iMyanmarHouse.com - Best Property Website for Myanmar
×




Credit : MailOnline

စမုံနက်ရဲ့ အရသာကိုလူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် စမုံနက်က အမျိုးသမီးများ လစဉ် ဓမ္မတာမလာမီ ကိုက်ခဲခြင်းကို ကျော်လွန်စေနိုင်ပါတယ်။ စမုံနက်က အမျိုးသမီးများမှာရှိတဲ့ လိင်နဲ့ပတ်သက်တဲ့ ဟိုမုန်းဓါတ်ကို ထိန်းညှိပေး ပါတယ်။ အမျိုးသမီးထုရဲ့ ၄၀ ရာခိုင်နှုန်းက ဓမ္မတာမလာမီ ကိုက်ခဲခြင်းက သူတို့ရဲ့ ဘဝအရည်အသွေးကို ထိခိုက်စေပါတယ်လို့ ပြောပါတယ်။ ဒီံထက် ဆိုးဆိုးဝါးဝါး ခံစားရတဲ့ အမျိုးသမီးတွေကတော့ အဲဒီအချိန်မှာ စိတ်တိုလွယ်နေတတ်ပြီးစိတ်ကျ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။

နောက်တစ်ခုက နွယ်ချိုလိုအရသာမျိုးရှိတဲ့ အစေ့တွေကို စားပေးခြင်းဖြင့် အမျိုးသမီးများရဲ့ စိတ်အားငယ်ခြင်း၊ စိတ်ပျက်ချင်း စတဲ့ဝေဒနာတွေကို သက်သာစေပြီး အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေစေပါတယ်။
ဝန်ထမ်းနယ်ပယ်မှာလဲ အမျိုးသမီးထုရဲ့ အင်အားက မသေးတာမို့ ကျန်းမာရေး ဆိုင်ရာ ပျက်ရက်တွေနဲ့ ထုတ်ကုန်တွေလျော့နည်း ရတဲ့အတွက် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုနေနဲ့ နှစ်စဉ် တစ်နှစ်ကို ပေါင်၃၀၀၀ လောက် ဆုံးရှုံးပါတယ်။ ဒီအတွက် ဆေးဝါးမှီဝဲပေမယ့် အလုပ်မဖြစ်တာတွေ ၊ ဘေးထွက်ဆိုးကြိုးတွေလဲ တွေ့ရပါတယ်။

အီရန်နိုင်ငံက သိပ္ပံပညာရှင်တွေက စမုံနက်ကို အမျိုးမျိုးသော ဆေးဖော်စပ်ရာ နေရာတွေမှာ အသုံးပြုပါတယ်။ Urmia တက္ကသိုလ်မှ လေ့လာသူ Hassan Pazoki က “စမ်းသပ်မှု (၈)ပတ်အကြာအပြီးမှာတော့ ရောဂါလက္ခဏာပြင်းထန်မှု လျော့ကျသွားပြီး ဒီ့အတွက်ကြောင့်ပဲ သူတို့ရဲ့အလုပ်ကို ပြန်လည်အာရုံစိုက်နိုင်ခဲ့ကြတယ်။ မိသားစု ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့လဲ ပုံမှန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ကြတယ်” လို့ ပြောသွားပါတယ်။

Credit : MailOnline

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top