iMyanmarHouse.com - Best Property Website for Myanmar
×
၎။ ခပ်ရွရွလေးပြေးပါ
Credit : Mystyle
အားလုံးပဲ မင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူတွေအတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။ သင်လုပ်နေတဲ့ ကိုယ်လက်လေ့ကင့်ခန်းမှာ အခုဖော်ပြမယ့်နည်းလမ်းတွေကို ဖြည့်စွက်ပြီး လုပ်ပေးလို့ရပါတယ်နော်။ ဒါပေမယ့် တစ်ခုအကြံပြုချင်တာက ကိုယ်အလေးချိန်ကျဖို့ဆိုရင် အခုဖော်ပြမယ့် နည်းလမ်းတွေသာမက ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။
၁။ သင့်ရဲ့ နေ့ရက်ကို သံပယိုရည် တစ်ခွက်သောက်ပြီးစတင်လိုက်ပါ
မနက်အိပ်ယာနိုးနိုးချင်း သံပယိုရည်ကို ရေနွေးတစ်ခွက်ထဲ ညစ်ထည့်ပြီး သောက်ပေးလိုက်ပါ။ ပျားရည်နည်းနည်းထည့်နိုင်ပါတယ်။ ဗိုက်ထဲမှာ ဘာအစာမှမရှိခင်မှာသောက်ပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ဗီတာမင် ပါဝင်မှုများလို့ ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေပါတယ်။
၂။ ပန်းသီးရှလကာရည် သောက်မယ်
ပန်းသီးရှလကာရည်ဟာ သင့်ခန္ဓာကိုယ်က အဆီတွေကို ကျစေပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။
ပန်းသီးရှကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကိုရေတစ်ခွက်နဲ့ ရောပြီး သောက်ပေးပါ။ တစ်ရက်ကို အစာမစားခင် ၂ ကြိမ်ကနေ ၃ ကြိမ်အထိသောက်နိုင်ပါတယ်။
၃။ သင်ပုံမှန်သောက်နေတဲ့ လက်ဖက်ရည်၊ ကော်ဖီနေရာမှာ Green Tea ကို သောက်ပါ။
ကော်ဖီနဲ့ လက်ဖက်ရည်နေရာမှာ Green Tea ကိုထည့်သောက်ခြင်းဖြင့် သင့်ကို ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။
၄။ ခပ်ရွရွလေးပြေးပါ
မနက်ခင်းမှာဖြစ်ဖြစ်၊ ညနေပိုင်းမှာဖြစ်ဖြစ် ၁၅ မိနစ် နာရီဝက်လောက်အချိန်ပေးပြီး ခပ်ရွရွလေး ပြေးလိုက်ပါ။ ပြေးတာဟာ သင့်ခန္ဓာကိုယ်က အဆီတွေကို အမြန်ဆုံးလောင်ကျွမ်းစေပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top