iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥကို ျပဳတ္တာ၊ ေၾကာ္တာ စတဲ့ ဟင္းခ်က္တာေတြအျပင္ တျခား အသံုးဝင္မယ့္ နည္းလမ္းမ်ားကို ေဝမွ်ခ်င္ပါတယ္။

ၾကက္ဥကို ေကာင္းမေကာင္းကို ေရထည့္ထားတဲ့ ခြက္ထဲထည့္ၿပီး ဆံုးျဖတ္လို႔ရ

ခြက္တစ္ခြက္ထဲကို ေရထည့္လိုက္ပါ။ ၿပီးရင္ ၾကက္ဥထည့္လိုက္ပါ။

ၾကက္ဥက ေရေပၚေပၚေနရင္ မသံုးပါနဲ႔ေတာ့။ ေရေအာက္ျမွပ္ေနရင္ သံုးလို႔ရပါေသးတယ္။

ၾကက္ဥအခြံနဲ႔ ၾကက္ဥ အကာေတြကို ဖယ္ရွားလို႔ရ

ၾကက္ဥခြဲလိုက္လို႔ ၾကက္ဥအခြံက ပန္းကန္ထဲက်သြားရင္ ဖယ္ရခက္ပါတယ္။ ဒါေပမယ့္ ၾကက္ဥအခြံနဲ႔ဘဲ က်သြားတဲ့ ၾကက္ဥကို ျပန္ခပ္လိုက္ရင္ အလြယ္တကူ ဖယ္ရွားလို႔ရပါတယ္။

ၾကက္ဥအခြံက ေျမၾသစာလုပ္လို႔ရ

ကိုယ့္အိမ္မွာ သဘာဝနည္းအတိုင္း စိုက္ပ်ိဳးထားတဲ့အပင္ေတြရွိေနရင္ ၾကက္ဥအခြံကို ထည့္ေပးလို႔ရပါတယ္။ ဒါက သဘာဝ အားေဆးတစ္မ်ိဳးပါ။

ၾကက္ဥအနွစ္ခ်ည္းဘဲ ဘယ္လို ယူမလဲ

ၾကက္ဥ အႏွစ္ခ်ည္းဘဲလိုခ်င္ရင္ ေရသန္႔ဗူးအလြတ္တစ္လံုးကို ယူပါ။ ၿပီးရင္ ေရသန္႔ဗူးအလြတ္တစ္လံုးနဲ႔ ၾကက္ဥအနွစ္ကို ခ်ိန္ၿပီး ဗူးနဲ႔ စုပ္ယူလိုက္ရင္ အလြယ္တကူ ပါလာပါလိမ့္မယ္။

ၾကက္ဥေတြအမ်ားႀကီး ပိုေနရင္

တခါတေလ ၾကက္ဥကတ္ထဲမွာ ၾကက္ဥေတြအမ်ားႀကီးရွိေနၿပီး အခ်ိန္လည္း ၾကာၿပီျဖစ္လို႔ပိုေနရင္ ၾကက္ဥကိုခြဲၿပီး ေရခဲတံုးခဲတဲ့ကတ္ေတြထဲ ထည့္ထားလိုက္ပါ။ ၿပီးရင္ ခဲထားပါ။ ဒါဆိုရင္ စားခ်င္တဲ့အခ်ိန္မွာ ျပန္ေပ်ာ္ေအာင္ လုပ္ၿပီး ခ်က္စားလို႔ရပါတယ္။

ၾကက္ဥကို လွလွပပ အပိုင္းေလးေတြ ပိုင္းဖို႔ အပ္ခ်ည္သံုးပါ

ၾကက္ဥကို တစ္ဝက္ တိတိက်က် လွလွပပ လွီးဖို႔ အပ္ခ်ည္သံုးလို႔ရပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်ဥကို ပြုတ်တာ၊ ကြော်တာ စတဲ့ ဟင်းချက်တာတွေအပြင် တခြား အသုံးဝင်မယ့် နည်းလမ်းများကို ဝေမျှချင်ပါတယ်။

ကြက်ဥကို ကောင်းမကောင်းကို ရေထည့်ထားတဲ့ ခွက်ထဲထည့်ပြီး ဆုံးဖြတ်လို့ရ

ခွက်တစ်ခွက်ထဲကို ရေထည့်လိုက်ပါ။ ပြီးရင် ကြက်ဥထည့်လိုက်ပါ။

ကြက်ဥက ရေပေါ်ပေါ်နေရင် မသုံးပါနဲ့တော့။ ရေအောက်မြှပ်နေရင် သုံးလို့ရပါသေးတယ်။

ကြက်ဥအခွံနဲ့ ကြက်ဥ အကာတွေကို ဖယ်ရှားလို့ရ

ကြက်ဥခွဲလိုက်လို့ ကြက်ဥအခွံက ပန်းကန်ထဲကျသွားရင် ဖယ်ရခက်ပါတယ်။ ဒါပေမယ့် ကြက်ဥအခွံနဲ့ဘဲ ကျသွားတဲ့ ကြက်ဥကို ပြန်ခပ်လိုက်ရင် အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။

ကြက်ဥအခွံက မြေသြစာလုပ်လို့ရ

ကိုယ့်အိမ်မှာ သဘာဝနည်းအတိုင်း စိုက်ပျိုးထားတဲ့အပင်တွေရှိနေရင် ကြက်ဥအခွံကို ထည့်ပေးလို့ရပါတယ်။ ဒါက သဘာဝ အားဆေးတစ်မျိုးပါ။

ကြက်ဥအနှစ်ချည်းဘဲ ဘယ်လို ယူမလဲ

ကြက်ဥ အနှစ်ချည်းဘဲလိုချင်ရင် ရေသန့်ဗူးအလွတ်တစ်လုံးကို ယူပါ။ ပြီးရင် ရေသန့်ဗူးအလွတ်တစ်လုံးနဲ့ ကြက်ဥအနှစ်ကို ချိန်ပြီး ဗူးနဲ့ စုပ်ယူလိုက်ရင် အလွယ်တကူ ပါလာပါလိမ့်မယ်။

ကြက်ဥတွေအများကြီး ပိုနေရင်

တခါတလေ ကြက်ဥကတ်ထဲမှာ ကြက်ဥတွေအများကြီးရှိနေပြီး အချိန်လည်း ကြာပြီဖြစ်လို့ပိုနေရင် ကြက်ဥကိုခွဲပြီး ရေခဲတုံးခဲတဲ့ကတ်တွေထဲ ထည့်ထားလိုက်ပါ။ ပြီးရင် ခဲထားပါ။ ဒါဆိုရင် စားချင်တဲ့အချိန်မှာ ပြန်ပျော်အောင် လုပ်ပြီး ချက်စားလို့ရပါတယ်။

ကြက်ဥကို လှလှပပ အပိုင်းလေးတွေ ပိုင်းဖို့ အပ်ချည်သုံးပါ

ကြက်ဥကို တစ်ဝက် တိတိကျကျ လှလှပပ လှီးဖို့ အပ်ချည်သုံးလို့ရပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top