iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေရးမဝဘူး၊ အိပ္ေရးပ်က္တယ္ဆုိတဲ့စကားကို သူမ်ားေတြဆီကပဲ ၾကားေနရတယ္။ ကိုယ္က တစ္ခါမွမေျပာျဖစ္ဘူး။ တစ္ညကို ၄ နာရီေလာက္အိပ္ရင္ပဲ အိပ္ေရးဝၿပီလို႔ မွတ္ေနမိတယ္။

တကယ္ေတာ့ အိပ္ေရးဝရဲ႕လားဆုိတာကို ခႏၶာကိုယ္ကပဲ ေျပာျပေနမွာပါ။ ဒီအခ်က္ေတြ ျဖစ္ေနၿပီဆုိရင္ သင္ဟာ အိပ္ခ်ိန္လံုလံုေလာက္ေလာက္မရဘူးဆိုတဲ့သေဘာပါပဲ။

၁။ အၿမဲတမ္းဆာပါတယ္။ အိပ္ေရးပ်က္ၿပီး လူက ႏြမ္းနယ္ပင္ပန္းလာတဲ့အခါ လူက ဗိုက္ပိုဆာပါတယ္။ အိပ္ေရးမဝတဲ့အခါ ဆာေလာင္တဲ့ေဟာ္မုန္းေတြ ပိုထြက္လာၿပီး သၾကားနဲ႔အဆီကို ပိုေတာင့္တပါတယ္။

၂။ အိပ္ေရးမဝရင္ ပိုစားလို႔ ဝလာတာသက္သက္မဟုတ္ဘူး။ ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ကလည္း ေႏွးေကြးသြားတယ္။

၃။ မွတ္ဉာဏ္ေတြကလည္း မေကာင္းေတာ့ဘူး။ ခဏခဏေမ့လြယ္တယ္။ အာ႐ံုမစူးစိုက္ႏုိင္ ျဖစ္ေနတယ္။ ဆံုးျဖတ္ခ်က္ေတြခ်ဖုိ႔ကို မျပတ္သားေတာ့ဘူး။

၄။ အိပ္ေရးမဝျခင္းဟာ အာရံုစူးစိုက္မႈမေကာင္းရံုသာမက လုပ္ေဆာင္မႈေတြကိုလည္း ေႏွာင့္ေႏွးေစပါတယ္။ တစ္ခုခုလုပ္လုိက္တုိင္း အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေနပါတယ္။ ပံုမွန္လုပ္ေနၾကအလုပ္ေတြေတာင္မွ ေခ်ာေခ်ာေမြ႕ေမြ႕မျဖစ္ဘူး။

၅။ ေနာက္တစ္ခုက မၾကာခဏဖ်ားပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အိပ္ေရးမဝတဲ့အခါ ေရာဂါပိုးမႊားေတြကို တိုက္ထုတ္ႏိုင္တဲ့စြမ္းရည္က က်လာလို႔ေလ။ မၾကာခဏဖ်ားတယ္၊ အေအးမိႏွာေစးေတြ ခဏခဏျဖစ္ပါတယ္။ တစ္ညကို ၇ နာရီ အိပ္ခ်ိန္မရတဲ့အခါ ၈ နာရီအထက္ အိပ္စက္သူေတြနဲ႔ယွဥ္ရင္ အေအးမိႏိုင္ေျခ ၃ဆ ပိုမ်ားတယ္လို႔ သုေတသီေတြကဆုိထားပါတယ္။

၆။ မ်က္စိရဲ႕လုပ္ေဆာင္ခ်က္ကလည္း အားနည္းလာလို႔ အျမင္အာ႐ံုေတြ ေဝဝါးပါတယ္။ အိပ္ေရးမဝ ေမာပန္းႏံုးခ်ိၿပီး ၾကြက္သားေတြက ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ မ်က္လံုးအာရံုစိုက္မႈပါ အားနည္းၿပီး အျမင္အာရံုေတြ ေဝဝါးပါတယ္။

၇။ ေနာက္တစ္ခုကေတာ့ အသားအေရပါ။ အိပ္ေရးမဝရင္ အသားအေရက မြဲေျခာက္လာတယ္။ အီစထ႐ိုဂ်င္ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဝက္ျခံေတြထြက္လာပါေသးတယ္။ ဒါေၾကာင့္ကိုယ့္အသားအေရက ဘာေတြဘယ္ေလာက္လူးလူး ထူးမလာဘူးဆုိရင္ အိပ္ေရးဝဝအိပ္လိုက္ပါ။

