iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္အကယ္ဒမီ မယ္လုိဒီတစ္ေယာက္ သူ႔ရဲ႕ အိမ္တြင္းေရး အေျခအေနနဲ႔ ပတ္သက္တဲ့ ရင္ထဲက ခံစားခ်က္ေလးေတြကုိ ေရးသား ထားတာေတြ႕ရပါတယ္။ ေမတၱာတရားနဲ႔ေအာင္ႏုိင္မလားဆုိတာကုိ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမယ့္ မရရင္ေတာ့ ဥပကၡာျပဳထားလုိက္တာ ပုိေကာင္းတယ္ဆုိၿပီးေတာ့ ေျပာျပထားပါေသးတယ္။

”လြတ္ေျမာက္ဖို႔ ႀကိဳးစားရခက္တာေတာ့ အိမ္တြင္းေရးပဲ။ ဘဝအတြက္ အင္အားေပးတာလဲ အိမ္တြင္းကဘဲ။ ဘဝကိုေသေအာင္ နည္းမ်ိဳးစုံ နဲ႔သတ္တာလည္း အိမ္တြင္းကပဲ။ အျပင္လူသတ္ရင္ မေသဘူး။

အိမ္တြင္းက လူေတြသတ္ရင္ စိတ္ေရာ လူေရာ ေသႏိုင္တယ္။ ဒါေပမယ့္ ေမတၱာတရားနဲ႔ေအာင္ႏိုင္မလား ႀကိဳးစားတယ္ အႀကိမ္ႀကိမ္မရရင္ေတာ့ ဥပကၡာ ထားလိုက္တာ ပိုေကာင္းတယ္” ဆုိၿပီးေတာ့ ေမလ ၃၀ ရက္ေန႔႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကုိ ေတြ႔ရပါတယ္။

မယ္လုိဒီဟာ ဒီလုိအေၾကာင္းအရာေလးေတြကုိ အေျခခံၿပီး မုိင္းဖုန္းဆရာေတာ္ႀကီးေဟာၾကားခဲ့တဲ့ တရားေတာ္နဲ႔အညီ ကုိယ့္ေနာက္ပါမယ့္ အရာေလးေတြလုပ္မွာ လူျဖစ္ရတာတန္မွာလုိ႔လည္း ေျပာထားပါတယ္။

”မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးေဟာၾကားသလိုဘဲ အခ်စ္ႀကီးရင္ ဒုကၡႀကီးတယ္၊ အခ်စ္နည္းရင္ ဒုကၡနည္းမယ္၊ အခ်စ္မရွိရင္ ဒုကၡမရွိဘူး။ အခ်စ္မရွိေတာ့ေပမယ့္ဂ႐ုဏာရွိရင္ လုံေလာက္ပါၿပီ။

ကိုယ့္ေနာက္ပါတာေလး ကိုယ့္အတြက္လုပ္ရမွလူျဖစ္တာတန္မွာ တရားနာ၊ တရားနဲ႔ ေျဖ၊ တရားထိုင္ (၇)ရက္သားသမီး အားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ ေကာင္းက်ိဳး လိုရာဆႏၵ ျပည့္စုံ ၾကပါေစရွင္” ဆုိ ၿပီးေတာ့ ထပ္မံေရးသားထားပါေသးတယ္။

မယ္လုိဒီဟာ ဘာသာေရး ကုိင္းရႈိင္းသူတစ္ဦးျဖစ္ပါတယ္။ သူ႔အေနနဲ႔ သားျဖစ္သူ သိဒၶိစစ္ ေလး ကုိေတာင္ အရြယ္ေရာက္လာရင္ သာသနာ့ေဘာင္ထဲကုိ ဝင္ေစခ်င္တဲ့ မိခင္တစ္ဦးလည္းျဖစ္ပါတယ္။

သားေလးကုိ သာသနာ့ေဘာင္ထဲမွာ ေနေစခ်င္ခဲ့တဲ့ သူ႔ရဲ႕ ဆႏၵကလည္း သားေလးကုိ ေအးခ်မ္းတဲ့ တရားဘာဝနာပြားမ်ားရင္း ပရိသတ္ ေတြကုိလည္း တရားေတြ ျပန္လည္မွ်ေဝမယ္၊ အဲ့ဒီအတြက္ သားလည္း ေအးခ်မ္းသလုိ တရားဘာဝနာကုိ နားေထာင္သူေတြ ကလည္း ေအးခ်မ္းမယ္ဆုိၿပီးေတာ့ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

