iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ေယာက္မွာ အႀကိဳက္ဆံုး ဘီယာ ရွိေနျခင္းဟာ က်န္းမာေရး အတြက္ ေကာင္းမြန္ ေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ပတ္ကို ၂ ပိုင့္သာ ေသာက္သံုးေပးဖို႔ေတာ့ လိုအပ္ပါတယ္။

တန္ေဆး လြန္ေဘး ဆိုသလိုပါပဲ။ အပတ္တိုင္း ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ခန္႔ ေသာက္သံုးတဲ့ အမ်ိဳးသမီးေတြဟာ ႏွလံုးေရာဂါ ျဖစ္ပြားျခင္းကို ခံစားရဖို႔ အခြင့္အလမ္း နည္းေစတယ္ လို႔ Gothenburg တကၠသိုလ္က သုေတသီေတြက ရွာေဖြ ေတြ႕ရွိခဲ့ ၾကပါတယ္။

ဒီလို အပတ္စဥ္ ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ ခန္႔ ေသာက္သံုးသူေတြဟာ ဘီယာ အလြန္အကၽြံ ေသာက္သံုးသူေတြ ၊ ဘီယာ လံုး၀ မေသာက္သူေတြနဲ႔ ယွဥ္ရင္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း နည္းပါးေနပါတယ္။

သုေတသီ ေတြဟာ အသက္ ၅၀ ၀န္းက်င္ ရွိေနၿပီျဖစ္တဲ့ အမ်ိဳးသမီး အေယာက္ ၁၅၀၀ ကို ေလ့လာမႈ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ထို အသက္အရြယ္ အလယ္အလတ္ ရွိတဲ့ အမ်ိဳးသမီးေတြကို ၁၉၆၈ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္အထိ ေတာက္ေလွ်ာက္ ေလ့လာမႈေတြ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ယမကာ မွီ၀ဲမႈေတြကိုလည္း ေရာဂါ ျဖစ္ပြားႏႈန္းနဲ႔ ႏိႈင္းယွဥ္ ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။

၃၂ ႏွစ္တာ ေလ့လာခဲ့တဲ့ ရလဒ္ကေတာ့ အမ်ိဳးသမီး ၁၈၅ ေယာက္ဟာ ႏွလံုးေရာဂါ ျဖစ္ခဲ့ၾကၿပီး ၁၆၀ ေယာက္ ဆီးခ်ိဳေသြးခ်ိဳ နဲ႔ ၃၄၅ ေယာက္တို႔က ကင္ဆာ ျဖစ္ခဲ့ၾကတာကိုေတြ႕ခဲ့ရပါတယ္။

အဲဒီ ရလဒ္ေတြကို ခြဲျခမ္းစိတ္ျဖာ ၾကည့္တဲ့အခါမွာေတာ့ ယမကာ အလြန္အကၽြံ ေသာက္သံုးသူေတြဟာ ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္းအထိ တိုးလာတာကို ေတြ႕ရသလို တစ္ပတ္ကို ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ခန္႔သာ ေသာက္သံုးသူေတြကေတာ့ ဘီယာ အလြန္အကၽြံ ေသာက္သံုးသူေတြနဲ႔ လံုး၀ မေသာက္တတ္သူေတြထက္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း နည္းပါးတာကိုေတြ႕ရျပန္ပါတယ္။

ထို ေလ့လာမႈကိုေတာ့ ဇူလိုင္လမွာ ထြက္ရွိခဲ့တဲ့ Scandinavian Journal of Primary Health Care မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

Credit : Dailymail
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေး တစ်ယောက်မှာ အကြိုက်ဆုံး ဘီယာ ရှိနေခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန် စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ၂ ပိုင့်သာ သောက်သုံးပေးဖို့တော့ လိုအပ်ပါတယ်။

တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ။ အပတ်တိုင်း ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းကို ခံစားရဖို့ အခွင့်အလမ်း နည်းစေတယ် လို့ Gothenburg တက္ကသိုလ်က သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။

ဒီလို အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့် ခန့် သောက်သုံးသူတွေဟာ ဘီယာ အလွန်အကျွံ သောက်သုံးသူတွေ ၊ ဘီယာ လုံး၀ မသောက်သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးနေပါတယ်။

သုတေသီ တွေဟာ အသက် ၅၀ ဝန်းကျင် ရှိနေပြီဖြစ်တဲ့ အမျိုးသမီး အယောက် ၁၅၀၀ ကို လေ့လာမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ထို အသက်အရွယ် အလယ်အလတ် ရှိတဲ့ အမျိုးသမီးတွေကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ တောက်လျှောက် လေ့လာမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ယမကာ မှီဝဲမှုတွေကိုလည်း ရောဂါ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

၃၂ နှစ်တာ လေ့လာခဲ့တဲ့ ရလဒ်ကတော့ အမျိုးသမီး ၁၈၅ ယောက်ဟာ နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး ၁၆၀ ယောက် ဆီးချိုသွေးချို နဲ့ ၃၄၅ ယောက်တို့က ကင်ဆာ ဖြစ်ခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။

အဲဒီ ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါမှာတော့ ယမကာ အလွန်အကျွံ သောက်သုံးသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရသလို တစ်ပတ်ကို ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့်သာ သောက်သုံးသူတွေကတော့ ဘီယာ အလွန်အကျွံ သောက်သုံးသူတွေနဲ့ လုံး၀ မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရပြန်ပါတယ်။

ထို လေ့လာမှုကိုတော့ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Scandinavian Journal of Primary Health Care မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Credit : Dailymail

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top