Credit : Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိပ်ရေးမဝဘူး၊ အိပ်ရေးပျက်တယ်ဆိုတဲ့စကားကို သူများတွေဆီကပဲ ကြားနေရတယ်။ ကိုယ်က တစ်ခါမှမပြောဖြစ်ဘူး။ တစ်ညကို ၄ နာရီလောက်အိပ်ရင်ပဲ အိပ်ရေးဝပြီလို့ မှတ်နေမိတယ်။

တကယ်တော့ အိပ်ရေးဝရဲ့လားဆိုတာကို ခန္ဓာကိုယ်ကပဲ ပြောပြနေမှာပါ။ ဒီအချက်တွေ ဖြစ်နေပြီဆိုရင် သင်ဟာ အိပ်ချိန်လုံလုံလောက်လောက်မရဘူးဆိုတဲ့သဘောပါပဲ။

၁။ အမြဲတမ်းဆာပါတယ်။ အိပ်ရေးပျက်ပြီး လူက နွမ်းနယ်ပင်ပန်းလာတဲ့အခါ လူက ဗိုက်ပိုဆာပါတယ်။ အိပ်ရေးမဝတဲ့အခါ ဆာလောင်တဲ့ဟော်မုန်းတွေ ပိုထွက်လာပြီး သကြားနဲ့အဆီကို ပိုတောင့်တပါတယ်။

၂။ အိပ်ရေးမဝရင် ပိုစားလို့ ဝလာတာသက်သက်မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကလည်း နှေးကွေးသွားတယ်။

၃။ မှတ်ဉာဏ်တွေကလည်း မကောင်းတော့ဘူး။ ခဏခဏမေ့လွယ်တယ်။ အာရုံမစူးစိုက်နိုင် ဖြစ်နေတယ်။ ဆုံးဖြတ်ချက်တွေချဖို့ကို မပြတ်သားတော့ဘူး။

၄။ အိပ်ရေးမဝခြင်းဟာ အာရုံစူးစိုက်မှုမကောင်းရုံသာမက လုပ်ဆောင်မှုတွေကိုလည်း နှောင့်နှေးစေပါတယ်။ တစ်ခုခုလုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေပါတယ်။ ပုံမှန်လုပ်နေကြအလုပ်တွေတောင်မှ ချောချောမွေ့မွေ့မဖြစ်ဘူး။

၅။ နောက်တစ်ခုက မကြာခဏဖျားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိပ်ရေးမဝတဲ့အခါ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့စွမ်းရည်က ကျလာလို့လေ။ မကြာခဏဖျားတယ်၊ အအေးမိနှာစေးတွေ ခဏခဏဖြစ်ပါတယ်။ တစ်ညကို ၇ နာရီ အိပ်ချိန်မရတဲ့အခါ ၈ နာရီအထက် အိပ်စက်သူတွေနဲ့ယှဉ်ရင် အအေးမိနိုင်ခြေ ၃ဆ ပိုများတယ်လို့ သုတေသီတွေကဆိုထားပါတယ်။

၆။ မျက်စိရဲ့လုပ်ဆောင်ချက်ကလည်း အားနည်းလာလို့ အမြင်အာရုံတွေ ဝေဝါးပါတယ်။ အိပ်ရေးမဝ မောပန်းနုံးချိပြီး ကြွက်သားတွေက ကောင်းကောင်းအလုပ်မလုပ်တော့ မျက်လုံးအာရုံစိုက်မှုပါ အားနည်းပြီး အမြင်အာရုံတွေ ဝေဝါးပါတယ်။

၇။ နောက်တစ်ခုကတော့ အသားအရေပါ။ အိပ်ရေးမဝရင် အသားအရေက မွဲခြောက်လာတယ်။ အီစထရိုဂျင်ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေထွက်လာပါသေးတယ်။ ဒါကြောင့်ကိုယ့်အသားအရေက ဘာတွေဘယ်လောက်လူးလူး ထူးမလာဘူးဆိုရင် အိပ်ရေးဝဝအိပ်လိုက်ပါ။

Credit : Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top