iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
ကိုုယ်ဟာ မိန်းကလေးဆန်လွန်းသူ တစ်ယောက်လား၊ ခပ်မိုက်မိုက်ပုံစံမျိုးလား၊ Feminine type လား၊ sexy type လား ဆိုတာကို သိနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အချက်လေးတွေအတိုင်း ဆန်းစစ် ကြည့်နိုင်ပါတယ်။ ယောကျ်ားလေး အများစုက မိန်းကလေးဆန်ဆန်နေတတ်တဲ့ Feminine type ကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။ ဒါ့ကြောင့် မိန်းမဆန်ဆန်နေတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူ က ဘယ်လိုလဲ ဆိုတာကို သိထားတော့ ပြောင်းလဲသင့်တာ၊ လိုက်နာသင့်တာတွေ သိရတာပေါ့။
(၁) မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း
လူကြားသူကြား၊ သူစိမ်းတွေအလယ်မှာလည်း ရှက်ကြောက်နေတာမျိုး ဖြစ်မနေဘဲ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေတတ်ပါတယ်။ နောက်ပြီး နေထိုင်သွားလာတာကအစ တည်တည်ငြိမ်ငြိမ် ရှိပါတယ်။ ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်ရင် လဲကျပြီး အရှက်မကွဲအောင် အိန္ဒြေရှိရှိ လျှောက်လှမ်းမယ် ဆိုရင် စမတ်ကျသူတစ်ယောက် ဖြစ်စေသလိုပဲ ဘယ်အခြေအနေမျိုးမှာမဆို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိနေမယ်ဆိုရင် အချိန်တိုင်း စမတ်ကျတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေစေမှာပါ။
(၂) မိန်းကလေးဆန်ဆန်ဝတ်စားဆင်ယင်ခြင်း
ဒီအချက်ကတော့ ထင်သာမြင်သာရှိတဲ့ အချက်ပါပဲ။ မိန်းကလေးဆန်ဆန် ဝတ်စားနေထိုင်ရတာကို ကြိုက်နှစ်သက်သူတွေက အတွင်းစိတ်နူးညံ့ကြပြီး မိန်းမဆန်ကြတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှု အပြင်ပန်းကိုပဲ ကြည့်ပြီး စိတ်နေသဘောထား ခန့်မှန်းလို့ မရဘူးဆိုပေမယ့် သူမက အမြဲတမ်းလိုလို မိန်းကလေးဆန်ဆန်ဝတ်စား ဆင်ယင်တတ်တယ် ဆိုရင်တော့ မိန်းမဆန်သူတစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။
(၃) ရင်းနှီးဖော်ရွေခြင်း
ဟိတ်ဟန်ပုံစံမျိုးနဲ့ မိမိကိုယ်ကိုယုံကြည်မှု ရှိတာနဲ့က ကွဲပြားပါတယ်။ တချို့တချို့တွေက မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိအောင် ကြိုးစားရင်း ဟိတ်ဟန်အပြည့်နဲ့ မာနကြီးသလို ဖြစ်သွားတတ် ပါတယ်။ လူတွေကို ချေသလိုသဘောမျိုးနဲ့ မျက်နှာထားတည်နေမယ်၊ တင်းမာနေမယ် ဆိုရင်တော့ သင့်ကို မိန်းမဆန်တဲ့သူတစ်ဦးအဖြစ် မသတ်မှတ်ကြတော့ပါဘူး။ ဒါ့ကြောင့် ရင်းနှီးဖော်ရွေစွာနဲ့ ပြုံးတတ်ဖို့ ကလည်း လိုပါသေးတယ်။
(၄) မိတ်ကပ်လိမ်းခြယ်ခြင်း
ဆေးဆိုးပန်းရိုက်မျက်နှာလို့ ပြောနေပေမယ့်လည်း မိန်းကလေးတွေ အတွက်တော့ မိတ်ကပ်လိမ်းထား မှ မိမိကိုယ်ကိုယုံကြည်မှု ရှိနေတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးဆန်ဆန် လှပချင်သူတွေက မိတ်ကပ်လိမ်းရတာကို ဝါသနာပါကြပါတယ်။ Feminine type တွေက မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရောင်နုတာတွေ၊ နှုတ်ခမ်းနီ ပန်းရောင်လိုမျိုး မိန်းကလေးဆန်ဆန် ပြင်ဆင်ခြယ်သတတ်ကြပါတယ်။
(၅) အလှအပထိန်းသိမ်းခြင်း
မိန်းကလေးဆိုတာ အဖုအထစ်ကလေးနဲ့ ကောက်ကြောင်းလှနေမှ မိန်းကလေးဆန်တယ်လို့ အများက သတ်မှတ်ထားကြတာပါ။ ဒီတော့မိန်းမ ဆန်ဆန်နေတတ်သူတွေက ခန္ဓာကိုယ်အချိုးအဆစ်လှပဖို့ အတွက် ကြိုးပမ်းတတ်ကြပါတယ်။ ဒီလိုဖြစ်ဖို့အတွက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်သလို၊ အသားအရေလှပဖို့ အတွက်လည်း ရေများများ သောက်သုံးပေးနိုင်ပါတယ်။
Credit : Myanmarplatform
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top