iMyanmarHouse.com - Best Property Website for Myanmar
×

လွပတဲ့အၿပံဳးေလးကို ပိုင္ဆုိင္ရဖို႔ဆိုတာ သြားေလးေတြကျဖဴေဖြးၿပီး သန္႔စင္ေနဖို႔က အေရးႀကီးဆံုးပါေနာ္။ သြားေလးေတြ ျဖဴေဖြးေနဖို႔ဆိုတာ သြားကိုတစ္ေန႔ႏွစ္ႀကိမ္ ပံုမွန္တိုက္ေပးေန႐ံုနဲ႔လည္း မရဘူးေနာ္။ သြားေတြကို ျဖဴေဖြးၿပီး ႀကံ႕ခိုင္ေစဖို႔အတြက္ဆိုရင္ စားေပးဖို႔လိုအပ္တဲ့အရာေတြကို ပံုမွန္ေလးစားေပးမယ္ဆိုရင္ က်န္းမာတဲ့သြားေတြကို ပိုင္ဆိုင္ရေစမွာပဲျဖစ္ပါတယ္။

စေတာ္ဘယ္ရီသီး

ဒီအရည္ရႊမ္းတဲ့အသီးက သင့္သြားေတြကို ဆြဲေဆာင္မႈရွိရွိနဲ႔ လွပတဲ့အၿပံဳးမ်ိဳး ပိုင္ဆိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ စေတာ္ဘယ္ရီသီးမွာ အဓိကပါဝင္ေနတဲ့ Malic အက္စစ္က သြားေတြမွာေပေနတတ္တဲ့ အဝါေရာင္အစြန္းအထင္းေတြကို ဖယ္ရွားေပးႏိုင္ၿပီး ျဖဴေဖြးတဲ့သြားေလးေတြကို ပိုင္ဆိုင္ရေစပါတယ္။

ပန္းေဂၚဖီ

ငယ္ငယ္တုန္းကေတာ့ ပန္းေဂၚဖီကိုသိပ္မႀကိဳက္ခဲ့ပါဘူး။ ႀကီးလာတဲ့အခ်ိန္မွာေတာ့ က်န္းမာေရးစာအုပ္ေတြဖတ္ရင္းနဲ႔ ခႏၶာကိုယ္အတြက္ အရမ္းကိုအေထာက္အကူျပဳေနတယ္ဆိုတာ သိရလို႔စားၾကည့္ေတာ့လည္း အရသာကေကာင္းပါတယ္။ ပန္းေဂၚဖီမွာပါဝင္ေနတဲ့ သံဓာတ္ေတြက သြားပိုးစားျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ပန္းသီး

ပန္းသီးကိုပံုမွန္စားေပးမယ္ဆိုရင္ သြားပိုးစားျခင္းကို ကာကြယ္ေပးႏိုင္ၿပီး ခံတြင္းက်န္းမာေရးကိုလည္း အေထာက္အကူျပဳႏိုင္ပါတယ္။

လိေမၼာ္သီး

လိေမၼာ္သီးမွာပါဝင္ေနတဲ့ ဗီတာမင္ဓာတ္ေတြက သင့္သြားေတြကိုခိုင္မာေစဖို႔ ကူညီေပးႏိုင္ၿပီး ခံတြင္းထဲမွာဘက္တီးရီးယားေတြ မရွိေအာင္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။ သြားတိုက္ၿပီးသြားတဲ့အခ်ိန္မွာ စားေပးမယ္ဆိုရင္ ပိုၿပီးထိေရာက္မႈလည္းရွိပါတယ္ေနာ္။

နာနတ္သီး

နာနတ္သီးကို စားလိုက္တဲ့အခ်ိန္မွာ သင့္ရဲ႕သြားမွာ ဘာအညစ္ေၾကးမွမရွိေတာ့သလိုမ်ိဳး ခံစားရမွာကေတာ့ အမွန္ပါပဲ။ နာနတ္သီးကို စားလိုက္ျခင္းက သြားမွာရွိေနတဲ့ အစြန္းအထင္းေတြကို ေလ်ာ့နည္းေစၿပီး သြားေတြကို ခိုင္ၿမဲေစတတ္ပါတယ္။

