iMyanmarHouse.com - Best Property Website for Myanmar
×

ဥေရာပဘက္ကို တစ္လနီးပါးေလာက္ ခရီးသြားျဖစ္ေနတဲ့ သရုပ္ေဆာင္ မယ္လုိဒီက ဒီေန႕မွာ ရန္ကုန္ကို ျပန္ေရာက္မယ္လို႕ သိရပါတယ္။ မိသားစု သံုးေယာက္တည္း တစ္လနီးပါးေလာက္ ခရီးသြားရလို႕လည္း သူမက ေတာ္ေတာ္ကို ေပ်ာ္ေနပါတယ္။ ခုလို ေပ်ာ္ေပ်ာ္ပါးပါးသြား ခဲ့ရတဲ့ ခရီးေလးမို႕လည္း သူမအေနနဲ႕ အၿမဲတမ္း အမွတ္တရရွိေနမွာပါလို႕လည္း ဆုိပါတယ္။
အၿမဲအမွတ္တရ ရွိေနမယ့္ ခရီးေလးပါတဲ့။

“ဒီေန႔ေတာ့ ရန္ကုန္ျပန္ရျပီေလ

တစ္လနီးပါးေလာက္ မိသားစုအတူတူ ေပ်ာ္ေပ်ာ္ပါးပါးသြားခဲ့တဲ့ခရီးေလးမို႔ အျမဲအမွတ္တရျဖစ္ေနမိမွာပါ။ ရက္ၾကာခရီးမို႔ မိသားစု ေ၀ယ်ာ၀စၥပါ ေမေမဒိုင္ခံလုပ္ေနရေပမယ့္လဲ အခုထိေတာ့ေနမေကာင္းမျဖစ္ပဲ လန္းဆန္းက်န္းမာေနပါေသးတယ္

ရန္ကုန္ေရာက္ရင္လည္း အလုပ္ေတြဆက္လုပ္ဖို႔ေမေမ အားတင္းထားရအံုးမယ္ရွင္” ဆိုၿပီး လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ေတြ႕ရပါတယ္။

သရုပ္ေဆာင္ မယ္လိုဒီဟာ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းအႏုပညာေလာကနဲ႕ ေဝးကြာေနခဲ့ၿပီး သားေလး(၃)ႏွစ္သားအရြယ္ေလာက္မွာ အႏုပညာအလုပ္ေတြကို ဆက္တိုက္ျပန္လည္လုပ္ကိုင္လာတာေတြ႕ရပါတယ္။ ပြဲေတြ ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ ျဖစ္သလို ဇာတ္ကားရိုက္ကူးမႈေတြမွာလည္း ပါဝင္လာၿပီျဖစ္ပါတယ္။

အႏုပညာေလာကထဲ ျပန္လည္ဝင္ေရာက္ လာၿပီျဖစ္တဲ့ မယ္လိုဒီဟာ အႏုပညာအလုပ္ေတြ ျပန္လုပ္ဖို႕ ဝိတ္ခ်လ်က္ရွိရာ ယခုဆိုရင္ သူမရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားဟာ လံုးဝကို ေျပာင္းလဲသြားခဲ့ပါၿပီ။

ကေလးတစ္ေယာက္မိခင္ျဖစ္ေပမယ့္ သူမရဲ႕ အလွကေတာ့ အပ်ိဳေလးေတြေတာင္ရံႈးေလာက္ပါတယ္။မယ္လိုဒီဟာ အႏုပညာေလာကမွာ ေအာင္ျမင္တဲ့ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္သလို ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။

၂၀၁၁ခုႏွစ္ ျမန္မာရုပ္ရွင္ထူးခၽြန္ဆုေပးပြဲမွာ ထာဝရအလင္းတန္းမ်ား ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာငး္ဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Photo : မယ္လိုဒီ

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဥရောပဘက်ကို တစ်လနီးပါးလောက် ခရီးသွားဖြစ်နေတဲ့ သရုပ်ဆောင် မယ်လိုဒီက ဒီနေ့မှာ ရန်ကုန်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။ မိသားစု သုံးယောက်တည်း တစ်လနီးပါးလောက် ခရီးသွားရလို့လည်း သူမက တော်တော်ကို ပျော်နေပါတယ်။ ခုလို ပျော်ပျော်ပါးပါးသွား ခဲ့ရတဲ့ ခရီးလေးမို့လည်း သူမအနေနဲ့ အမြဲတမ်း အမှတ်တရရှိနေမှာပါလို့လည်း ဆိုပါတယ်။
အမြဲအမှတ်တရ ရှိနေမယ့် ခရီးလေးပါတဲ့။

“ဒီနေ့တော့ ရန်ကုန်ပြန်ရပြီလေ

တစ်လနီးပါးလောက် မိသားစုအတူတူ ပျော်ပျော်ပါးပါးသွားခဲ့တဲ့ခရီးလေးမို့ အမြဲအမှတ်တရဖြစ်နေမိမှာပါ။ ရက်ကြာခရီးမို့ မိသားစု ဝေယျာဝစ္စပါ မေမေဒိုင်ခံလုပ်နေရပေမယ့်လဲ အခုထိတော့နေမကောင်းမဖြစ်ပဲ လန်းဆန်းကျန်းမာနေပါသေးတယ်

ရန်ကုန်ရောက်ရင်လည်း အလုပ်တွေဆက်လုပ်ဖို့မေမေ အားတင်းထားရအုံးမယ်ရှင်” ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းအနုပညာလောကနဲ့ ဝေးကွာနေခဲ့ပြီး သားလေး(၃)နှစ်သားအရွယ်လောက်မှာ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။ ပွဲတွေ တော်တော်များများ တက်ရောက် ဖြစ်သလို ဇာတ်ကားရိုက်ကူးမှုတွေမှာလည်း ပါဝင်လာပြီဖြစ်ပါတယ်။

အနုပညာလောကထဲ ပြန်လည်ဝင်ရောက် လာပြီဖြစ်တဲ့ မယ်လိုဒီဟာ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ဝိတ်ချလျက်ရှိရာ ယခုဆိုရင် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။

ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ အပျိုလေးတွေတောင်ရှုံးလောက်ပါတယ်။မယ်လိုဒီဟာ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၁ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထာဝရအလင်းတန်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : မယ်လိုဒီ

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top