iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ ငါးထပ္ကြမ္းအကယ္ဒမီဆုရွင္ မို႕မို႕ျမင့္ေအာင္ကို၁၉၈၀ ခုႏွစ္ ၊ေမလ (၂၅ )ရက္ေန႕မွာ ေမြးဖြားခဲ့ပါတယ္။ နာမည္ေက်ာ္မင္းသားၾကီး ဦးျမင့္ေအာင္ နဲ႕ ေဒၚသန္းရင္ တို႕ရဲ႕ သမီးျဖစ္ျပီး ေမြးခ်င္း ငါးေယာက္မွာ အငယ္ဆံုးလည္းျဖစ္ပါတယ္။

နာမည္ၾကီးအဆိုေတာ္လႊမ္းမိုး နဲ႕ ၁၉၈၀ ခုႏွစ္မွာ လက္ထပ္ခဲ့ျပီး ၃ ႏွစ္အၾကာမွာ ကြာရွင္းခဲ့ပါတယ္။ ၁၉၈၇ ခုႏွစ္ သူမေအာင္ျမင္မႈ အထြပ္အထိပ္ေရာက္ခ်ိန္မွာသူေ႒းဦးေမာင္ေမာင္ေက်ာ္နဲ႕လက္ထပ္ေပါင္းသင္းခဲ့ပါတယ္။ ကံဆိုးစြာနဲ႕ပဲ ၁၉၉၀ ခုႏွစ္မွာ ကားမေတာ္တဆ မႈတစ္ခုေၾကာင့္ ခင္ပြန္းျဖစ္သူ ခႏၶာကိုယ္ေအာက္ပိုင္းေသခဲ့ပါတယ္။

ျမန္မာ့ရုပ္ရွင္သမိုင္းမ်ားအနက္ အေအာင္ျမင္ဆံုးနဲ႕ အထူးခၽြန္ဆံုး အမ်ိဳးသမီးစူပါစတားမ်ား အနက္တစ္ဦး အပါအဝင္ျဖစ္တဲ့ မို႕မို႕ျမင့္ေအာင္က ဒီဘက္ေခတ္ အခ်စ္ေရးကို ဘယ္လိုေဝဖန္ထားလဲဆိုေတာ့-

“ မို႕မို႕တို႕အခ်ိန္အခါတုန္းက living together ေတာ့မရွိဘူး။ အဲ့ဒါေတြလည္း လက္မခံဘူးေပါ့ေနာ္။ ခ်စ္တာေတာ့ခ်စ္ၾကပါ။ ဒါေပမဲ့ျမန္မာဆိုတဲ့စိတ္ကေလးေတာ့ထားေစခ်င္ပါတယ္။ကိုယ္တကယ္အိမ္ေထာင္ျပဳသြားျပီဆိုရင္ကိုယ့္ခ်စ္သူကကိုယ့္ကိုတန္ဖိုးထားျပီးခ်စ္ေနတဲ့ အခ်စ္တစ္ခုက ဘာနဲ႕မွလဲလို႕မရဘူး။ ကိုယ့္ခ်စ္သူကကိုယ့္ကို အထင္ေသးမႈေတြမျဖစ္ေစခ်င္ပါဘူး။ ခ်စ္သူဘဝမွာ သတိေလးေတြ ဆင္ျခင္မႈေလးေတြရွိရင္ အိမ္ေထာင္ေရးကပိုျပီးသာယာပါတယ္။” လို႕ဆိုပါတယ္။

ဘဝတစ္ခုျပန္ထူေထာင္တဲ့ အခါ တန္ဖိုးရွိတဲ့ အိမ္ေထာင္ရွင္မျဖစ္ေအာင္ ေနထိုင္ခဲ့ပံုကိုလည္း အခုလိုျပန္ေျပာင္းေျပာျပပါတယ္။

“ အခုဟာက ခ်စ္လို႕လြယ္တယ္။ living together ေနလို႕လြယ္ၾကတဲ့ အခါက်ေတာ့ တကယ္အိမ္ေထာင္ျပဳတဲ့ အခါ သူ႕မယံု ကိုယ့္မယံုေတြျဖစ္ၾက ေတာ့အိမ္ေထာင္ေရး ျပိဳကြဲမႈေတြျဖစ္ၾကတာေပါ့ေနာ္။ မို ့မို ့တို႕အခ်ိန္ကာလတုန္းက မို႕မို႕ ဘဝ ကို ျပန္ထူေထာင္တဲ့ အခါမွာ ငါသည္ အိမ္ေထာင္မျပဳဘဲမေနဘူး။

ငါအိမ္ေထာင္ျပဳမယ့္သူ လက္ထပ္မယ့္သူအထင္ၾကီးေအာင္ ေလးစားေအာင္ ေနထိုင္ျပမယ္ဆိုျပီး ေနထုိင္ျပပါတယ္။ ဘယ္သူနဲ႕မွ အေနအထိုင္ပက္စက္စြာ နာမည္ပ်က္ သတင္းမရွိခဲ့ပါဘူး။ တကယ္လည္း မို႕မို႕အမ်ိဳးသားအတြက္ ၊ အိမ္ေထာင္အတြက္တန္ဖိုးရွိတဲ့မိန္းမတစ္ေယာက္ျဖစ္ေအာင္ ျပန္ၾကိဳးစားျပီး ေနခဲ့ျပပါတယ္။