ဒါေတြကေတာ့ ကေလးေတြေရာ၊ လူႀကီးေတြပါသြားက်န္းမာေရး ေကာင္းေစဖို႔အတြက္ စားေပးဖို႔သင့္ေတာ္တဲ့ တကယ္ထိေရာက္တဲ့နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။

Photo Source : Pexels

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပတဲ့အပြုံးလေးကို ပိုင်ဆိုင်ရဖို့ဆိုတာ သွားလေးတွေကဖြူဖွေးပြီး သန့်စင်နေဖို့က အရေးကြီးဆုံးပါနော်။ သွားလေးတွေ ဖြူဖွေးနေဖို့ဆိုတာ သွားကိုတစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ပေးနေရုံနဲ့လည်း မရဘူးနော်။ သွားတွေကို ဖြူဖွေးပြီး ကြံ့ခိုင်စေဖို့အတွက်ဆိုရင် စားပေးဖို့လိုအပ်တဲ့အရာတွေကို ပုံမှန်လေးစားပေးမယ်ဆိုရင် ကျန်းမာတဲ့သွားတွေကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီသီး

ဒီအရည်ရွှမ်းတဲ့အသီးက သင့်သွားတွေကို ဆွဲဆောင်မှုရှိရှိနဲ့ လှပတဲ့အပြုံးမျိုး ပိုင်ဆိုင်ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးမှာ အဓိကပါဝင်နေတဲ့ Malic အက်စစ်က သွားတွေမှာပေနေတတ်တဲ့ အဝါရောင်အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပြီး ဖြူဖွေးတဲ့သွားလေးတွေကို ပိုင်ဆိုင်ရစေပါတယ်။

ပန်းဂေါ်ဖီ

ငယ်ငယ်တုန်းကတော့ ပန်းဂေါ်ဖီကိုသိပ်မကြိုက်ခဲ့ပါဘူး။ ကြီးလာတဲ့အချိန်မှာတော့ ကျန်းမာရေးစာအုပ်တွေဖတ်ရင်းနဲ့ ခန္ဓာကိုယ်အတွက် အရမ်းကိုအထောက်အကူပြုနေတယ်ဆိုတာ သိရလို့စားကြည့်တော့လည်း အရသာကကောင်းပါတယ်။ ပန်းဂေါ်ဖီမှာပါဝင်နေတဲ့ သံဓာတ်တွေက သွားပိုးစားခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပန်းသီး

ပန်းသီးကိုပုံမှန်စားပေးမယ်ဆိုရင် သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်ပြီး ခံတွင်းကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေက သင့်သွားတွေကိုခိုင်မာစေဖို့ ကူညီပေးနိုင်ပြီး ခံတွင်းထဲမှာဘက်တီးရီးယားတွေ မရှိအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ သွားတိုက်ပြီးသွားတဲ့အချိန်မှာ စားပေးမယ်ဆိုရင် ပိုပြီးထိရောက်မှုလည်းရှိပါတယ်နော်။

နာနတ်သီး

နာနတ်သီးကို စားလိုက်တဲ့အချိန်မှာ သင့်ရဲ့သွားမှာ ဘာအညစ်ကြေးမှမရှိတော့သလိုမျိုး ခံစားရမှာကတော့ အမှန်ပါပဲ။ နာနတ်သီးကို စားလိုက်ခြင်းက သွားမှာရှိနေတဲ့ အစွန်းအထင်းတွေကို လျော့နည်းစေပြီး သွားတွေကို ခိုင်မြဲစေတတ်ပါတယ်။

ဒါတွေကတော့ ကလေးတွေရော၊ လူကြီးတွေပါသွားကျန်းမာရေး ကောင်းစေဖို့အတွက် စားပေးဖို့သင့်တော်တဲ့ တကယ်ထိရောက်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

Photo Source : Pexels

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top