iMyanmarHouse.com - Best Property Website for Myanmar
×


အစာခဏခဏ စားပါ




အစပ်စားပါ














Credit : Myfood

ဇီဝကမ္မဖြစ်စဉ်က မြန်ရင် ကယ်လိုရီ၊ အဆီတွေလောင်ကျွမ်းနိုင်စွမ်းကိုပိုပြီး အားကောင်းစေကာ ကိုယ်အလေးချိန်ကို ထိထိရောက်ကျဆင်းစေပါတယ်။

အစာခဏခဏ စားပါ

အစားစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြားနီးနေတာက ဇီဝကမ္မဖြစ်စဉ်ကို ပိုအားကောင်းပြီး မြန်စေပါတယ်။ အချိန်အကြာကြီး ဘာမှမစားဘဲနေရင် သွေးအတွင်း သကြားဓာတ်ကျဆင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပါတယ်။

ဒါ့ကြောင့် ခဏခဏစားပေးရင် အစာခြေစနစ်ကိုလည်းပိုပြီး အလုပ်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကိုမြှင့်တင်ပေးပါတယ်။

ဒါပေမယ့် စားတဲ့အချိန်မှာ အရမ်းစားတာမျိုး၊ ကယ်လိုရီပါတဲ့အစားအစာတွေ အများကြီး စားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အခွံမာအသီးလိုမျိုး အစားအစာတွေကို ခဏခဏ စားပေးပါ။

အစပ်စားပါ

စပ်တဲ့ အစားအစာတွေဖြစ်တဲ့ ငရုတ်သီးတို့မှာ Capsaicin ဓာတ်ပါဝင်ပါတယ်။ ဒီဓာတ်ကြောင့် စပ်တဲ့ အစားအစာတွေစားသုံးရင် ချွေးထွက်တာဖြစ်ပါတယ်။

အဲ့ဒီအပြင် Capsaicin ဓာတ်က ခန္ဓာကိုယ်ရဲ့ အဆီဓာတ်ကို လျော့ချပေးပြီး အဆီဆဲလ်တွေကို ကူညီပြီး သေစေနိုင်ပါတယ်။

စပ်တဲ့ အစားအစာတွေစားသုံးတာများရင် ကိုယ်အလေးချိန်ကျဆင်းပြီး အဆီတွေကို လောင်ကျွမ်းနိုင်ပါတယ်။

ပရိုတင်းဓာတ်များများစားပါ

လူတွေရဲ့အစာခြေစနစ်က ပရိုတင်းဓာတ်ပါတဲ့အစားအစာတွေကို စုပ်ယူနိုင်ဖို့ ချေဖျက်နိုင်ဖို့ အချိန်များများယူရပါတယ်။

ဒီလို ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ချေဖျက်နိုင်တဲ့ သင့်ခန္ဓာကိုယ်က ကယ်လိုရီ ၂၀- ၃၀ ရာခိုင်နှုန်းလောက် အသုံးပြုရပါတယ်။

ကြွက်သားတည်ဆောက်တဲ့လေ့ကျင့်ခန်းကို လုပ်ပါ


ကြွက်သားတည်ဆောက်ရတဲ့ လေ့ကျင့်ခန်းက စွမ်းအင်တွေ အများကြီးလိုအပ်တာကြောင့် ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းရပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးပါ

နေ့တိုင်းတော့ လုပ်ဖို့ မလိုပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးဖြစ်တဲ့ Cardio လိုလေ့ကျင့်ခန်းမျိုးကို ၁ ပတ်မှာ ၂ ကြိမ်လောက်တော့လုပ်ပေးပါ။

ကိုယ်ဘာသာ လေ့ကျင့်ချင်သူတွေကလည်း လှေကားကို ပြေးတက်ပြေးဆင်းလိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးလို့ရပါတယ်။

ဒီလေ့ကျင့်ခန်းက ကယ်လိုရီကိုလျင်မြန်စွာလောင်ကျွမ်းစေပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top