iMyanmarHouse.com - Best Property Website for Myanmar
×





အိမ်မှာနေရင်း မိမိမျက်နှာ အရည်အပြားလှပအောင် ကိုယ်ကိုယ်တိုင်ပေါင်းတင်ပေးလို့ရပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်ကို မျှဝေပေးရမယ်ဆိုရင်.....

အမှုန့်ကြိတ်ထားတဲ့ နနွင်း၊ မန်ကျည်း၊ သနပ်ခါးအပြင် အခြားသောအရည်အပြားလှရန် လိမ်းနေချဆေးဥ၊ ဆေးမြစ်များကို အမုန့်ကြိတ်အသုံးပြုနိုင်ပါတယ်။ ပြီးရင် ယင်းအမုန့်ကို ဒိန်ချဉ် (သို့) နွားနို့ (သို့) ပျားရည်တို့နဲ့ ရောနယ်ရပါမယ်။ ပြီးရင် ယင်းအရည်ကို မျက်နှာပေါ်လိမ်းခြယ်နိုင်ပါပြီ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာပြီးချိန်မှာ ရေနဲ့ဆေးချလိုက်ရပါမယ်။

ယင်းသို့ပြုလုပ်ခြင်းဖြင့် မျက်နှာပေါ်မှာဖြစ်ပေါ်တတ်တဲ့ တင်းတိတ်၊ ဝက်ခြံ၊ မဲ့ခြောက်၊ အမာရွတ်နဲ့ အရည်အပြားအနာအဆာ၊ ယားယံ၊ ရောဂါမျိုးစုံကို ပျောက်ကင်းသက်သာစေမှာဖြစ်ပါတယ်။ မျက်နှာမှာသေဆုံးနေတဲ့ ဆဲလ်များကိုဖယ်ရှင်းပြိး ဆဲလ်အသစ်များနဲ့ ပြန်လည်အစားထိုးရှင်သန်စေမှာဖြစ်ပါတယ်။ ၂ပတ်ကနေ ၄ပတ်အတွင်း သိသိသာသာထူးခြားလှပလာစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အရွယ်တင်နုပျိုစေမယ့် နည်းလမ်းကောင်းလေးလည်းဖြစ်တာမို့ ပျိုမေတို့ပြုလုပ်နိုင်အောင် မျှဝေပေးလိုက်ရပါတယ်။

Credit : International News for Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top