iMyanmarHouse.com - Best Property Website for Myanmar
×



















{ဒါဘဲရမယ်}



{သေသွားမယ်}



{အကယ်ဒမီရှော့}













{ကိုဒေါသ}



{ဦးစိတ်တို}

ဒါကြောင့်





ပို့သပေးပါတယ်။

စော် အထာမှာ ဆရာကျတဲ့ ယောက်ျားတို့ရဲ့ မာယာ ဆိုတာ မိန်းကလေးတွေ နှိပ်ကြည့်လိုက်နော်။

မိန်းကလေးတိုင်းသိထားသင့်တဲ့ ယောက်ျားတို့ မာယာ ”

Propose လုပ်နေဆဲကာလမှာ

သေမလိုရှင်မလို Feel ပြတယ်

ရင်မခုန်ဘူး ဒါပေမယ့် ရည်းစားရချင်ဇောနဲ့

ဟတ်ဟတ်ထိုး ကြွေချင်ယောင်ဆောင်ပြတယ်

စိတ်မပါဘဲနဲ့လည်း အသည်းအသန်ဂရုစိုက်ပြတယ်

လိုချင်တဲ့Targetမရောက်မချင်းအမိန့်တွေနာခံဖို့ဝန်မလေးဘူး

လိုအပ်ရင် မျက်နှာရှစ်ခေါက်ချိုးဇီးရွက်လောက်လုပ်ပြမယ်

တစ်ဖက်က သနားစိတ်ဝင်သွားအောင်မျက်နှာလေးညှိုးပြမယ်

ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ

Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ်

ဘာလုပ်နေလဲ ယောင်ပြီးလာမမေးနဲ့

သတိရလို့ Photo လေးထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ

တစ်ရက်လောက်မတွေ့ရရင်ကို ကမ္ဘာပဲပျက်တော့မလိုနဲ့

Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာအမော

ပိန်သွားတယ်နော် သွားမပြောနဲ့

ဟုတ်တယ် ညညလွမ်းလို့အိပ်မပျော်တာ

{ဒါဘဲရမယ်}

ဝလာတယ်ပြောကြည့်ဦးမလား

အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာနေတာလေ…

{သေသွားမယ်}

နဖူးလေး အားယားလို့သွားမစမ်းနဲ့

ချက်ချင်းပျော့ကျပြီး လူမမာလုံးလုံးဖြစ်သွားတာ

{အကယ်ဒမီရှော့}

>ဟော လာပါပြီ Anni တွေလွန်မြောက်ပြီးနောက်

သေသေရှင်ရှင် ပစ်ထားတယ်

အဖြေရတာ မသိရင်တစ်ဘဝလုံးပိုင်သွားတာကျနေတာဘဲ

ဆက်လက်၍ ကြိုးစားရန်မလိုအပ်တော့လို့ထင်မှတ်သွားပြီလေ

ဂရုလည်းမစိုက်တော့ဘူး သေရင်တောင်သိလိုက်မယ်မထင်

အဖြေရပြီးပြီဆိုတော့ စစ်တပ်ကအာဏာပြန်သိမ်းပြီလေ

မျက်နှာက မြောက်ကိုရီးယားသမ္မတရုပ်လို တည်သွားပြီ

ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင်သွားဦးမယ်

Reply ကြာချက်USAအာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ

အင်း/ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ရောက်မလာသေး

ဘာလုပ်နေလဲ အရေးတယူသွားမမေးနဲ့

ဘာလုပ်ရမှာလဲ အားနေတယ်ထင်နေလို့လား

{ကိုဒေါသ}

ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့မကြိုက်ဘူး

သစ်ရွက်လှုပ်တာနဲ့ စိတ်ကတိုနေတတ်တဲ့အချိန်ဖြစ်သွားပြီ

{ဦးစိတ်တို}

ဒါကြောင့်

တချို့ယောက်ျားလေးတွေက ရည်းစားမဖြစ်သေးခင်မှာတော့ မာယာလေးတွေသုံးတတ်ကြပါတယ်နော်

အဖြေရပြီးရင်တော့အမှန်တရားလေးတွေမြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေးတို့ရေ။

ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။

အချစ်ရေးမှာ ကံကောင်းကြပါစေနော်။

Credit : Original Uploader

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top