မို႕မို႕ကရုပ္ရွင္မင္းသမီးတစ္ေယာက္ပါ။ ဒါေပမဲ့ အိမ္ေထာင္ရွင္ဘက္မွာလည္းမို႕မို႕အကယ္ဒမီရေအာင္ၾကိဳးစားပါတယ္။” လို႕ဆိုပါတယ္။

ေျပာခ်င္လြန္းလို႕ ပရိသတ္ၾကီးကေရာ အခ်စ္ေရးနဲ႕ပတ္သက္တဲ့ မမို႕ရဲ႕အၾကံေပးခ်က္ေလးေတြကို အျပည့္အဝေထာက္ခံပါသလား။

Credit : mmfeed
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာ့ရုပ်ရှင်လောကရဲ့ ငါးထပ်ကွမ်းအကယ်ဒမီဆုရှင် မို့မို့မြင့်အောင်ကို၁၉၈၀ ခုနှစ် ၊မေလ (၂၅ )ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ကျော်မင်းသားကြီး ဦးမြင့်အောင် နဲ့ ဒေါ်သန်းရင် တို့ရဲ့ သမီးဖြစ်ပြီး မွေးချင်း ငါးယောက်မှာ အငယ်ဆုံးလည်းဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော်လွှမ်းမိုး နဲ့ ၁၉၈၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၃ နှစ်အကြာမှာ ကွာရှင်းခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် သူမအောင်မြင်မှု အထွပ်အထိပ်ရောက်ချိန်မှာသူဋ္ဌေးဦးမောင်မောင်ကျော်နဲ့လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ၁၉၉၀ ခုနှစ်မှာ ကားမတော်တဆ မှုတစ်ခုကြောင့် ခင်ပွန်းဖြစ်သူ ခန္ဓာကိုယ်အောက်ပိုင်းသေခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းများအနက် အအောင်မြင်ဆုံးနဲ့ အထူးချွန်ဆုံး အမျိုးသမီးစူပါစတားများ အနက်တစ်ဦး အပါအဝင်ဖြစ်တဲ့ မို့မို့မြင့်အောင်က ဒီဘက်ခေတ် အချစ်ရေးကို ဘယ်လိုဝေဖန်ထားလဲဆိုတော့-

“ မို့မို့တို့အချိန်အခါတုန်းက living together တော့မရှိဘူး။ အဲ့ဒါတွေလည်း လက်မခံဘူးပေါ့နော်။ ချစ်တာတော့ချစ်ကြပါ။ ဒါပေမဲ့မြန်မာဆိုတဲ့စိတ်ကလေးတော့ထားစေချင်ပါတယ်။ကိုယ်တကယ်အိမ်ထောင်ပြုသွားပြီဆိုရင်ကိုယ့်ချစ်သူကကိုယ့်ကိုတန်ဖိုးထားပြီးချစ်နေတဲ့ အချစ်တစ်ခုက ဘာနဲ့မှလဲလို့မရဘူး။ ကိုယ့်ချစ်သူကကိုယ့်ကို အထင်သေးမှုတွေမဖြစ်စေချင်ပါဘူး။ ချစ်သူဘဝမှာ သတိလေးတွေ ဆင်ခြင်မှုလေးတွေရှိရင် အိမ်ထောင်ရေးကပိုပြီးသာယာပါတယ်။” လို့ဆိုပါတယ်။

ဘဝတစ်ခုပြန်ထူထောင်တဲ့ အခါ တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်မဖြစ်အောင် နေထိုင်ခဲ့ပုံကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

“ အခုဟာက ချစ်လို့လွယ်တယ်။ living together နေလို့လွယ်ကြတဲ့ အခါကျတော့ တကယ်အိမ်ထောင်ပြုတဲ့ အခါ သူ့မယုံ ကိုယ့်မယုံတွေဖြစ်ကြ တော့အိမ်ထောင်ရေး ပြိုကွဲမှုတွေဖြစ်ကြတာပေါ့နော်။ မို့မို့တို့အချိန်ကာလတုန်းက မို့မို့ ဘဝ ကို ပြန်ထူထောင်တဲ့ အခါမှာ ငါသည် အိမ်ထောင်မပြုဘဲမနေဘူး။

ငါအိမ်ထောင်ပြုမယ့်သူ လက်ထပ်မယ့်သူအထင်ကြီးအောင် လေးစားအောင် နေထိုင်ပြမယ်ဆိုပြီး နေထိုင်ပြပါတယ်။ ဘယ်သူနဲ့မှ အနေအထိုင်ပက်စက်စွာ နာမည်ပျက် သတင်းမရှိခဲ့ပါဘူး။ တကယ်လည်း မို့မို့အမျိုးသားအတွက် ၊ အိမ်ထောင်အတွက်တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင် ပြန်ကြိုးစားပြီး နေခဲ့ပြပါတယ်။

မို့မို့ကရုပ်ရှင်မင်းသမီးတစ်ယောက်ပါ။ ဒါပေမဲ့ အိမ်ထောင်ရှင်ဘက်မှာလည်းမို့မို့အကယ်ဒမီရအောင်ကြိုးစားပါတယ်။” လို့ဆိုပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော အချစ်ရေးနဲ့ပတ်သက်တဲ့ မမို့ရဲ့အကြံပေးချက်လေးတွေကို အပြည့်အဝထောက်ခံပါသလား။

Credit : mmfeed

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top