iMyanmarHouse.com - Best Property Website for Myanmar
×

သီခ်င္းဆိုျခင္း၏ ေကာင္းက်ိဳးမာ်း

ေလာကၾကီးမွာ သီခ်င္းမဆိုဖူးတဲ့ လူဆိုလို႕ မရွိသေလာက္ပါပဲ။ဆရာေတာ္ဘုရားေတြေတာင္ အနည္းနဲ႕အမ်ားေတာ့ သီခ်င္းေလး ညည္းဖူးၾကမွာပါ။သီခ်င္းဆိုတာဟာ စိတ္ေရာကိုယ္ေရာ အပန္းေျပေစသလို ဘဝအေမာေတြကိုလည္း သက္သာေစပါတယ္။သီခ်င္းကို ပံုစံအမ်ိဳးမ်ိဳးနဲ႕ သီဆိုႏိုင္ပါတယ္။ေရခ်ိဳးခန္းထဲမွာ၊အိမ္မွာ ေအာ္ဆိုလို႕ရသလို၊ကာရာအိုေကဆိုင္ေတြမွာလည္း သြားဟဲႏိုင္ပါတယ္။ဒါမွမဟုတ္ ဒီေခတ္ အေတာ္မ်ားမ်ား သုံးၾကတဲ့ Smule app ေလးကို အသုံးျပဳျပီးေတာ့လည္း သီဆိုႏိုင္ျပန္ပါတယ္။မိတ္ေဆြအေပါင္းအသင္းေတြနဲ႕ ေပါင္းစုသီဆိုတဲ့အခါ အေပ်ာ္ေတြတိုးျပီး ရင္းႏွီးခ်စ္ခင္မႈပိုလာႏိုင္သလို စိတ္လက္ကိုလည္း ေပါ့ပါးေစပါတယ္။ဒီေဆာင္းပါးေလးမွာေတာ့ လူတိုင္းမကင္းႏိုင္ၾကတဲ့ သီခ်င္းဆိုျခင္းရဲ့ က်န္းမာေရးအက်ိဳးျပဳခ်က္ေလးေတြကို မွ်ေဝေပးသြားမွာပါ။

၁။ သီခ်င္းဆိုျခင္းဟာ သင့္ရဲ့ ခုခံအားစနစ္ကို ေဒါင္ေဒါင္ျမည္ေစပါတယ္။

ဒါဟာ ရုတ္တရက္ၾကည့္လိုက္ရင္ မဆိုင္သလို ထင္ရေပမယ့္ ဂ်ာမဏီႏိုင္ငံ ဖရန္႕ဖြတ္တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနတခုအရ သီခ်င္းဆိုျပီးခ်ိန္မွာ ခႏၶာကိုယ္အတြင္းရွိ ပ႐ိုတင္းဓာတ္တမ်ိဳးရဲ့ ပမာဏဟာ တိုးပြါးလာတယ္လို႕ ဆိုပါတယ္။ဘယ္လို ပရိုတင္းမ်ိဳးလဲဆိုေတာ့ ခႏၶာကိုယ္ထဲဝင္ေရာက္လာတဲ့ ေရာဂါပိုးမႊားေတြကို ခုခံတိုက္ထုတ္ေပးႏိုင္တဲ့ Immunoglobulin A အမည္ရ ပဋိပစၥည္းတမ်ိဳးပါပဲ။ဒါေၾကာင့္ သီခ်င္းဆိုျခင္းဟာ ခုခံအားစနစ္ကို အားျဖည့္ေပးႏိုင္ပါတယ္။သီခ်င္းနားေထာင္သူေတြမွာေတာ့ ဒီလိုမ်ိဳး ပရိုတင္းပမာဏ တိုးပြါးလာတာကို မေတြ႕ရပါဘူး။

၂။ သီခ်င္းဆိုျခင္းဟာ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းတမ်ိဳးပါ။

