iMyanmarHouse.com - Best Property Website for Myanmar
×

ေရေသာက္နည္းတယ္ဆိုတာက ေကာင္းတဲ့အခ်က္ေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ အျပင္ကိုေရာက္ေနတာေၾကာင့္ပဲျဖစ္ျဖစ္၊ အလုပ္ေတြအရမ္းမ်ားေနတာေတြေၾကာင့္ ေရမေသာက္ျဖစ္တာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း ေရေသာက္ရမွာကို ပ်င္းေနတာေတြေၾကာင့္ပါ။ ဘယ္လိုအေၾကာင္းမ်ိဳးေတြေၾကာင့္ပဲျဖစ္ျဖစ္ ေရေသာက္နည္းေပမယ့္လည္း သင့္ခႏၶာကိုယ္မွာ ေရဓာတ္ေကာင္းေကာင္းျပည့္ဝေနေစဖို႔အတြက္ လုပ္ေပးသင့္တဲ့အရာေတြလည္းရွိေနပါတယ္ေနာ္။

အသီးအႏွံမ်ားမ်ားစားေပးပါ

အထူးသျဖင့္ အရည္ရႊမ္းတဲ့အသီးႏွံမ်ိဳးေတြကို စားသံုးေပးမယ္ဆိုရင္ ေရေသာက္နည္းတယ္ဆိုရင္ေတာင္ ေရဓာတ္ကိုေတာ့မခမ္းေျခာက္သြားေစပါဘူး။ ဖရဲသီး၊ နာနာတ္သီး၊ သခြားသီး အစရွိတဲ့အရည္ရႊမ္းတဲ့အသီးအႏွံေတြကို မ်ားမ်ားစားေပးလိုက္ပါ။

အုန္းေရေသာက္ေပးပါ

အုန္းေရမွာလည္း ေရဓာတ္ျပည့္ဝေစတဲ့ အရာေတြမ်ားစြာပါဝင္ေနတာေၾကာင့္ ေရေသာက္နည္းတဲ့သူေတြအတြက္ အရမ္းကိုသင့္ေတာ္ပါတယ္။ ေနပူထဲမွာသြားလာေနရတဲ့အခါမွာပဲျဖစ္ျဖစ္ အုန္းေရေအးေအးေလးတစ္ခြက္ေသာက္လိုက္ရင္ အေမာလည္းေျပေစၿပီး ေရဓာတ္လည္းျပည့္ဝေနမွာပဲျဖစ္ပါတယ္။

အစိမ္းေရာင္ရွိတဲ့အသီးအႏွံ

အစိမ္းေရာင္ရွိတဲ့အသီးအႏွံေတြမွာ ဗီတာမင္ဓာတ္ေတြမ်ားစြာပါဝင္ေနတာကိုေတာ့ လူတိုင္းသိထားၿပီးသားျဖစ္မွာပါ။ သင့္ရဲ႕ေန႔စဥ္စားေသာက္မႈစာရင္းထဲမွာ အစိမ္းေရာင္အသီးအႏွံေတြလည္း ပါေနတာဆိုေတာ့ မ်ားမ်ားစားေပးမယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္မွာေရဓာတ္လည္း ျပည့္ဝေနမွာပဲျဖစ္ပါတယ္။

ေရေႏြးၾကမ္း

ေရေသာက္ပ်င္းတယ္ဆိုရင္ေတာင္ ေရေႏြးၾကမ္းေလးေတာ့ ေသာက္ေပးၾကည့္သင့္ပါတယ္။ ေရေႏြးၾကမ္းကလည္းသင့္ခႏၶာကိုယ္ထဲမွာရွိေနတဲ့ အဆိပ္အေတာက္ေတြကိုေျပေလ်ာ့သြားေစၿပီး အသားအေရကိုလည္း ၾကည္လင္ႏုပ်ိဳလာေစပါတယ္။