မယ္လုိဒီရဲ႕ တစ္ဦးတည္းေသာ သားေလး သိဒၶိစစ္ ကေတာ့ အခုဆုိရင္ အသက္ ၃ ႏွစ္အရြယ္ေရာက္ေနပါၿပီ၊ ငယ္ငယ္ရြယ္ရြယ္ကတည္းက ဘာသာေရးကုိင္းရႈိင္းတတ္တဲ့ အက်င့္ရွိတဲ့ ကေလးတစ္ေယာက္ျဖစ္တယ္လုိ႔လည္း သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီတစ်ယောက် သူ့ရဲ့ အိမ်တွင်းရေး အခြေအနေနဲ့ ပတ်သက်တဲ့ ရင်ထဲက ခံစားချက်လေးတွေကို ရေးသား ထားတာတွေ့ရပါတယ်။ မေတ္တာတရားနဲ့အောင်နိုင်မလားဆိုတာကို အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မရရင်တော့ ဥပက္ခာပြုထားလိုက်တာ ပိုကောင်းတယ်ဆိုပြီးတော့ ပြောပြထားပါသေးတယ်။

”လွတ်မြောက်ဖို့ ကြိုးစားရခက်တာတော့ အိမ်တွင်းရေးပဲ။ ဘဝအတွက် အင်အားပေးတာလဲ အိမ်တွင်းကဘဲ။ ဘဝကိုသေအောင် နည်းမျိုးစုံ နဲ့သတ်တာလည်း အိမ်တွင်းကပဲ။ အပြင်လူသတ်ရင် မသေဘူး။

အိမ်တွင်းက လူတွေသတ်ရင် စိတ်ရော လူရော သေနိုင်တယ်။ ဒါပေမယ့် မေတ္တာတရားနဲ့အောင်နိုင်မလား ကြိုးစားတယ် အကြိမ်ကြိမ်မရရင်တော့ ဥပက္ခာ ထားလိုက်တာ ပိုကောင်းတယ်” ဆိုပြီးတော့ မေလ ၃၀ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

မယ်လိုဒီဟာ ဒီလိုအကြောင်းအရာလေးတွေကို အခြေခံပြီး မိုင်းဖုန်းဆရာတော်ကြီးဟောကြားခဲ့တဲ့ တရားတော်နဲ့အညီ ကိုယ့်နောက်ပါမယ့် အရာလေးတွေလုပ်မှာ လူဖြစ်ရတာတန်မှာလို့လည်း ပြောထားပါတယ်။

”မိုင်းဖုန်းဆရာတော်ဘုရားကြီးဟောကြားသလိုဘဲ အချစ်ကြီးရင် ဒုက္ခကြီးတယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင် ဒုက္ခမရှိဘူး။ အချစ်မရှိတော့ပေမယ့်ဂရုဏာရှိရင် လုံလောက်ပါပြီ။

ကိုယ့်နောက်ပါတာလေး ကိုယ့်အတွက်လုပ်ရမှလူဖြစ်တာတန်မှာ တရားနာ၊ တရားနဲ့ ဖြေ၊ တရားထိုင် (၇)ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်” ဆို ပြီးတော့ ထပ်မံရေးသားထားပါသေးတယ်။

မယ်လိုဒီဟာ ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ သားဖြစ်သူ သိဒ္ဓိစစ် လေး ကိုတောင် အရွယ်ရောက်လာရင် သာသနာ့ဘောင်ထဲကို ဝင်စေချင်တဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။

သားလေးကို သာသနာ့ဘောင်ထဲမှာ နေစေချင်ခဲ့တဲ့ သူ့ရဲ့ ဆန္ဒကလည်း သားလေးကို အေးချမ်းတဲ့ တရားဘာဝနာပွားများရင်း ပရိသတ် တွေကိုလည်း တရားတွေ ပြန်လည်မျှဝေမယ်၊ အဲ့ဒီအတွက် သားလည်း အေးချမ်းသလို တရားဘာဝနာကို နားထောင်သူတွေ ကလည်း အေးချမ်းမယ်ဆိုပြီးတော့  အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

မယ်လိုဒီရဲ့ တစ်ဦးတည်းသော သားလေး သိဒ္ဓိစစ် ကတော့ အခုဆိုရင် အသက် ၃ နှစ်အရွယ်ရောက်နေပါပြီ၊ ငယ်ငယ်ရွယ်ရွယ်ကတည်းက ဘာသာရေးကိုင်းရှိုင်းတတ်တဲ့ အကျင့်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top