သက္ၾကီးရြယ္အိုေတြ၊ကိုယ္အဂၤါမသန္စြမ္းသူေတြနဲ႕ ထိခိုက္ဒါဏ္ရာ ရထားသူေတြအဖို႕ေတာ့ သီခ်င္းဆိုျခင္းဟာလည္း ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းတမ်ိဳးပါပဲ။အကယ္၍ သင္ဟာ ဘာေရာဂါမွ ထူးထူးျခားျခားမရွိဘဲ က်န္းမာေနတယ္ဆိုရင္ေတာင္ သီခ်င္းဆိုျခင္းဟာ သင့္အဆုတ္က်န္းမာေရးကို မ်ားစြာအေထာက္အကူ ျပဳပါလိမ့္မယ္။သီခ်င္းဆိုျခင္းေၾကာင့္ (အသက္႐ႈျခင္းကို ထိန္းခ်ဳပ္တဲ့ အဓိက ႂကြက္သားၾကီးတခုျဖစ္ေသာ) ရင္ဝမ္းျခားႂကြက္သားကို သန္မာေစတဲ့အျပင္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစကာ ေအာက္ဆီဂ်င္႐ႈသြင္းႏိုင္စြမ္းကိုလည္း ပိုတိုးေစပါသတဲ့။

၃။ သီခ်င္းဆိုျခင္းဟာ အိပ္စက္ျခင္းကိုလည္း အေထာက္အကူျပဳပါတယ္။

ဒါကေတာ့ နည္းနည္းမ်ားသြားျပီ၊ဘာဆိုင္တာမွတ္လို႕ ဆိုျပီး မေတြးပါနဲ႕။ေဒးလီးေမးလ္အြန္လိုင္းစာမ်က္ႏွာမွာ လတ္တေလာ ေဖာ္ျပခဲ့တဲ့ေဆာင္းပါးတခုအရ သီခ်င္းဆိုျခင္းဟာ လည္ေခ်ာင္းနဲ႕ အာေခါင္ႂကြက္သားေတြကို သန္မာေစတယ္လို႕ ဆိုတာေၾကာင့္ ေဟာက္ျခင္းနဲ႕ အိပ္ေနစဥ္ အသက္႐ႈေခတၱရပ္ျခင္း (sleep apnea) ကို သက္သာေပ်ာက္ကင္းသြားေစႏိုင္ပါတယ္။၎ျပႆနာေတြဟာ အိပ္စက္ျခင္းကို ဘယ္ေလာက္ေတာင္ ဒုကၡေပးသလဲဆိုတာ ၾကံုဖူးမွသာ သိပါလိမ့္မယ္။

၄။ မေက်နပ္ခ်က္၊ဝမ္းနည္းခံစားခ်က္ေတြကို ေဖာက္ခြဲပစ္ႏိုင္ပါတယ္။

အလုပ္မွာ အဆင္မေျပတာပဲျဖစ္ျဖစ္၊ႏွလုံးသားေရးရာ ကြၽန္းခံလာတာပဲျဖစ္ျဖစ္ ဟဲဗီးမက္တယ္ ဒါမွမဟုတ္ ေရာ့ခ္သီခ်င္းတပုဒ္ကို ခပ္ျပင္းျပင္း ေအာ္ဟစ္သီဆိုလိုက္ရင္ တင္းေနတဲ့ ခံစားခ်က္ေတြဟာ အနည္းနဲ႕အမ်ားေတာ့ ေလ်ာ့ပါးသက္သာသြားမွာပဲ ျဖစ္ပါတယ္။သီခ်င္းဆိုဝါသနာပါသူေတြဟာ စိတ္ဓာတ္က်တာ၊စိတ္ဆင္းရဲတာမ်ိဳး အျဖစ္နည္းတာကို သင္ေတြ႕ရပါလိမ့္မယ္။သီခ်င္းဆိုျခင္းေၾကာင့္ endorphins လို႕ေခၚတဲ့ ဓာတ္ပစၥည္းတမ်ိဳး ထြက္ရွိလာျပီး ၎ဟာ သင့္ကို ေပ်ာ္ရႊင္တက္ႂကြတဲ့ ခံစားခ်က္ ေပးစြမ္းႏိုင္ပါတယ္။

ဒါေၾကာင့္ စိတ္ပဲညစ္ညစ္၊ေဒါသပဲထြက္ထြက္၊အလုပ္ေတြေၾကာင့္ စိတ္ပဲဖိစီးဖိစီး သီခ်င္းကိုသာ ခုနစ္သံခ်ီေအာ္ဆိုပစ္လိုက္ပါ။သက္သာသြားပါလိမ့္မယ္။

