iMyanmarHouse.com - Best Property Website for Myanmar
×

ေျခဖေနာင့္ကြဲတာက မ်ားလာရင္ နာက်င္တာေတြ ျဖစ္လာႏိုင္သလို ဖေနာင့္မွာ အေၾကာင္းစင္းရာေတြ ျဖစ္လာၿပီး ၾကည့္ရဆိုးေစပါတယ္။ ေျခဖေနာင့္ ကြဲတာျဖစ္တဲ့အခါမွာ ေဆးေတြနဲ႔ ကုသၿပီး ေပ်ာက္ကင္းတာ ရွိသလို သဘာဝနည္းလမ္းေလးေတြသံုးၿပီး လုပ္ေဆာင္လို႔ရတာလည္း ရွိပါတယ္။ ေျခဖေနာင့္ကြဲျခင္းကို ျဖစ္ေပၚေစတဲ့အေၾကာင္းရင္း၊ ေျခဖေနာင့္ကြဲျခင္းကို သက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ားနဲ႔ အိမ္တြင္းနည္းလမ္းေလးေတြထဲကမွ ဆားရည္စိမ္ျခင္းအေၾကာင္းကို ေျပာျပမယ္ေနာ္။
ေျခဖေနာင့္ကြဲအက္ရတဲ့အေၾကာင္းရင္း

    အသားအေရေျခာက္ေသြ႔ျခင္း
    အိုမီဂါ ၃ နဲ႔ ဇင့္ဓါတ္ လံုလံုေလာက္ေလာက္ မရရွိျခင္းေ
    ေနာက္ပိတ္ဖိနပ္အစီးမ်ားျခင္း
    ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ခ်ိဳ႕တဲ့ျခင္း
    ကိုယ့္ေျခေထာက္နဲ႔ မေတာ္တဲ့ ေျခအိတ္ေတြ ဝတ္ဆင္မိျခင္း
    ကိုယ္အေလးခ်ိန္မ်ားျခင္း
    ဆီးခ်ိဳေရာဂါရွိျခင္း
    ရာသီဥတု အရမ္းပူျခင္း တို႔ျဖစ္ပါတယ္။

ေျခဖေနာင့္ကြဲအက္ျခင္းကို သက္သာေစမယ့္ နည္းလမ္းမ်ား
ပ်ားရည္

ပ်ားရည္က စိုစြတ္မႈကို ေပးစြမ္းႏိုင္ၿပီး ဘက္တီးရီးယားေတြကို ေသေစႏိုင္တာေၾကာင့္ ေျခဖေနာင့္ကြဲအက္ျခင္းေတြကို သက္သာေစပါတယ္။ ပ်ားရည္ေလးေတြ ေျခဖေနာင့္မွာ သုတ္လိမ္းၿပီး အိပ္ပါ။ ဒါဟာ ဆိုင္ေတြမွာ ပ်ားရည္နဲ႔ ေပါင္းတင္သလိုပါပဲ။ ေန႔တိုင္းလုပ္ေပးမယ္ဆိုရင္ေတာ့ ေျခဖေနာင့္ကြဲတာေတြ အေတာ္ေလး သက္သာလာတာကို ေတြ႔ရမွာပါ။
ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ကေတာ့ ဆဲလ္ေသေတြ ဖယ္ရွားေပးၿပီး ျဖဴစင္ၾကည္လင္ဝင္းပေစတဲ့ ေဆးဖက္ဝင္အရြက္တစ္မ်ိဳးပါပဲ။ ေျခေထာက္ကို ေရေႏြးေႏြးေလးနဲ႔ (၁၅) မိနစ္ေလာက္ စိမ္ထားၿပီးရင္ ရွားေစာင္းလက္ပပ္ေလးေတြကို လွီးၿပီး အတြင္းသား ဂ်ယ္လ္ေလးေတြယူကာ ဖေနာင့္မွာ လိမ္းပါ။ ေနာက္မွ ေရေဆးပါ။ ဒီလိုမ်ိဳး ေန႔တိုင္းလုပ္ေပးမယ္ဆိုရင္ ေျခဖေနာင့္ကြဲတာေတြ သက္သာလာမွာပါ။
ေျခဖေနာင့္ကြဲျခင္းနဲ႔ ဆားရည္စိမ္ျခင္း

ဆားမွာ ပါဝင္တဲ့ သတၱဳဓါတ္ေတြက ဘက္တီးရီးယားေတြကို ေသေစႏုိင္ၿပီး အနံ႔အသက္ဆိုးျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေျခဖေနာင့္မွာ အနာေလးေတြ ရွိေနတယ္ဆိုရင္ေတာ့ ဆားနဲ႔ထိေတြ႔တဲ့အခါ စပ္ႏိုင္ပါတယ္။ ဆားက အဆီေတြထြက္တာကိုလည္း ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ေျခေထာက္ေျခဆီ ထြက္တာေတြ မျဖစ္ေစႏိုင္တဲ့အျပင္ ျဖဴေဖြးေစပါတယ္။

