iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္တြင္းေရးအႀကံေပးသူေတြကေတာ့ ဆက္ဆံေျပာဆိုျခင္းဟာ ေကာင္းမြန္တဲဲ့ေပါင္းသင္းဆက္ဆံေရးတစ္ခုရဲ႕ အေျခခံအုတ္ျမစ္ပါတဲ့။ ဒါေၾကာင့္မို႔လို႔ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္နဲ႔ကိုယ့္ၾကားမွာ ပြင့္ပြင့္လင္းလင္းနဲ႔ ရင္ဖြင့္ေျပာမယ္ဆုိ ခိုင္ၿမဲတဲ့ေပါင္းသင္းမႈကို ရ႐ွိႏိုင္မွာပါ။ သူ႔ဘက္က ေရငံုႏႈတ္ပိတ္ ေအးတိေအးစက္မဟုတ္ဘဲ ဒီ့ထက္ပိုေျပာထြက္လာဖုိ႔ ဘယ္လိုေတြလုပ္သင့္သလဲ?

(၁) ငါတုိ႔စကားေျပာဖို႔လိုၿပီလို႔ မေျပာပါနဲ႔

ေပါင္းသင္းဆက္ဆံေရးတစ္ခုမွာ ဒီစကားေလာက္ စိုးရိမ္စရာေကာင္းတာ မ႐ွိေတာ့ပါဘူး။ အခ်ိန္တစ္ခုသတ္မွတ္ၿပီး စကားေျပာရေအာင္လို႔ ေျပာလိုက္ရင္ သူ႔ဘက္ကလည္း လိမ္စရာေတြအတြက္ ႀကိဳတင္ျပင္ဆင္ခ်ိန္ရသြားႏိုင္ပါတယ္။ ပံုမွန္အတုိင္းေလးပဲ ေျပာစရာရွိတာေျပာလိုက္တာ အေကာင္းဆံုးပါပဲ။

(၂) ႏွစ္ေယာက္လံုးပင္ပန္းေနခ်ိန္မွာ အေရးႀကီးတဲ့အေၾကာင္းအရာကို အစမပ်ိဳးပါနဲ႔

အထူးသျဖင့္ ညေနခင္း အလုပ္ျပန္ေရာက္ခါစအခ်ိန္ေတြဆုိရင္ သူေရာကိုယ္ေရာ ပင္ပန္းေနၾကပါတယ္။ ဒီလို္ဆုိရင္ အေရးႀကီးေဆြးေႏြးမယ့္အရာကို အစမပ်ိဳးပါနဲ႔ဦး။

(၃) ႐ွင္းျပပါ

ကိုယ္ေျပာမယ့္အရာက ဘာလို႔အေရးႀကီးတယ္ဆုိတာ သူနားလည္ေအာင္ရွင္းျပပါ။ သူ႔ဘက္က ထုတ္မေျပာတာေတြက ကိုယ့္ကိုဘယ္လိုသက္ေရာက္တယ္ဆုိတာ သူနားလည္သြားရင္ ထုတ္ေဖာ္ေျပာျပလာမွာပါ။

(၄) ေဒါသမထြက္ပါနဲ႔

သူက နဂိုတည္းကမွ ကိုယ့္ကိုစကားသိပ္မေျပာရတဲ့အထဲ စကားမွားတာေလးကို အထအနေကာက္ၿပီး ေဒါသျဖစ္ေနရင္ အေျခအေနပိုဆိုးသြားမယ္မဟုတ္လား။

(၅) ကိုယ့္ခ်ိဳ႕ယြင္းခ်က္ေတြကို အရင္စေျပာပါ

ဒီလိုမွပဲ သူ႔ဘက္က ေျပာရဲဆုိရဲရွိလာမွာေပါ့။ ကိုယ္ကလည္း မွားတာေတြ ျပင္ဆင္စရာေတြ ႐ွိတာပဲေလ။ သူ႔ဘက္ကအမွားေတြ ျပင္ဆင္စရာေတြကိုလည္း သူကိုယ္တုိင္ဝန္ခံလာေအာင္ ကိုယ္ကအရင္စေျပာလိုက္တာနဲ႔ သူ႔ဘက္ကပိုၿပီးပြင့္လင္းတဲ့စကားေျပာခန္းေလး ျဖစ္လာပါမယ္။