၅။ သီခ်င္းဆိုျခင္းဟာ ဖိစီးမႈေဝဒနာေတြကို ေလ်ာ့ပါးေစပါတယ္။

ဘယ္လိုသီခ်င္းပံုစံမ်ိဳးကိုပဲ ဆိုဆို သင့္စိတ္ခံစားခ်က္ကို ၾကည္လင္လန္းဆန္းေစမွာပါ။သီခ်င္းဆိုျခင္းဟာ ႂကြက္သားေတြကို ေျပေလ်ာ့ေစတဲ့အျပင္ ဖိစီးမႈေတြကို ျဖစ္ေစတဲ့   ေကာ္တီေဇာ ေဟာ္မုန္းရဲ့ ေသြးတြင္းပမာဏကိုလည္း ေလ်ာ့က်ေစပါတယ္။

၆။ သီခ်င္းဆိုျခင္းဟာ သင့္စိတ္ကိုတက္ႂကြေစပါလိမ့္မယ္။

သီခ်င္းဆိုျခင္းဟာ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစျပီး ဦးေႏွာက္ထံသို႕ ေအာက္ဆီဂ်င္ေရာက္ရွိမႈကိုလည္း မ်ားေစတာမို႕ စိတ္လန္းဆန္းတက္ႂကြျခင္း၊အာ႐ံုစူးစိုက္ႏိုင္စြမ္း ပိုလာျခင္း၊မွတ္ဉာဏ္ေကာင္းျခင္း စတဲ့ အက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏိုင္ပါတယ္။အယ္လ္ဇိုင္းမားေရာဂါရေနသူေတြမွာေတာင္ သီခ်င္းဆိုျခင္းဟာ မွတ္ဉာဏ္ထိန္းသိမ္းႏိုင္စြမ္းကို တိုးတက္ေကာင္းမြန္လာေစတယ္လို႕ ဆိုပါတယ္။

၇။ သီခ်င္းဆိုျခင္းဟာ လူမႈဆက္ဆံေရး အက်ိဳးေက်းဇူးမ်ားစြာကို ျဖစ္ထြန္းေစပါတယ္။

အေပါင္းအသင္း၊လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ကာရာအိုေကခန္းမေတြမွာ သီဆိုတာပဲျဖစ္ျဖစ္၊ခရစ္ယာန္ဘာသာဝင္မ်ားအဖို႕ ဘုရားရွိခိုးေက်ာင္းမွာ သီဆိုတာပဲျဖစ္ျဖစ္ အသိအကြၽမ္းမိတ္ေဆြတိုးေစပါတယ္။ဒါ့အျပင္ သီခ်င္းဆိုျခင္းဟာ မိမိကိုယ္ကို ယံုၾကည္မႈကိုလည္း ပိုတိုးေစတာေၾကာင့္ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္၊ပညာေရးမွာပဲျဖစ္ျဖစ္ presentation လုပ္စရာေတြ ၾကံုလာတဲ့အခါ အေထာက္အကူျပဳမွာပါ။သင္ကိုယ္တိုင္ သီခ်င္းဆိုေလ့ရွိတဲ့အခါ တျခားသူေတြ သီဆိုရင္လည္း အားေပးခ်ီးက်ဴးခ်င္စိတ္ေတြ ျဖစ္ေပၚလာတတ္တဲ့အတြက္ အေကာင္းျမင္စိတ္ကိုလည္း တိုးပြါးေစႏိုင္တဲ့ သေဘာပဲ ျဖစ္ပါတယ္။ဒါဟာ ေအာင္ျမင္ျခင္းရဲ့ ေျခလွမ္းတလွမ္းပါပဲ။

