iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေရခ်ိဳးဆပ္ျပာဆီ

အမႈန္႔ၾကိတ္ထားေသာ လိေမၼာ္ခြံ (သို႔) လိေမၼာ္ခြံေျခာက္ (သို႔) လိေမၼာ္ခြံအဆီကို ေရထဲထည့္ခ်ိဳးျခင္းျဖင့္ အသားအေရကို လန္းဆန္းေစပါတယ္။

၂။ ေလသန္႔စင္ေစျခင္း

လိေမၼာ္ခြံေျခာက္ လက္တစ္ဆုပ္စာကို သစ္ၾကံပိုးေခါက္၊ ဖာလာေစ့တို႔ႏွင့္အတူ ေရထဲထည့္ျပဳတ္ပါ။ ထိုစူးရွလန္းဆန္းတဲ့အနံ႔က ႏွစ္သက္ဖြယ္ေကာင္းပါတယ္။ ထိုအရည္ကို အိမ္ျပတင္းေပါက္၊ တံခါးစသည့္ေနရာမ်ားတြင္ သုတ္လိမ္းျခင္းျဖင့္ ေလကို သန္႔စင္ေစပါတယ္။

၃။ စားပါ

ခါးသက္သက္လိေမၼာ္ခြံကုိ ဒီအတိုင္းစားစရာမလိုပါဘူး။ လိေမၼာ္ခြံကို စားသံုးနည္းေတြမ်ားစြာရွိပါတယ္။ ဟင္းအမယ္ေတြထဲကို ဟင္းခတ္အျဖစ္ ထည့္စားႏိုင္ပါတယ္။ လိေမၼာ္ခြံနဲ႔ ဟင္းခ်က္နည္းေတြကို အင္တာနက္မွာရွာၾကည့္ပါ။

၄။ မ်က္ႏွာ အသားအေရကိုလွပေစျခင္း

လိေမၼာ္ခြံဟာ မ်က္ႏွာေပၚက အမည္းစက္ေတြ၊ ဆဲလ္အေသေတြ၊ ဝက္ျခံ၊ ေခ်ြးေပါက္၊ ေျခာက္ေသြ႔ေသာအသားအေရနဲ႔ အနီစက္ေတြအတြက္ ေဆးေကာင္းတစ္လက္ျဖစ္ပါတယ္။ ၄င္းကို ႏြားႏို႔ႏွင့္ေရာျပီး ေနေလာင္ကြက္ကို လိမ္းႏိုင္ပါတယ္။ လက္သည္းေတြ ေတာက္ပေအာင္လိေမၼာ္ခြံနဲ႔ပြတ္ေပးပါ။

၅။ ဆံပင္ကို လွပေစျခင္း

အမႈန္႔ၾကိတ္ထားေသာ လိေမၼာ္ခြံကို ေရထဲစိမ္ျပီးတစ္ညထားပါ။ မနက္ေရာက္လွ်င္ ထိုေရႏွင့္ဆံပင္ကို ေလာင္းခ်ပါ။ ေဗာက္ထျခင္းကို သက္သာေစပါတယ္။

၆။ ခံတြင္းနံ႔ဆိုးျခင္းအတြက္

ခံတြင္းန႔ံဆိုးေနပါသလား။ ပီေကဝါးမေနပဲ လိေမၼာ္ခြံဝါးလိုက္ပါ။ ခံတြင္းကို လန္းဆန္းသန္႔စင္ေစျပီး အနံ႔ဆိုးေတြကို ဖယ္ရွားေပးပါတယ္။

၇။ အဆီက်ေစျခင္း

လိေမၼာခြံေတြက ဖိုက္ဘာဓာတ္ၾကြယ္ဝစြာ ပါဝင္လို႔အဆီက်ေစပါတယ္။ လက္ဖက္ရည္ထဲပဲျဖစ္ျဖစ္ ဟင္းခတ္စရာလိုပဲျဖစ္ျဖစ္ လိေမၼာ္ခြံကိုထည့္စားပါ။

၈။ အရက္ေသာက္ျပီး ကိုယ္လက္မအီမသာျဖစ္ေနလွ်င္

လိေမၼာ္ခြံကို ေရထဲတြင္ ဆားထည့္ျပီးမိနစ္(၂၀)ခန္႔ျပဳတ္ပါ။ ေအးသြားသည္ႏွင့္ တျပိဳင္နက္ေသာက္လိုက္ပါ။

Tips

_  လိေမၼာ္ခြံေတြကို ေဆးေၾကာသန့္စင္ပါ။

_  လိေမၼာ္ခြံကိုေျခာက္ေသြ႔ သြာလွ်င္လည္းသံုးႏိုင္သည္။

_  လိေမၼာ္ခြံကို အခြံခြာျပီးျပီးခ်င္း သံုးပါ။

_  လိေမၼာ္ခြံေတြကို ဘယ္ေတာ့မွေရခဲေသတၱာထဲ မထည့္ထားပါနဲ႔။

_  အခြံပါးေသာ လိေမၼာ္သီးကိုေရြးခ်ယ္ပါ။

Credit : Messenger
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ ရေချိုးဆပ်ပြာဆီ

