iMyanmarHouse.com - Best Property Website for Myanmar
×

“ေဟာင္းႏြမ္းစုတ္ျပဲေနတဲ့ ဘုရားပုံေတာ္ေတြ ဘုရားစာအုပ္ေတြကို စြန္႔ပစ္ဖို႔ စိတ္ထဲမရွင္းမလင္း ဇေဝဇဝါျဖစ္ေနသူေတြအတြက္ ”

ျမင့္ျမတ္တဲ့ေနရာမွာထားၿပီးပူေဇာ္ခဲ့တဲ့ ဘုရားပုံေတာ္ေတြ ဘုရားစာအုပ္ေတြ ေဟာင္းႏြမ္းစုတ္ျပဲသြားလို႔ စြန္႔ပစ္ရေတာ့မယ္ဆိုရင္ ဘယ္ေနရာမွာစြန္႔ပစ္ရင္သင့္ေတာ္မလဲဆိုတာကို စိတ္ထဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ခဲ့ပါတယ္..
မစြန္႔ပစ္ရက္လို႔ စုထားျပန္ရင္လည္း တျဖည္းျဖည္းမ်ားလာျပီး ထားစရာေနရာက အခက္အခဲရွိလာျပန္တယ္..
ဒီေတာ့ မျဖစ္မေနစြန္႔ပစ္ရေတာ့မယ္ဆိုျပန္ရင္လည္း မသင့္ေတာ္တဲ့ေနရာမွာ စြန္႔ပစ္မိမွာ စိုးၾကျပန္ပါတယ္..

ဒါနဲ႔တစ္ေန႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမးထားတာကို မေနာပဒါယီအရွင္ဝိစိတၱဆရာေတာ္ေျဖထားတဲ့ စာတစ္ပုဒ္ဖတ္လိုက္ရတဲ့အခါ ကိုယ့္လိုပဲ ဇေဝဇဝါနဲ႔ ဆုံးျဖတ္မရ ျဖစ္ေနၾကတဲ့သူေတြကိုလည္း သိေစလိုတဲ့အတြက္ ေစတနာေရွ႕ထား ေဖာ္ျပေပးလိုက္ပါတယ္..

မေနာပဒါယီဆရာေတာ္ အရွင္ဝိစိတၱျပန္ေျဖထားတာကေတာ့-

[ဒီလိုအခက္အခဲေတြက အိမ္ေတြမွာေရာ ဘုန္းႀကီးေက်ာင္းေတြမွာပါျဖစ္တတ္ပါတယ္..
ဘုရားပုံေတြျဖစ္လို႔ ျဖစ္သလို လႊင့္ပစ္ဖ်က္ဆီးပစ္ျပန္ရင္လည္း ကိုယ့္စိတ္ကိုက မသန္႔ျဖစ္ေနတတ္ပါတယ္..
ေစတနာရည္ရြယ္ခ်က္ မရွိေပမယ့္ အျပစ္လုပ္မိတယ္လို႔ ထင္တတ္ပါတယ္..

အေကာင္းဆုံးေျဖရွင္းနည္းကေတာ့ သန္႔သန္႔ျပန္႔ျပန္႔ေနရာတစ္ခု
ဒါမွမဟုတ္ သံပုံးတစ္ခုခုမွာ အားလုံးစုပုံၿပီး မီးပူေဇာ္လိုက္တာ အေကာင္းဆုံးပါပဲ..
ဘုန္းဘုန္းေက်ာင္းမွာဆိုလည္း ဒီလိုနည္းနဲ႔ပဲ ေျဖရွင္းျဖစ္ပါတယ္..

မီးရိႈ႕ဖ်က္ဆီးၿပီး မီးပူေဇာ္လိုက္တဲ့အတြက္ ဒီဘုရားပုံေတာ္မ်ား ဘုရားစာအုပ္အေဟာင္းမ်ားကို တစ္ျခားသူေတြအေနနဲ႔လည္း အသုံးမျပဳျဖစ္ေတာ့ပါဘူး..
ရွင္းလင္းေျဖရွင္းလိုက္တဲ့ ကိုယ့္မွာလည္း မီးပူေဇာ္လိုက္တယ္လို႔ စိတ္ထဲမွာျဖစ္ေနတဲ့အတြက္ စိတ္သန္႔ရွင္းသြားပါတယ္..

ဘုရားရွင္ရဲ႕ ရုပ္ကလပ္ေတာ္ကို ေတေဇာဓာတ္ေလာင္ၿမိဳက္တဲ့သေဘာ အာရံုယူၿပီး မီးပူေဇာ္လိုက္တာ အေကာင္းဆုံးပါပဲ..
ဒါေၾကာင့္ လႊင့္ပစ္ရခက္ ထားရခက္ေနတဲ့ ဘုရားပုံေတာ္ေတြ တရားစာအုပ္အေဟာင္းေတြကို ေတြ႔ရာမွာျဖစ္သလို စြန္႔ပစ္တာမ်ိဳးမလုပ္ပဲ သန္႔ရွင္းသပ္ရပ္တဲ့ေနရာတစ္ခုမွာ မီးပုံရိႈ႕ၿပီး မီးပူေဇာ္တဲ့နည္းနဲ႔ ေျဖရွင္းတာဟာ အေကာင္းဆုံးျဖစ္ေၾကာင္း ေျဖၾကားလိုက္ပါတယ္..]

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
“ဟောင်းနွမ်းစုတ်ပြဲနေတဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေကို စွန့်ပစ်ဖို့ စိတ်ထဲမရှင်းမလင်း ဇဝေဇဝါဖြစ်နေသူတွေအတွက် ”

မြင့်မြတ်တဲ့နေရာမှာထားပြီးပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့ စွန့်ပစ်ရတော့မယ်ဆိုရင် ဘယ်နေရာမှာစွန့်ပစ်ရင်သင့်တော်မလဲဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်..
မစွန့်ပစ်ရက်လို့ စုထားပြန်ရင်လည်း တဖြည်းဖြည်းများလာပြီး ထားစရာနေရာက အခက်အခဲရှိလာပြန်တယ်..
ဒီတော့ မဖြစ်မနေစွန့်ပစ်ရတော့မယ်ဆိုပြန်ရင်လည်း မသင့်တော်တဲ့နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ်..

ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို မနောပဒါယီအရှင်ဝိစိတ္တဆရာတော်ဖြေထားတဲ့ စာတစ်ပုဒ်ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်နေကြတဲ့သူတွေကိုလည်း သိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ်..

မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာကတော့-

[ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါဖြစ်တတ်ပါတယ်..
ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်..
စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်..

အကောင်းဆုံးဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့်နေရာတစ်ခု
ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ..
ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်..

မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေအနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး..
ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်..

ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ်လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ..
ဒါကြောင့် လွှင့်ပစ်ရခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရားစာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်..]

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top