iMyanmarHouse.com - Best Property Website for Myanmar
×

အဖုေတြ ဝက္ၿခံေတြ ကင္းစင္တဲ့မ်က္ႏွာရေအာင္ အက္ဒ္မင္ ကိုယ္တိုင္ စမ္းသပ္ထားတဲ့ beauty tipေလးတစ္ခု ေျပာျပေပးပါရေစ။ ဟိုတေလာက ကိုရီးယား မင္းသမီးေတြ၊ အဆိုေတာ္ေတြရဲ႕ အသားအေရထိန္းသိမ္းနည္းေတာ္ေတာ္မ်ားမ်ား လိုက္ၾကည့္ျဖစ္ေနတယ္ ။ ေက်ာင္းဖြင့္ေတာ့မွာဆိုေတာ့ လွဖို႔ လိုလာၿပီေလ 😁 အဲ့ဒါနဲ႔ သူတို႔ေတာ္ေတာ္မ်ားမ်ားမွာ တစ္ခ်က္တူေနတာ သြားသတိထားမိတယ္ေကာ။ အဲ့ဒါကေတာ့ facial massage ဆိုတဲ့ မ်က္ႏွာကို ေသခ်ာ ႏွိပ္နယ္ေပးတာပါပဲ။

အက္ဒ္မင္တို႔ ငယ္ငယ္တုန္းကျပတဲ့ ပဲေပါင္မုန္႔ ဇာတ္လမ္းတြဲထဲက မင္းသမီးဟာလည္း ကိုရီးယားႏိုင္ငံရဲ႕ အသားအလွဆံုး စာရင္းထဲမွာ ပါၿပီး သူမရဲ႕ လၽွိုဳ႕ဝွက္ခ်က္ကိုၾကားတဲ့အခါ ပရိတ္သတ္ေတြ အားလံုး အံ့ဩသြားခဲ့ရပါတယ္။အဲ့ဒါက ဘာလဲဆိုေတာ့ အဲ့မင္းသမီးက ေန႔တိုင္း မ်က္ႏွာသစ္တဲ့အခါ မ်က္ႏွာကို မိနစ္၂၀ေက်ာ္ေတာင္ ႏွိပ္နယ္ေပးတယ္တဲ့။

Wowww…ဘာလို႔မ်ား မ်က္ႏွာကို အဲ့ေလာက္ အခ်ိန္ေပးၿပီး ေသခ်ာ ႏွိပ္ေနၾကပါလိမ့္ေနာ္။အက္ဒ္မင္ အရင္တုန္းက အဲ့လိုလုပ္ရင္ မ်က္ႏွာအေညာင္းေျပရံုပဲ ရွိမွာေပါ့လို႔ ထင္ခဲ့မိတာ ခုမွပဲ အေတာ္ေလး စြမ္းတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရွိေနမွန္း သိရေတာ့တယ္။ အဲ့ဒါေတြကေတာ့…

(၁) မ်က္ႏွာေပၚက ႂကြက္သားေတြကို တင္းရင္းေစပါတယ္။

ေယာင္းတို႔ရဲ႕ ခႏၶာကိုယ္အလွအတြက္ ႂကြက္သားေတြသန္မာေအာင္ Gymမွာ ဝိတ္တံုးေလးေတြမၿပီး ေဆာ့ၾကသလို မ်က္ႏွာအလွအတြက္လည္း မ်က္ႏွာကို ႏွိပ္နယ္ေပးဖို႔ လုိတယ္ေနာ္။ ဒါမွ မ်က္ႏွာ ႂကြက္သားေတြ တင္းတင္းရင္းရင္းေလး ျဖစ္ေနမွာျဖစ္ၿပီး အသက္ႀကီးလာတာနဲ႔ စိတ္ဖီစီးတာေၾကာင့္ ျဖစ္တဲ့ မ်က္ႏွာအေရျပား ေလ်ာ့တြဲက်တာကို ကာကြယ္ေပးမွာေပါ့။