အမှုန့်ကြိတ်ထားသော လိမ္မော်ခွံ (သို့) လိမ္မော်ခွံခြောက် (သို့) လိမ္မော်ခွံအဆီကို ရေထဲထည့်ချိုးခြင်းဖြင့် အသားအရေကို လန်းဆန်းစေပါတယ်။

၂။ လေသန့်စင်စေခြင်း

လိမ္မော်ခွံခြောက် လက်တစ်ဆုပ်စာကို သစ်ကြံပိုးခေါက်၊ ဖာလာစေ့တို့နှင့်အတူ ရေထဲထည့်ပြုတ်ပါ။ ထိုစူးရှလန်းဆန်းတဲ့အနံ့က နှစ်သက်ဖွယ်ကောင်းပါတယ်။ ထိုအရည်ကို အိမ်ပြတင်းပေါက်၊ တံခါးစသည့်နေရာများတွင် သုတ်လိမ်းခြင်းဖြင့် လေကို သန့်စင်စေပါတယ်။

၃။ စားပါ

ခါးသက်သက်လိမ္မော်ခွံကို ဒီအတိုင်းစားစရာမလိုပါဘူး။ လိမ္မော်ခွံကို စားသုံးနည်းတွေများစွာရှိပါတယ်။ ဟင်းအမယ်တွေထဲကို ဟင်းခတ်အဖြစ် ထည့်စားနိုင်ပါတယ်။ လိမ္မော်ခွံနဲ့ ဟင်းချက်နည်းတွေကို အင်တာနက်မှာရှာကြည့်ပါ။

၄။ မျက်နှာ အသားအရေကိုလှပစေခြင်း

လိမ္မော်ခွံဟာ မျက်နှာပေါ်က အမည်းစက်တွေ၊ ဆဲလ်အသေတွေ၊ ဝက်ခြံ၊ ချွေးပေါက်၊ ခြောက်သွေ့သောအသားအရေနဲ့ အနီစက်တွေအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ၎င်းကို နွားနို့နှင့်ရောပြီး နေလောင်ကွက်ကို လိမ်းနိုင်ပါတယ်။ လက်သည်းတွေ တောက်ပအောင်လိမ္မော်ခွံနဲ့ပွတ်ပေးပါ။

၅။ ဆံပင်ကို လှပစေခြင်း

အမှုန့်ကြိတ်ထားသော လိမ္မော်ခွံကို ရေထဲစိမ်ပြီးတစ်ညထားပါ။ မနက်ရောက်လျှင် ထိုရေနှင့်ဆံပင်ကို လောင်းချပါ။ ဗောက်ထခြင်းကို သက်သာစေပါတယ်။

၆။ ခံတွင်းနံ့ဆိုးခြင်းအတွက်

ခံတွင်းနံ့ဆိုးနေပါသလား။ ပီကေဝါးမနေပဲ လိမ္မော်ခွံဝါးလိုက်ပါ။ ခံတွင်းကို လန်းဆန်းသန့်စင်စေပြီး အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။

၇။ အဆီကျစေခြင်း

လိမ္မောခွံတွေက ဖိုက်ဘာဓာတ်ကြွယ်ဝစွာ ပါဝင်လို့အဆီကျစေပါတယ်။ လက်ဖက်ရည်ထဲပဲဖြစ်ဖြစ် ဟင်းခတ်စရာလိုပဲဖြစ်ဖြစ် လိမ္မော်ခွံကိုထည့်စားပါ။

၈။ အရက်သောက်ပြီး ကိုယ်လက်မအီမသာဖြစ်နေလျှင်

လိမ္မော်ခွံကို ရေထဲတွင် ဆားထည့်ပြီးမိနစ်(၂၀)ခန့်ပြုတ်ပါ။ အေးသွားသည်နှင့် တပြိုင်နက်သောက်လိုက်ပါ။

Tips

_  လိမ္မော်ခွံတွေကို ဆေးကြောသန့်စင်ပါ။

_  လိမ္မော်ခွံကိုခြောက်သွေ့ သွာလျှင်လည်းသုံးနိုင်သည်။

_  လိမ္မော်ခွံကို အခွံခွာပြီးပြီးချင်း သုံးပါ။

_  လိမ္မော်ခွံတွေကို ဘယ်တော့မှရေခဲသေတ္တာထဲ မထည့်ထားပါနဲ့။

_  အခွံပါးသော လိမ္မော်သီးကိုရွေးချယ်ပါ။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top