iMyanmarHouse.com - Best Property Website for Myanmar
×
















Credit : Aung ZawLatt
ပို့သပေးပါတယ်။

မိန်းမတစ်ယောက်က အိမ်ထောင်ရှိယောင်္ကျားတစ်ယောက်ကိုကြိုက်တဲ့နေရာမှာ အချက်၂ချက်ပဲရှိတယ် လိင်ကိစ္စကြောင့်မဟုတ်ရင် ငွေကြောင့်ပဲ လိင်ကိစ္စမပါရင် အဲ့ဒီ့ယောင်္ကျားရုပ်ချောဖို့မလိုဘူး ခန္ဒာကိုယ်တောင့်တင်းဖို့မလိုဘူး ခြေပြတ်လက်ပြတ်ဖြစ်ဖြစ်နေပါစေ ငွေရှိဖို့ပဲလိုတယ်

စောက်မှင်အကပ်ဆုံးကဘာကိုလဲသိလား ကပ်လာတဲ့စနိုက်မကို ကိုယ့်ကိုခိုက်လို့လို့ထင်နေတဲ့ လဒူတွေကိုပဲ

တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ရုပ်ချောပြီးစော်ကြည်တယ်ဆိုတဲ့ကောင် စုတ်စုတ်ပြတ်ပြတ်နဲ့တစ်လလောက်နေခိုင်းကြည့်စမ်းပါ စနိုက်မတစ်ယောက်ကလာပြီး ထမင်းတစ်လုပ်ကြွေးတယ်ဆိုရင်ကျူပ်ပါးကိုလာရိုက် လောင်းရဲတယ်

အေး… ဝဲစားနေတဲ့ကောင်ကို အကောင်းစားကားနဲ့ စမတ်ကျကျဝတ်ဆင်ပြီး ချမ်းသာသလိုပေးနေကြည့်စမ်းပါ စပွန်ဆာရှာတဲ့စနိုက်မဆိုတာ ဘယ်အပေါက်နဲ့ခံရခံရ ပြေးကပ်ဖို့ဝန်လေးနေမှာမပါဘူး

ဒီမှာညီအကိုတို့ တကယ်တော့ ငါတို့ယောင်္ကျားတိုင်းအတွက် အလိုအပ်ဆုံးမိန်းမဆိုတာ ငါတို့ချီးတလှုလှုသေးတလှုလှုကိုမထိန်းနိုင်တော့တဲ့အရွှယ်မှာ အနားရှိနေပေးပြီး အေးအတူပူအမျှကြင်နာမယ့်သူမျိုးပါ စနိုက်မဆိုတာ ကိုယ့်ဘဝနေဝင်ချိန်မပြောနဲ့ ကိုယ့်ရဲ့စီးပွားရေးအခြေအနေယိုင်လာရင်တောင် ကြိုးနဲ့ချည်ထားလို့ရတဲ့ဟာမျိုးမဟုတ်ပါဘူး

ကျွန်တော်လေ တစ်ခါတစ်လေကြတော့လည်းစဉ်းစားမိတယ်

ရိုင်းရိုင်းပြောရရင် ကောင်းမွန်တဲ့ သားကြီးမယားကြီးတွေကိုပြစ်ပြီး စနိုက်မနဲ့စခန်းသွားနေတဲ့ကောင်တွေထက် ဖာတကာလိုက်ချနေတဲ့ကောင်တွေကမှ ကိုယ့်ကျင့်တရား(ကိုယ်ချင်းစာတရား)ကောင်းသေးတယ်

ဘာလို့လဲဆိုတော့ ကိစ္စပြီးရင်အိမ်ပြန်ဖို့သတိရကြတယ်လေ မဟုတ်ဘူးလား

လောကမှာ လူတစ်ယောက်အဖို့ ကိုယ်ချင်းစာတရားနဲ့ပြည့်ဝရမယ်ဆိုရင် ပထမဦးဆုံး ကိုယ်ချင်းစာတရားထားရမယ့်သူတွေက ကိုယ့်သား ကိုယ့်မယားပဲမဟုတ်လား

စိတ်မကောင်းဘူး ဒီနေ့မကွေးဘက်ကိုရောက်တော့ ကိုယ့်အသိထဲကလူတစ်ယောက်လေ နေပြည်တော်မှာ ကောင်းမွန်တဲ့ သမီးနှစ်ယောက်နဲ့မယားကြီးရှိနေပါလျက်နဲ့ အခြားမိန်းမတစ်ယောက်နဲ့တိတ်တိတ်ပုန်းပေါင်းသင်းနေတယ်

ပိုပြီး ကိုယ့်အနေနဲ့စိတ်မကောင်းဖြစ်မိတာက အဲဒီ့လူက ကိုယ့်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီး သူ့ကိုကိုယ်ကလေးစားနေမိတဲ့လူဖြစ်နေလို့ပါပဲ.. မကွေးကိုကျွန်တော်သွားတာကလည်း မနက်အစောကြီးကတည်းက သူ့မိန်းမကလိုက်ပို့ပေးဖို့အကူအညီတောင်းလို့ပါ။ ဘာကိစ္စဆိုတာ အဲဒီ့ရောက်မှသိရတာ ကျွန်တော်နဲ့ သိပ်ကိုရင်းနီးရတဲ့သူတွေပါ

အပြန်လမ်းမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့မိန်းမရဲ့အသံကို ကျွန်တော်မကြားချင်လည်းကြားနေရတယ်

အလိုလို သူ့အစား ကိုယ်ကဘာကိုဝမ်းနည်းနေမိမှန်းမသိတော့ဘူး ဒေါသလည်းဖြစ်နေမိတယ်

အခုပြန်မှာ တစ်လမ်းလုံးစဉ်းစားနေမိတာကယောင်္ကျာတစ်ယောက်ဟာ စီးပွားရေးအရအရမ်းကိုအောင်မြင်လာပြီဆိုရင်သတိထားပြီးရှောင်ရမယ့်အရေးကြီးဆုံးအရာက ကြောင်တောင်နိုက်တတ်တဲ့မိန်းမမျိုးတွေကိုပါပဲ

ဘာလိုလဲဆိုတော့ကိုယ့်ဘဝတင်မကဘူး ကိုယ့်မိသားစုတစ်ခုလုံးရဲ့ဘဝတွေကိုပါ သူတို့ ဖျက်စီးတတ်ကြတယ်လေ

Credit : Aung ZawLatt

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top