လူတိုင္းလိုလို သီခ်င္းဆိုတတ္ၾကပါတယ္။ဆိုေလ့ရွိၾကပါတယ္။ဆိုခ်င္ၾကပါတယ္။သီခ်င္းဆိုျခင္းရဲ့ စိတ္ပိုင္းဆိုင္ရာ၊႐ုပ္ပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးေတြကလည္း မနည္းလွပါဘူး။ ဒါေၾကာင့္ ေပ်ာ္လို႕ပဲျဖစ္ျဖစ္၊စိတ္ညစ္လို႕ပဲျဖစ္ျဖစ္၊အေပါင္းအသင္းေတြ စံုလို႕ပဲျဖစ္ျဖစ္ အရက္ေသာက္ၾကမယ့္အစား အျပင္းစားသံစဥ္ေတြနဲ႕ အားပါးတရ သီဆိုေပါက္ကြဲထုတ္လိုက္ရင္ က်န္းမာေရးအတြက္လည္း မ်ားစြာအက်ိဳးျဖစ္ထြန္းတာမို႕ အခ်ိန္မေရြး၊ေနရာမေရြး သီခ်င္းဆိုဖို႕ကိစၥကို ေဒါက္တာကေတာ့ ရက္စ္ပါပဲလို႕ ေျပာလိုက္ပါရေစ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သီချင်းဆိုခြင်း၏ ကောင်းကျိုးမာျး

လောကကြီးမှာ သီချင်းမဆိုဖူးတဲ့ လူဆိုလို့ မရှိသလောက်ပါပဲ။ဆရာတော်ဘုရားတွေတောင် အနည်းနဲ့အများတော့ သီချင်းလေး ညည်းဖူးကြမှာပါ။သီချင်းဆိုတာဟာ စိတ်ရောကိုယ်ရော အပန်းပြေစေသလို ဘဝအမောတွေကိုလည်း သက်သာစေပါတယ်။သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သီဆိုနိုင်ပါတယ်။ရေချိုးခန်းထဲမှာ၊အိမ်မှာ အော်ဆိုလို့ရသလို၊ကာရာအိုကေဆိုင်တွေမှာလည်း သွားဟဲနိုင်ပါတယ်။ဒါမှမဟုတ် ဒီခေတ် အတော်များများ သုံးကြတဲ့ Smule app လေးကို အသုံးပြုပြီးတော့လည်း သီဆိုနိုင်ပြန်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းစုသီဆိုတဲ့အခါ အပျော်တွေတိုးပြီး ရင်းနှီးချစ်ခင်မှုပိုလာနိုင်သလို စိတ်လက်ကိုလည်း ပေါ့ပါးစေပါတယ်။ဒီဆောင်းပါးလေးမှာတော့ လူတိုင်းမကင်းနိုင်ကြတဲ့ သီချင်းဆိုခြင်းရဲ့ ကျန်းမာရေးအကျိုးပြုချက်လေးတွေကို မျှဝေပေးသွားမှာပါ။

၁။ သီချင်းဆိုခြင်းဟာ သင့်ရဲ့ ခုခံအားစနစ်ကို ဒေါင်ဒေါင်မြည်စေပါတယ်။

ဒါဟာ ရုတ်တရက်ကြည့်လိုက်ရင် မဆိုင်သလို ထင်ရပေမယ့် ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သီချင်းဆိုပြီးချိန်မှာ ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်တမျိုးရဲ့ ပမာဏဟာ တိုးပွါးလာတယ်လို့ ဆိုပါတယ်။ဘယ်လို ပရိုတင်းမျိုးလဲဆိုတော့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်ပေးနိုင်တဲ့ Immunoglobulin A အမည်ရ ပဋိပစ္စည်းတမျိုးပါပဲ။ဒါကြောင့် သီချင်းဆိုခြင်းဟာ ခုခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။သီချင်းနားထောင်သူတွေမှာတော့ ဒီလိုမျိုး ပရိုတင်းပမာဏ တိုးပွါးလာတာကို မတွေ့ရပါဘူး။

၂။ သီချင်းဆိုခြင်းဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတမျိုးပါ။

သက်ကြီးရွယ်အိုတွေ၊ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ ထိခိုက်ဒါဏ်ရာ ရထားသူတွေအဖို့တော့ သီချင်းဆိုခြင်းဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတမျိုးပါပဲ။အကယ်၍ သင်ဟာ ဘာရောဂါမှ ထူးထူးခြားခြားမရှိဘဲ ကျန်းမာနေတယ်ဆိုရင်တောင် သီချင်းဆိုခြင်းဟာ သင့်အဆုတ်ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါလိမ့်မယ်။သီချင်းဆိုခြင်းကြောင့် (အသက်ရှုခြင်းကို ထိန်းချုပ်တဲ့ အဓိက ကြွက်သားကြီးတခုဖြစ်သော) ရင်ဝမ်းခြားကြွက်သားကို သန်မာစေတဲ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ အောက်ဆီဂျင်ရှုသွင်းနိုင်စွမ်းကိုလည်း ပိုတိုးစေပါသတဲ့။