(၂) အေညာင္းမိလို႔ ျဖစ္တဲ့ မာေက်ာမႈေတြ တင္းမာမႈေတြကို ေျဖေလ်ာ့ေစပါတယ္။

မ်က္ႏွာအေရျပား တင္းမာမႈေတြ မာေက်ာမႈေတြဟာ အေရးအေၾကာင္းျဖစ္ဖို႔ အလားအလာေတြပါပဲ။ မ်က္ႏွာကို ႏွိပ္နယ္ေပးျခင္းဟာ မ်က္ႏွာကို အေညာင္းေျပေစရံုတင္မဟုတ္ဘဲ ႏုပ်ိဳမႈကိုပါ ေပးစြမ္းႏိုင္ပါတယ္ ေယာင္းတို႔ေရ။ ဒါေၾကာင့္မို႔ အရြယ္မတိုင္ခင္မွာ စိတ္ညစ္စရာ အေရးေၾကာင္းေတြ ျဖစ္မလာေအာင္ မ်က္ႏွာႏွိပ္နယ္တာကို ေသခ်ာ အခ်ိန္ေပးၿပီး လုပ္ေပးသင့္ပါတယ္။

(၃) မ်က္ႏွာအေရျပားအတြက္ အေရးႀကီးတဲ့ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစပါတယ္။

ေယာင္းတို႔ရဲ႕ မ်က္ႏွာအႏွံ႔ကို ႏွိပ္နယ္ေပးတဲ့အခါ မ်က္ႏွာေပၚက အဖုေတြ ျဗဳတ္ေတြ အဆီခဲေတြကို စမ္းမိမွာပါ။ တစ္ေန႔ကို မိနစ္၂၀ေလာက္ ညင္ညင္သာသာ ပံုမွန္ ႏွိပ္နယ္ေပးမယ္ဆိုရင္ အေရျပားထဲ စီးဝင္တဲ့ ေအာက္စီဂ်င္နဲ႔ ေသြးလည္ပတ္မႈကို ျမင့္ေစပါတယ္။ ဒါေၾကာင့္မို႔ အဖုေတြ ျဗဳတ္ေတြကို တျဖည္းျဖည္း ဖယ္ရွားေပးၿပီး ဝက္ၿခံထြက္တာလည္း သက္သာေစပါတယ္။ အဆီျပန္ၿပီး ဝက္ၿခံထြက္တတ္တဲ့သူဆိုရင္ ဆယ္မိနစ္ၾကာ ႏွိပ္ေပးရံုနဲ႔ လံုေလာက္ပါတယ္။ အသားေျခာက္ၿပီး အေရျပားကြာတတ္တဲ့သူ ဆိုရင္ေတာ့ တစ္ေန႔ကို မိနစ္ႏွစ္ဆယ္ေလာက္ ႏွိပ္ေပးဖို႔ လိုပါလိမ့္မယ္။

(၄) မ်က္ႏွာ အေရျပားရဲ႕ စုပ္ယူႏွိုင္မႈအား ကို ျမင့္တင္ေပးပါတယ္။

မ်က္ႏွာကို ေသခ်ာ ႏွိပ္နယ္ေပးျခင္းေၾကာင့္ မ်က္ႏွာအေရျပားဟာ အရင္ကထက္ စုပ္ယူအား ပိုေကာင္းလာပါတယ္။ ဒါေၾကာင့္မို႔ ေယာင္းတို႔ လိမ္းေနက် skincare creamေတြ serumေတြဟာ မ်က္ႏွာထဲ ေကာင္းေကာင္း စိမ့္ဝင္ႏိုင္ၿပီး အရင္ကထက္ အာနိသင္ ပိုျပမွာ အမွန္ပဲေနာ္။ (အက္ဒ္မင္ ကိုယ္ေတြ႕ပါပဲ)

