iMyanmarHouse.com - Best Property Website for Myanmar
×

ကြၽန္ေတာ္ ရြာေရာက္ေတာ့ ႐ံုးပတီသီး စိုက္သည့္ ေတာင္သူ တစ္ဦးမွ ေျပာျပသျဖင့္ ထပ္ဆင့္မ်ွေဝျခင္းျဖစ္ပါသည္။

႐ံုးပတီသီး ကို အစိမ္းတို႔စားရတာ ႀကိဳက္သည္ဆိုက ႐ံုးပတီသီး ကို ဆားရည္ျဖင့္ နာရီဝက္ခန္႔ စိမ္ၿပီးမွ စားပါရန္ အၾကံေပးပါသည္။

႐ံုးပတီသီး ႀကိဳက္ေသာ ပိုးမႊား မ်ားတြင္ ေလွးပိုးသည္ ႏွိမ္နင္းရန္ အခက္ခဲဆံုးပိုးျဖစ္၏၊ အပင္ကို ဖ်က္ဆီးေသာ ထိုပိုးသည္ အေကာင္မျမင္ရ၊ ေဆးမ်ိဳးစံု သံုးေသာ္လည္း ထိုပိုးကို မႏိုင္။ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက တားျမစ္ထားေသာ အႏၵိယ မွလာသည့္ ေဆး တစ္မ်ိဳးကို သံုးၾက၏၊ ထို ေဆး ကို သံုးမွရံုးပတီပင္ကို ဖ်က္ဆီးေသာ ေလွးပိုးကိုႏိုင္၏၊

အပင္သန္၏၊ အသီးလွ၏၊ သို႔ေသာ္ ထို ေဆး ၏ အာနိသင္ကား အလြန္ျပင္းထန္လွ၏၊ ေဆးသံုးစြဲသျဖင့္ ေသေသာ ပိုးေကာင္ကို ငွက္စားက ငွက္ေသ၏၊ ထိုေသေသာ ငွက္ ကို ေခြးကစားမိျပန္က ေခြးေသ၏။ထိုေဆးအာနိသင္ကား ပိုးေကာင္လည္းေသ၊ ပိုးေကာင္ေသစားေသာ ငွက္ လည္းေသ၊ ငွက္ ေသစားေသာ ေခြးလည္းေသသျဖင့္ သံုးဆင့္ခန္႔ အာနိသင္ျပင္းထန္၏။

ထိုကဲ့သို႔ အာနိသင္ျပင္းထန္ေသာ ေဆး ကို ႏိုင္ငံေတာ္က တားျမစ္ထားၿပီး စိုက္ပ်ိဳးေရး ပညာေပး ေဟာေျပာမႈေတြျပဳလုပ္ပါေသာ္လည္း အရင္းမ႐ွံုးလိုေသာ ေတာင္သူမ်ားက ေမွာင္ခိုဝင္လာလို႔ ရလွ်င္သံုးစြဲမည္သာ ျဖစ္၏။

ထိုအာနိသင္ျပင္းေသာ ေဆးကို ယေန႔ပက္ဖ်န္းၿပီး မနက္ျဖန္ ရံုးပတီသီးခူးကာ ၿမိဳ႕တက္ေရာင္းသည္လည္း႐ွိ၏။ ထို ႐ံုးပတီသီး ကို အစိမ္း စားသံုးမိပါက ေဘးထြက္ဆိုးက်ိဳးကို ခံရမည္ျဖစ္၏။

ထို႔ေၾကာင့္ ႐ံုးပတီသီး ကို အစိမ္းႀကိဳက္ပါက နာရီဝက္ခန္႔ ဆားရည္စိမ္စားသံုးပါရန္ ေတာင္သူဦးႀကီး တစ္ေယာက္၏ ေျပာျပခ်က္အား မွ်ေဝလိုက္ပါသည္။

Credit:  မူရင္းတင္သူ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကျွန်တော် ရွာရောက်တော့ ရုံးပတီသီး စိုက်သည့် တောင်သူ တစ်ဦးမှ ပြောပြသဖြင့် ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ရုံးပတီသီး ကို အစိမ်းတို့စားရတာ ကြိုက်သည်ဆိုက ရုံးပတီသီး ကို ဆားရည်ဖြင့် နာရီဝက်ခန့် စိမ်ပြီးမှ စားပါရန် အကြံပေးပါသည်။

ရုံးပတီသီး ကြိုက်သော ပိုးမွှား များတွင် လှေးပိုးသည် နှိမ်နင်းရန် အခက်ခဲဆုံးပိုးဖြစ်၏၊ အပင်ကို ဖျက်ဆီးသော ထိုပိုးသည် အကောင်မမြင်ရ၊ ဆေးမျိုးစုံ သုံးသော်လည်း ထိုပိုးကို မနိုင်။ထို့ကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနက တားမြစ်ထားသော အန္ဒိယ မှလာသည့် ဆေး တစ်မျိုးကို သုံးကြ၏၊ ထို ဆေး ကို သုံးမှရုံးပတီပင်ကို ဖျက်ဆီးသော လှေးပိုးကိုနိုင်၏၊

အပင်သန်၏၊ အသီးလှ၏၊ သို့သော် ထို ဆေး ၏ အာနိသင်ကား အလွန်ပြင်းထန်လှ၏၊ ဆေးသုံးစွဲသဖြင့် သေသော ပိုးကောင်ကို ငှက်စားက ငှက်သေ၏၊ ထိုသေသော ငှက် ကို ခွေးကစားမိပြန်က ခွေးသေ၏။ထိုဆေးအာနိသင်ကား ပိုးကောင်လည်းသေ၊ ပိုးကောင်သေစားသော ငှက် လည်းသေ၊ ငှက် သေစားသော ခွေးလည်းသေသဖြင့် သုံးဆင့်ခန့် အာနိသင်ပြင်းထန်၏။

ထိုကဲ့သို့ အာနိသင်ပြင်းထန်သော ဆေး ကို နိုင်ငံတော်က တားမြစ်ထားပြီး စိုက်ပျိုးရေး ပညာပေး ဟောပြောမှုတွေပြုလုပ်ပါသော်လည်း အရင်းမရှုံးလိုသော တောင်သူများက မှောင်ခိုဝင်လာလို့ ရလျှင်သုံးစွဲမည်သာ ဖြစ်၏။

ထိုအာနိသင်ပြင်းသော ဆေးကို ယနေ့ပက်ဖျန်းပြီး မနက်ဖြန် ရုံးပတီသီးခူးကာ မြို့တက်ရောင်းသည်လည်းရှိ၏။ ထို ရုံးပတီသီး ကို အစိမ်း စားသုံးမိပါက ဘေးထွက်ဆိုးကျိုးကို ခံရမည်ဖြစ်၏။

ထို့ကြောင့် ရုံးပတီသီး ကို အစိမ်းကြိုက်ပါက နာရီဝက်ခန့် ဆားရည်စိမ်စားသုံးပါရန် တောင်သူဦးကြီး တစ်ယောက်၏ ပြောပြချက်အား မျှဝေလိုက်ပါသည်။

Credit:  မူရင်းတင်သူ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top