iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Nanmalgyi
အဆိုတော် အစ္စဏီကို လက်ရှိ စွဲချက်တင်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလို ဖြစ်တဲ့ မော်ဒယ် စူးရှထက် ကတော့ အနုပညာ အလုပ်တွေ ပြန်လည် လုပ်ဆောင်နေပါပြီ။ ရုံးချိန်းကိုတော့ သူမက မသွားဖြစ်ဘူးလို့ဆိုပါတယ်။ ဒီလို ဖြစ်ရပ်ကြီး ကြုံတွေ့ထားတာတောင် စူးရှထက်အနေနဲ့ ဘာလို့ တရားရင်ဆိုင်ဖို့ မသွားဖြစ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး စူးရှထက်က ဘယ်လို တုန့်ပြန်လဲဆိုတာ ကြည့်လိုက်ရအောင်နော် ပြောချင်လွန်းလို့ စာဖတ်သူတို့ရေ။
လက်ရှိ အနေအထားမှာဆိုရင်တော့ မိသားစုဝင်တွေက သူမရဲ့ လုံခြုံရေးတင်းကျပ်ထားသလို သွားလာတဲ့နေရာတိုင်းမှာ သူမအတွက် လုံခြုံရေးတွေ ပါပါတယ်။ အဆိုတော် အစ္စဏီ အမှု ရုံးချိန်း မသွားဖြစ်တဲ့အကြောင်းကို မော်ဒယ်စူးရှထက်က အခုလိုဖြေကြားပါတယ်။
” ရုံးချိန်းတွေမှာ အလုပ်ရှိလို့ မအားလို့မလာဖြစ်ဘူးရှင့် နောက်ရုံးချိန်းတွေမှာ လာဖြစ်မလား မလာဖြစ်လား ညီမမပြောတတ်သေးဘူး။ ညီမအလုပ်ရှိတဲ့အချိန်နဲ့ မအားတဲ့အချိန်နဲ့ တိုးလို့ရှိရင်တော့ ညီမမပြောတတ်သေးဘူးရှင့်။ “လို့ဆိုပါတယ်။ အခုလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး စူးရှထက်ကို အားလုံး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
သူမရဲ့ လက်ရှိကျန်းမာရေးအခြေအနေကတော့ -” နေထိုင်ရေးကအဆင်မပြေပါဘူး။ ကျန်းမာရေးက အကောင်းကြီးတော့မဟုတ်ပါဘူး။ စိတ်ထဲမှာ ထိခိုက်ဒဏ်ရာတော့ရှိတာပေါ့။” လို့ ဆိုပါတယ်။
အနုပညာလောကထဲ ပြန်ဝင်တဲ့အခါ အနုပညာသမားတွေက အရင်အတိုင်း မပြောင်းလဲဘဲ ဆက်ဆံပေးတယ်လို့ စူူးရှထက်ကပြောပြပါတယ်။ရှေ့ဆက်ရမယ့် အနုပညာခရီးအတွက် အကုန်အဆင်သင့်ဖြစ်နေကြောင်းလည်း မော်ဒယ် စူးရှထက်က ပြောကြားသွားပါတယ်။
Credit : Nanmalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top