ႏွိပ္တဲ့အခါမွာလည္း ႏွိပ္နည္း မွန္ဖို႔ေတာ့ လိုတယ္ေနာ္။ စက္ဝိုင္းပံုစံ အထက္ကိုပဲပင့္ၿပီး ညင္ညင္သာသာ ႏွိပ္ေပးမွ ႏွိပ္နည္းမွန္မွာပါ။ မ်က္ႏွာအေရျပားကို ဆြဲလို႔လည္း မရသလို ေအာက္ဘက္ကို ဆြဲခ်ၿပီး ႏွိပ္လို႔လည္း မရဘူးေနာ္။ facial massage ဆိုတာ Spaေတြမွာလည္း လုပ္လို႔ရသလို အိမ္မွာလည္း ကိုယ့္ဟာကိုယ္ လုပ္လို႔ရတဲ့ဟာပါ။ ဒါေၾကာင့္မို႔ ေယာင္းတို႔ လည္း မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးလို႔ ပံုမွန္ မ်က္ႏွာႏွိပ္နယ္ေပးၿပီး လွႏိုင္ၾကပါေစကြယ္…..

Credit: Mia (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အဖုတွေ ဝက်ခြံတွေ ကင်းစင်တဲ့မျက်နှာရအောင် အက်ဒ်မင် ကိုယ်တိုင် စမ်းသပ်ထားတဲ့ beauty tipလေးတစ်ခု ပြောပြပေးပါရစေ။ ဟိုတလောက ကိုရီးယား မင်းသမီးတွေ၊ အဆိုတော်တွေရဲ့ အသားအရေထိန်းသိမ်းနည်းတော်တော်များများ လိုက်ကြည့်ဖြစ်နေတယ် ။ ကျောင်းဖွင့်တော့မှာဆိုတော့ လှဖို့ လိုလာပြီလေ 😁 အဲ့ဒါနဲ့ သူတို့တော်တော်များများမှာ တစ်ချက်တူနေတာ သွားသတိထားမိတယ်ကော။ အဲ့ဒါကတော့ facial massage ဆိုတဲ့ မျက်နှာကို သေချာ နှိပ်နယ်ပေးတာပါပဲ။

အက်ဒ်မင်တို့ ငယ်ငယ်တုန်းကပြတဲ့ ပဲပေါင်မုန့် ဇာတ်လမ်းတွဲထဲက မင်းသမီးဟာလည်း ကိုရီးယားနိုင်ငံရဲ့ အသားအလှဆုံး စာရင်းထဲမှာ ပါပြီး သူမရဲ့ လျှိုု့ဝှက်ချက်ကိုကြားတဲ့အခါ ပရိတ်သတ်တွေ အားလုံး အံ့ဩသွားခဲ့ရပါတယ်။အဲ့ဒါက ဘာလဲဆိုတော့ အဲ့မင်းသမီးက နေ့တိုင်း မျက်နှာသစ်တဲ့အခါ မျက်နှာကို မိနစ်၂၀ကျော်တောင် နှိပ်နယ်ပေးတယ်တဲ့။

Wowww…ဘာလို့များ မျက်နှာကို အဲ့လောက် အချိန်ပေးပြီး သေချာ နှိပ်နေကြပါလိမ့်နော်။အက်ဒ်မင် အရင်တုန်းက အဲ့လိုလုပ်ရင် မျက်နှာအညောင်းပြေရုံပဲ ရှိမှာပေါ့လို့ ထင်ခဲ့မိတာ ခုမှပဲ အတော်လေး စွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေမှန်း သိရတော့တယ်။ အဲ့ဒါတွေကတော့…

(၁) မျက်နှာပေါ်က ကြွက်သားတွေကို တင်းရင်းစေပါတယ်။

ယောင်းတို့ရဲ့ ခန္ဓာကိုယ်အလှအတွက် ကြွက်သားတွေသန်မာအောင် Gymမှာ ဝိတ်တုံးလေးတွေမပြီး ဆော့ကြသလို မျက်နှာအလှအတွက်လည်း မျက်နှာကို နှိပ်နယ်ပေးဖို့ လိုတယ်နော်။ ဒါမှ မျက်နှာ ကြွက်သားတွေ တင်းတင်းရင်းရင်းလေး ဖြစ်နေမှာဖြစ်ပြီး အသက်ကြီးလာတာနဲ့ စိတ်ဖီစီးတာကြောင့် ဖြစ်တဲ့ မျက်နှာအရေပြား လျော့တွဲကျတာကို ကာကွယ်ပေးမှာပေါ့။

