iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေလး လွပေစဖို႔ ပ်ားရည္ကို ဘယ္လုိအသံုးျပဳမလဲ

ပ်ားရည္ခ်ိဳခ်ိဳေလးေတြကို စားပဲစားၾကတာလား၊ ပ်ားရည္ခ်ိဳခ်ိဳေလးက ပ်ိဳမဒီေလးရဲ႕ မ်က္ႏွာကိုပါ လွပေစႏိုင္ပါတယ္။ ဝက္ျခံ၊ အေရးအေၾကာင္း၊ အမဲစက္ေတြကို ေပ်ာက္ကင္းေစတဲ့အျပင္ ၾကည္လင္ေတာက္ပၿပီး အသားအေရညီညာတဲ့ မ်က္ႏွာပိုင္ရွင္းေလး ျဖစ္ဖို႔ ပ်ားရည္က စြမ္းေဆာင္ေပးႏိုင္ပါတယ္ေနာ္။ ပ်ားရည္က အလွအပကို ဘယ္လုိအက်ိဳးျပဳတာလဲ၊ လွပဖို႔ ပ်ားရည္ကို ဘယ္လိုသံုးရမလဲဆိုတာ ေျပာျပေပးမယ္ေနာ္။
အစိုဓါတ္ရရွိေစျခင္း

မ်က္ႏွာနဲ႔ေလထိေတြ႔တာေတြ မ်ားျခင္းေၾကာင့္ မ်က္ႏွာျပင္ အလႊာေတြ ပ်က္စီးၿပီး အစိုဓါတ္ ခမ္းေျခာက္ေစပါတယ္။ ဒီလိုပ်က္စီးျခင္းကို ပ်ားရည္က ျပန္လည္ ေကာင္းမြန္ေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ ပထမဆံုး မ်က္ႏွာသစ္လိုက္ပါ။ ၿပီးရင္ေတာ့ ပ်ားရည္ကို မ်က္ႏွာအႏွံ႔လိမ္းထားပါ။ (၁၅) မိနစ္ေလာက္ၾကာမွ ေရနဲ႔ေဆးခ်လိုက္ပါ။ ဒီလို တပတ္ကို (၂) ႀကိမ္ေလာက္ လုပ္ေပးမယ္ဆိုရင္ မ်က္ႏွာမွာ အစိုဓါတ္ေလးေတြ ရရွိလာမွာပါ။
ေခၽြးေပါက္က်ယ္ျခင္း

ပ်ားရည္မွာ ပါဝင္တဲ့ အင္ဇိုင္းဓါတ္ေတြက ေခၽြးေပါက္ထဲက အညစ္အေၾကးေတြကုိ သန္႔စင္ေပးၿပီး ေခၽြးေပါက္က်ယ္တာေတြကို သက္သာေစပါတယ္။ ေခၽြးေပါက္က်ယ္တာအတြက္ ပ်ားရည္ကို သံုးခ်င္တယ္ဆိုရင္ေတာ့ ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ အုန္းဆီ လက္ဖက္စားဇြန္း (၂) ဇြန္းကို ေသခ်ာစြာ ေရာစပ္လုိက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာမွာ လိမ္းထားေပးပါ။ ေခၽြးေပါက္ပိုက်ယ္တဲ့ ႏွာေခါင္းလို ေနရာမ်ိဳးကို ထူထူေလး လိမ္းေပးပါ။ ေျခာက္သြားမွ ေရေႏြးေလးနဲ႔ ေဆးေၾကာလိုက္ပါ။
အမာရြတ္ေတြေမွးမိွန္ေစဖို႔

ပ်ားရည္က အသားအေရကို ၾကည္လင္ေတာက္ပေစၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္တဲ့ ဓါတ္ေတြ ပါဝင္တာေၾကာင့္ အမာရြတ္ေတြကိုလည္း သက္သာေစပါတယ္။ မ်က္ႏွာျပင္ကို ေခ်ာေမြ႔ျဖဴစင္ေစတာမို႔ အမာရြတ္ကို တျဖည္းျဖည္း ေမွးမွိန္သြားေစပါတယ္။ ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းကို သံလြင္ဆီ လက္ဖက္စားဇြန္း(၂) ဇြန္းနဲ႔ ေရာလိုက္ပါ။ ၿပီးရင္ေတာ့ အမာရြတ္ရွိတဲ့ ေနရာေတြမွာ သုတ္လိမ္းထားလုိက္ပါ။ ႏွစ္မိနစ္ေလာက္ ထားၿပီးမွ ေရေလးနဲ႔ ေဆးေၾကာပါ။ မၾကာခဏ လုပ္ေပးမယ္ဆိုရင္ အမာရြတ္ေလးေတြ ေမွးမွိန္သြားၿပီး ေပ်ာက္သြားပါလိမ့္မယ္။
မ်က္ႏွာအသားအေရၾကည့့္ေကာင္းလာေစဖို႔

တခ်ိဳ႔မ်က္ႏွာေလးေတြကို ၾကည့္လိုက္ရင္ ေနမေကာင္းသလိုနဲ႔ ေဖ်ာ့ေတာ့ေတာ့ ျဖစ္ေနတာေတြ ေတြ႔ရႏိုင္ပါတယ္။ ဒီလိုေလးေတြ မျဖစ္ဘဲ မ်က္ႏွာအသားအေရ ၾကည္လင္ၿပီး ေတာက္ေတာက္ပပေလး ျဖစ္ေနေစဖို႔အတြက္ ပ်ားရည္နဲ႔ သံပရာရည္ အနည္းငယ္ကို ေရာစပ္လိုက္ၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးပါ။ သံပရာသီးရဲ႕ ဗီတာမင္ စီ က မ်က္ႏွာအသားအေရကို အားျပည့္ေစပါတယ္။ ၿပီးမွ ေရနဲ႔ မ်က္ႏွာသစ္လိုက္ပါေနာ္။
ဝက္ျခံ

