အကောင်းဆုံးပါ။ Pad ဝယ်သုံးတဲ့အခါမှာလည်း ပိုက်ဆံကိုမနှမြောပါနဲ့။ အရည်အသွေးကောင်းတဲ့ Pad ကိုဝယ်သုံးပါ။ အရည်အသွေးမကောင်းတဲ့ Pad တွေကိုဝယ်သုံးမိရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top