ဒါေတြကေတာ့ ေရေသာက္နည္းတဲ့သူေတြအေနနဲ႔ မျဖစ္မေနလုပ္ေပးသင့္တဲ့အရာေတြပဲျဖစ္ပါတယ္။ ေရဓာတ္မျပည့္ဝေနဘူးဆိုရင္ အသားအေရကိုေျခာက္ေသြ႔ၾကမ္းတမ္းၿပီး ဆိုးက်ိဳးေတြကိုပဲျဖစ္လာေစမွာျဖစ္ပါတယ္။

Photo Source: Pexel

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေသောက်နည်းတယ်ဆိုတာက ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ အပြင်ကိုရောက်နေတာကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်တွေအရမ်းများနေတာတွေကြောင့် ရေမသောက်ဖြစ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ရေသောက်ရမှာကို ပျင်းနေတာတွေကြောင့်ပါ။ ဘယ်လိုအကြောင်းမျိုးတွေကြောင့်ပဲဖြစ်ဖြစ် ရေသောက်နည်းပေမယ့်လည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေစေဖို့အတွက် လုပ်ပေးသင့်တဲ့အရာတွေလည်းရှိနေပါတယ်နော်။

အသီးအနှံများများစားပေးပါ

အထူးသဖြင့် အရည်ရွှမ်းတဲ့အသီးနှံမျိုးတွေကို စားသုံးပေးမယ်ဆိုရင် ရေသောက်နည်းတယ်ဆိုရင်တောင် ရေဓာတ်ကိုတော့မခမ်းခြောက်သွားစေပါဘူး။ ဖရဲသီး၊ နာနာတ်သီး၊ သခွားသီး အစရှိတဲ့အရည်ရွှမ်းတဲ့အသီးအနှံတွေကို များများစားပေးလိုက်ပါ။

အုန်းရေသောက်ပေးပါ

အုန်းရေမှာလည်း ရေဓာတ်ပြည့်ဝစေတဲ့ အရာတွေများစွာပါဝင်နေတာကြောင့် ရေသောက်နည်းတဲ့သူတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ နေပူထဲမှာသွားလာနေရတဲ့အခါမှာပဲဖြစ်ဖြစ် အုန်းရေအေးအေးလေးတစ်ခွက်သောက်လိုက်ရင် အမောလည်းပြေစေပြီး ရေဓာတ်လည်းပြည့်ဝနေမှာပဲဖြစ်ပါတယ်။

အစိမ်းရောင်ရှိတဲ့အသီးအနှံ

အစိမ်းရောင်ရှိတဲ့အသီးအနှံတွေမှာ ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတာကိုတော့ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ သင့်ရဲ့နေ့စဉ်စားသောက်မှုစာရင်းထဲမှာ အစိမ်းရောင်အသီးအနှံတွေလည်း ပါနေတာဆိုတော့ များများစားပေးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာရေဓာတ်လည်း ပြည့်ဝနေမှာပဲဖြစ်ပါတယ်။

ရေနွေးကြမ်း

ရေသောက်ပျင်းတယ်ဆိုရင်တောင် ရေနွေးကြမ်းလေးတော့ သောက်ပေးကြည့်သင့်ပါတယ်။ ရေနွေးကြမ်းကလည်းသင့်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုပြေလျော့သွားစေပြီး အသားအရေကိုလည်း ကြည်လင်နုပျိုလာစေပါတယ်။

ဒါတွေကတော့ ရေသောက်နည်းတဲ့သူတွေအနေနဲ့ မဖြစ်မနေလုပ်ပေးသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ ရေဓာတ်မပြည့်ဝနေဘူးဆိုရင် အသားအရေကိုခြောက်သွေ့ကြမ်းတမ်းပြီး ဆိုးကျိုးတွေကိုပဲဖြစ်လာစေမှာဖြစ်ပါတယ်။

Photo Source: Pexel

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top