(၆) အာ႐ံုစိုက္ၿပီးနားေထာင္ေပးပါ

သူ႔ဘက္က ပြင့္ပြင့္လင္းလင္း ထုတ္မေျပာဘူးဆုိတာကလည္း ကိုယ္က ေသေသခ်ာခ်ာ ဂရုစိုက္ျပီး နားမေထာင္ေပးလို႔ ျဖစ္ႏိုင္ပါတယ္။ စကားေျပာေနသူရဲ႕မ်က္ႏွာကိုၾကည့္ျပီး အာရံုစိုက္နားေထာင္ေပးမွ တစ္ဖက္က ပိုေျပာခ်င္မွာေပါ့။

Source : Huffpost

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်တွင်းရေးအကြံပေးသူတွေကတော့ ဆက်ဆံပြောဆိုခြင်းဟာ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ပါတဲ့။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ကိုယ့်ကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ပြောမယ်ဆို ခိုင်မြဲတဲ့ပေါင်းသင်းမှုကို ရရှိနိုင်မှာပါ။ သူ့ဘက်က ရေငုံနှုတ်ပိတ် အေးတိအေးစက်မဟုတ်ဘဲ ဒီ့ထက်ပိုပြောထွက်လာဖို့ ဘယ်လိုတွေလုပ်သင့်သလဲ?

(၁) ငါတို့စကားပြောဖို့လိုပြီလို့ မပြောပါနဲ့

ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ ဒီစကားလောက် စိုးရိမ်စရာကောင်းတာ မရှိတော့ပါဘူး။ အချိန်တစ်ခုသတ်မှတ်ပြီး စကားပြောရအောင်လို့ ပြောလိုက်ရင် သူ့ဘက်ကလည်း လိမ်စရာတွေအတွက် ကြိုတင်ပြင်ဆင်ချိန်ရသွားနိုင်ပါတယ်။ ပုံမှန်အတိုင်းလေးပဲ ပြောစရာရှိတာပြောလိုက်တာ အကောင်းဆုံးပါပဲ။

(၂) နှစ်ယောက်လုံးပင်ပန်းနေချိန်မှာ အရေးကြီးတဲ့အကြောင်းအရာကို အစမပျိုးပါနဲ့

အထူးသဖြင့် ညနေခင်း အလုပ်ပြန်ရောက်ခါစအချိန်တွေဆိုရင် သူရောကိုယ်ရော ပင်ပန်းနေကြပါတယ်။ ဒီလိုဆိုရင် အရေးကြီးဆွေးနွေးမယ့်အရာကို အစမပျိုးပါနဲ့ဦး။

(၃) ရှင်းပြပါ

ကိုယ်ပြောမယ့်အရာက ဘာလို့အရေးကြီးတယ်ဆိုတာ သူနားလည်အောင်ရှင်းပြပါ။ သူ့ဘက်က ထုတ်မပြောတာတွေက ကိုယ့်ကိုဘယ်လိုသက်ရောက်တယ်ဆိုတာ သူနားလည်သွားရင် ထုတ်ဖော်ပြောပြလာမှာပါ။

(၄) ဒေါသမထွက်ပါနဲ့

သူက နဂိုတည်းကမှ ကိုယ့်ကိုစကားသိပ်မပြောရတဲ့အထဲ စကားမှားတာလေးကို အထအနကောက်ပြီး ဒေါသဖြစ်နေရင် အခြေအနေပိုဆိုးသွားမယ်မဟုတ်လား။

(၅) ကိုယ့်ချို့ယွင်းချက်တွေကို အရင်စပြောပါ

ဒီလိုမှပဲ သူ့ဘက်က ပြောရဲဆိုရဲရှိလာမှာပေါ့။ ကိုယ်ကလည်း မှားတာတွေ ပြင်ဆင်စရာတွေ ရှိတာပဲလေ။ သူ့ဘက်ကအမှားတွေ ပြင်ဆင်စရာတွေကိုလည်း သူကိုယ်တိုင်ဝန်ခံလာအောင် ကိုယ်ကအရင်စပြောလိုက်တာနဲ့ သူ့ဘက်ကပိုပြီးပွင့်လင်းတဲ့စကားပြောခန်းလေး ဖြစ်လာပါမယ်။

(၆) အာရုံစိုက်ပြီးနားထောင်ပေးပါ

သူ့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောဘူးဆိုတာကလည်း ကိုယ်က သေသေချာချာ ဂရုစိုက်ပြီး နားမထောင်ပေးလို့ ဖြစ်နိုင်ပါတယ်။ စကားပြောနေသူရဲ့မျက်နှာကိုကြည့်ပြီး အာရုံစိုက်နားထောင်ပေးမှ တစ်ဖက်က ပိုပြောချင်မှာပေါ့။

Source : Huffpost

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top