ပထမဦးဆံုး ဆားကို ေရေႏြးနဲ႔ ေဖ်ာ္ပါ။ ေရေႏြးေလး နည္းနည္းေအးသြားတဲ့အခါမွာ ေျခေထာက္ကို စိမ္လိုက္ပါ။ ေျခေထာက္အသားေလးေတြ ေပ်ာ့လာၿပီဆိုရင္ ဆားၾကမ္းနဲ႔ ေျခဖေနာင့္ကို ပြတ္တိုက္ပါ။ ေျခေထာက္ကိုတိုက္တဲ့ ေက်ာက္တံုးေလးနဲ႔ ဖေနာင့္ကြဲတဲ့ေနရာကို တိုက္ပါ။ ေနာက္ေတာ့ အဝတ္စသန္႔သန္႔ေလးနဲ႔ သန္႔စင္လိုက္ပါ။ ႏွင္းဆီရည္ေလး ဖ်န္းတာမ်ိဳးေလး လုပ္ပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခြေဖနောင့်ကွဲတာက များလာရင် နာကျင်တာတွေ ဖြစ်လာနိုင်သလို ဖနောင့်မှာ အကြောင်းစင်းရာတွေ ဖြစ်လာပြီး ကြည့်ရဆိုးစေပါတယ်။ ခြေဖနောင့် ကွဲတာဖြစ်တဲ့အခါမှာ ဆေးတွေနဲ့ ကုသပြီး ပျောက်ကင်းတာ ရှိသလို သဘာဝနည်းလမ်းလေးတွေသုံးပြီး လုပ်ဆောင်လို့ရတာလည်း ရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း၊ ခြေဖနောင့်ကွဲခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများနဲ့ အိမ်တွင်းနည်းလမ်းလေးတွေထဲကမှ ဆားရည်စိမ်ခြင်းအကြောင်းကို ပြောပြမယ်နော်။
ခြေဖနောင့်ကွဲအက်ရတဲ့အကြောင်းရင်း

    အသားအရေခြောက်သွေ့ခြင်း
    အိုမီဂါ ၃ နဲ့ ဇင့်ဓါတ် လုံလုံလောက်လောက် မရရှိခြင်းေ
    နောက်ပိတ်ဖိနပ်အစီးများခြင်း
    ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့ခြင်း
    ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ ခြေအိတ်တွေ ဝတ်ဆင်မိခြင်း
    ကိုယ်အလေးချိန်များခြင်း
    ဆီးချိုရောဂါရှိခြင်း
    ရာသီဥတု အရမ်းပူခြင်း တို့ဖြစ်ပါတယ်။

ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ
ပျားရည်

ပျားရည်က စိုစွတ်မှုကို ပေးစွမ်းနိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ခြေဖနောင့်ကွဲအက်ခြင်းတွေကို သက်သာစေပါတယ်။ ပျားရည်လေးတွေ ခြေဖနောင့်မှာ သုတ်လိမ်းပြီး အိပ်ပါ။ ဒါဟာ ဆိုင်တွေမှာ ပျားရည်နဲ့ ပေါင်းတင်သလိုပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ခြေဖနောင့်ကွဲတာတွေ အတော်လေး သက်သာလာတာကို တွေ့ရမှာပါ။
ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကတော့ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး ဖြူစင်ကြည်လင်ဝင်းပစေတဲ့ ဆေးဖက်ဝင်အရွက်တစ်မျိုးပါပဲ။ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ (၁၅) မိနစ်လောက် စိမ်ထားပြီးရင် ရှားစောင်းလက်ပပ်လေးတွေကို လှီးပြီး အတွင်းသား ဂျယ်လ်လေးတွေယူကာ ဖနောင့်မှာ လိမ်းပါ။ နောက်မှ ရေဆေးပါ။ ဒီလိုမျိုး နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ခြေဖနောင့်ကွဲတာတွေ သက်သာလာမှာပါ။
ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း

ဆားမှာ ပါဝင်တဲ့ သတ္တုဓါတ်တွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အနံ့အသက်ဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခြေဖနောင့်မှာ အနာလေးတွေ ရှိနေတယ်ဆိုရင်တော့ ဆားနဲ့ထိတွေ့တဲ့အခါ စပ်နိုင်ပါတယ်။ ဆားက အဆီတွေထွက်တာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်ခြေဆီ ထွက်တာတွေ မဖြစ်စေနိုင်တဲ့အပြင် ဖြူဖွေးစေပါတယ်။

ပထမဦးဆုံး ဆားကို ရေနွေးနဲ့ ဖျော်ပါ။ ရေနွေးလေး နည်းနည်းအေးသွားတဲ့အခါမှာ ခြေထောက်ကို စိမ်လိုက်ပါ။ ခြေထောက်အသားလေးတွေ ပျော့လာပြီဆိုရင် ဆားကြမ်းနဲ့ ခြေဖနောင့်ကို ပွတ်တိုက်ပါ။ ခြေထောက်ကိုတိုက်တဲ့ ကျောက်တုံးလေးနဲ့ ဖနောင့်ကွဲတဲ့နေရာကို တိုက်ပါ။ နောက်တော့ အဝတ်စသန့်သန့်လေးနဲ့ သန့်စင်လိုက်ပါ။ နှင်းဆီရည်လေး ဖျန်းတာမျိုးလေး လုပ်ပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top