ပ်ားရည္မွာ ပါဝင္တဲ့ ဘက္တီးရီးယားေတြကို ဆန္႔က်င္ေပးႏုိင္တဲ့ဓါတ္ဟာ ဝက္ျခံထြက္ျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကိုပါ ဖယ္ရွားပစ္ႏိုင္ပါတယ္။ ဝက္ျခံထြက္တဲ့အခါမွာ ေယာင္ရမ္းတာနဲ႔ နီျမန္းတာေတြလည္း ရွိႏုိင္ပါေသးတယ္။ ဒါေတြ သက္သာခ်င္တယ္ဆိုရင္ေတာ့ ပ်ားရည္ေလးကို ဂြမ္းစေလးနဲ႔ ယူၿပီး မ်က္ႏွာမွာ သုတ္ေပးလိုက္ပါ။ (၁၅) မိနစ္ေလာက္ေနမွ ေရေႏြးေလးနဲ႔ ခပ္ဖြဖြ မ်က္ႏွာသစ္ပါ။ မၾကာခဏ လုပ္ေပးမယ္ဆိုရင္ ဝက္ျခံေတြ သိသိသာသာ ေလွ်ာ့နည္းသြားမွာပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

ပျားရည်ချိုချိုလေးတွေကို စားပဲစားကြတာလား၊ ပျားရည်ချိုချိုလေးက ပျိုမဒီလေးရဲ့ မျက်နှာကိုပါ လှပစေနိုင်ပါတယ်။ ဝက်ခြံ၊ အရေးအကြောင်း၊ အမဲစက်တွေကို ပျောက်ကင်းစေတဲ့အပြင် ကြည်လင်တောက်ပပြီး အသားအရေညီညာတဲ့ မျက်နှာပိုင်ရှင်းလေး ဖြစ်ဖို့ ပျားရည်က စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ ပျားရည်က အလှအပကို ဘယ်လိုအကျိုးပြုတာလဲ၊ လှပဖို့ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပေးမယ်နော်။
အစိုဓါတ်ရရှိစေခြင်း

မျက်နှာနဲ့လေထိတွေ့တာတွေ များခြင်းကြောင့် မျက်နှာပြင် အလွှာတွေ ပျက်စီးပြီး အစိုဓါတ် ခမ်းခြောက်စေပါတယ်။ ဒီလိုပျက်စီးခြင်းကို ပျားရည်က ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပထမဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ကို မျက်နှာအနှံ့လိမ်းထားပါ။ (၁၅) မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီလို တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် မျက်နှာမှာ အစိုဓါတ်လေးတွေ ရရှိလာမှာပါ။
ချွေးပေါက်ကျယ်ခြင်း

ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်တွေက ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။ ချွေးပေါက်ကျယ်တာအတွက် ပျားရည်ကို သုံးချင်တယ်ဆိုရင်တော့ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို သေချာစွာ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ လိမ်းထားပေးပါ။ ချွေးပေါက်ပိုကျယ်တဲ့ နှာခေါင်းလို နေရာမျိုးကို ထူထူလေး လိမ်းပေးပါ။ ခြောက်သွားမှ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။
အမာရွတ်တွေမှေးမှိန်စေဖို့

ပျားရည်က အသားအရေကို ကြည်လင်တောက်ပစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓါတ်တွေ ပါဝင်တာကြောင့် အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။ မျက်နှာပြင်ကို ချောမွေ့ဖြူစင်စေတာမို့ အမာရွတ်ကို တဖြည်းဖြည်း မှေးမှိန်သွားစေပါတယ်။ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းကို သံလွင်ဆီ လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ ရောလိုက်ပါ။ ပြီးရင်တော့ အမာရွတ်ရှိတဲ့ နေရာတွေမှာ သုတ်လိမ်းထားလိုက်ပါ။ နှစ်မိနစ်လောက် ထားပြီးမှ ရေလေးနဲ့ ဆေးကြောပါ။ မကြာခဏ လုပ်ပေးမယ်ဆိုရင် အမာရွတ်လေးတွေ မှေးမှိန်သွားပြီး ပျောက်သွားပါလိမ့်မယ်။
မျက်နှာအသားအရေကြည့်ကောင်းလာစေဖို့

တချို့မျက်နှာလေးတွေကို ကြည့်လိုက်ရင် နေမကောင်းသလိုနဲ့ ဖျော့တော့တော့ ဖြစ်နေတာတွေ တွေ့ရနိုင်ပါတယ်။ ဒီလိုလေးတွေ မဖြစ်ဘဲ မျက်နှာအသားအရေ ကြည်လင်ပြီး တောက်တောက်ပပလေး ဖြစ်နေစေဖို့အတွက် ပျားရည်နဲ့ သံပရာရည် အနည်းငယ်ကို ရောစပ်လိုက်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ သံပရာသီးရဲ့ ဗီတာမင် စီ က မျက်နှာအသားအရေကို အားပြည့်စေပါတယ်။ ပြီးမှ ရေနဲ့ မျက်နှာသစ်လိုက်ပါနော်။
ဝက်ခြံ

ပျားရည်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ဓါတ်ဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာ ယောင်ရမ်းတာနဲ့ နီမြန်းတာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါတွေ သက်သာချင်တယ်ဆိုရင်တော့ ပျားရည်လေးကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ သုတ်ပေးလိုက်ပါ။ (၁၅) မိနစ်လောက်နေမှ ရေနွေးလေးနဲ့ ခပ်ဖွဖွ မျက်နှာသစ်ပါ။ မကြာခဏ လုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ သိသိသာသာ လျှော့နည်းသွားမှာပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top