(၂) အညောင်းမိလို့ ဖြစ်တဲ့ မာကျောမှုတွေ တင်းမာမှုတွေကို ဖြေလျော့စေပါတယ်။

မျက်နှာအရေပြား တင်းမာမှုတွေ မာကျောမှုတွေဟာ အရေးအကြောင်းဖြစ်ဖို့ အလားအလာတွေပါပဲ။ မျက်နှာကို နှိပ်နယ်ပေးခြင်းဟာ မျက်နှာကို အညောင်းပြေစေရုံတင်မဟုတ်ဘဲ နုပျိုမှုကိုပါ ပေးစွမ်းနိုင်ပါတယ် ယောင်းတို့ရေ။ ဒါကြောင့်မို့ အရွယ်မတိုင်ခင်မှာ စိတ်ညစ်စရာ အရေးကြောင်းတွေ ဖြစ်မလာအောင် မျက်နှာနှိပ်နယ်တာကို သေချာ အချိန်ပေးပြီး လုပ်ပေးသင့်ပါတယ်။

(၃) မျက်နှာအရေပြားအတွက် အရေးကြီးတဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

ယောင်းတို့ရဲ့ မျက်နှာအနှံ့ကို နှိပ်နယ်ပေးတဲ့အခါ မျက်နှာပေါ်က အဖုတွေ ဗြုတ်တွေ အဆီခဲတွေကို စမ်းမိမှာပါ။ တစ်နေ့ကို မိနစ်၂၀လောက် ညင်ညင်သာသာ ပုံမှန် နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားထဲ စီးဝင်တဲ့ အောက်စီဂျင်နဲ့ သွေးလည်ပတ်မှုကို မြင့်စေပါတယ်။ ဒါကြောင့်မို့ အဖုတွေ ဗြုတ်တွေကို တဖြည်းဖြည်း ဖယ်ရှားပေးပြီး ဝက်ခြံထွက်တာလည်း သက်သာစေပါတယ်။ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့သူဆိုရင် ဆယ်မိနစ်ကြာ နှိပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ အသားခြောက်ပြီး အရေပြားကွာတတ်တဲ့သူ ဆိုရင်တော့ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် နှိပ်ပေးဖို့ လိုပါလိမ့်မယ်။

(၄) မျက်နှာ အရေပြားရဲ့ စုပ်ယူနှိုင်မှုအား ကို မြင့်တင်ပေးပါတယ်။

မျက်နှာကို သေချာ နှိပ်နယ်ပေးခြင်းကြောင့် မျက်နှာအရေပြားဟာ အရင်ကထက် စုပ်ယူအား ပိုကောင်းလာပါတယ်။ ဒါကြောင့်မို့ ယောင်းတို့ လိမ်းနေကျ skincare creamတွေ serumတွေဟာ မျက်နှာထဲ ကောင်းကောင်း စိမ့်ဝင်နိုင်ပြီး အရင်ကထက် အာနိသင် ပိုပြမှာ အမှန်ပဲနော်။ (အက်ဒ်မင် ကိုယ်တွေ့ပါပဲ)

နှိပ်တဲ့အခါမှာလည်း နှိပ်နည်း မှန်ဖို့တော့ လိုတယ်နော်။ စက်ဝိုင်းပုံစံ အထက်ကိုပဲပင့်ပြီး ညင်ညင်သာသာ နှိပ်ပေးမှ နှိပ်နည်းမှန်မှာပါ။ မျက်နှာအရေပြားကို ဆွဲလို့လည်း မရသလို အောက်ဘက်ကို ဆွဲချပြီး နှိပ်လို့လည်း မရဘူးနော်။ facial massage ဆိုတာ Spaတွေမှာလည်း လုပ်လို့ရသလို အိမ်မှာလည်း ကိုယ့်ဟာကိုယ် လုပ်လို့ရတဲ့ဟာပါ။ ဒါကြောင့်မို့ ယောင်းတို့ လည်း မိနစ်အနည်းငယ်လောက် အချိန်ပေးလို့ ပုံမှန် မျက်နှာနှိပ်နယ်ပေးပြီး လှနိုင်ကြပါစေကွယ်…..

Credit: Mia (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top