၃။ သီချင်းဆိုခြင်းဟာ အိပ်စက်ခြင်းကိုလည်း အထောက်အကူပြုပါတယ်။

ဒါကတော့ နည်းနည်းများသွားပြီ၊ဘာဆိုင်တာမှတ်လို့ ဆိုပြီး မတွေးပါနဲ့။ဒေးလီးမေးလ်အွန်လိုင်းစာမျက်နှာမှာ လတ်တလော ဖော်ပြခဲ့တဲ့ဆောင်းပါးတခုအရ သီချင်းဆိုခြင်းဟာ လည်ချောင်းနဲ့ အာခေါင်ကြွက်သားတွေကို သန်မာစေတယ်လို့ ဆိုတာကြောင့် ဟောက်ခြင်းနဲ့ အိပ်နေစဉ် အသက်ရှုခေတ္တရပ်ခြင်း (sleep apnea) ကို သက်သာပျောက်ကင်းသွားစေနိုင်ပါတယ်။၎င်းပြဿနာတွေဟာ အိပ်စက်ခြင်းကို ဘယ်လောက်တောင် ဒုက္ခပေးသလဲဆိုတာ ကြုံဖူးမှသာ သိပါလိမ့်မယ်။

၄။ မကျေနပ်ချက်၊ဝမ်းနည်းခံစားချက်တွေကို ဖောက်ခွဲပစ်နိုင်ပါတယ်။

အလုပ်မှာ အဆင်မပြေတာပဲဖြစ်ဖြစ်၊နှလုံးသားရေးရာ ကျွန်းခံလာတာပဲဖြစ်ဖြစ် ဟဲဗီးမက်တယ် ဒါမှမဟုတ် ရော့ခ်သီချင်းတပုဒ်ကို ခပ်ပြင်းပြင်း အော်ဟစ်သီဆိုလိုက်ရင် တင်းနေတဲ့ ခံစားချက်တွေဟာ အနည်းနဲ့အများတော့ လျော့ပါးသက်သာသွားမှာပဲ ဖြစ်ပါတယ်။သီချင်းဆိုဝါသနာပါသူတွေဟာ စိတ်ဓာတ်ကျတာ၊စိတ်ဆင်းရဲတာမျိုး အဖြစ်နည်းတာကို သင်တွေ့ရပါလိမ့်မယ်။သီချင်းဆိုခြင်းကြောင့် endorphins လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုး ထွက်ရှိလာပြီး ၎င်းဟာ သင့်ကို ပျော်ရွှင်တက်ကြွတဲ့ ခံစားချက် ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် စိတ်ပဲညစ်ညစ်၊ဒေါသပဲထွက်ထွက်၊အလုပ်တွေကြောင့် စိတ်ပဲဖိစီးဖိစီး သီချင်းကိုသာ ခုနစ်သံချီအော်ဆိုပစ်လိုက်ပါ။သက်သာသွားပါလိမ့်မယ်။

၅။ သီချင်းဆိုခြင်းဟာ ဖိစီးမှုဝေဒနာတွေကို လျော့ပါးစေပါတယ်။

ဘယ်လိုသီချင်းပုံစံမျိုးကိုပဲ ဆိုဆို သင့်စိတ်ခံစားချက်ကို ကြည်လင်လန်းဆန်းစေမှာပါ။သီချင်းဆိုခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် ဖိစီးမှုတွေကို ဖြစ်စေတဲ့   ကော်တီဇော ဟော်မုန်းရဲ့ သွေးတွင်းပမာဏကိုလည်း လျော့ကျစေပါတယ်။

၆။ သီချင်းဆိုခြင်းဟာ သင့်စိတ်ကိုတက်ကြွစေပါလိမ့်မယ်။

သီချင်းဆိုခြင်းဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ထံသို့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း များစေတာမို့ စိတ်လန်းဆန်းတက်ကြွခြင်း၊အာရုံစူးစိုက်နိုင်စွမ်း ပိုလာခြင်း၊မှတ်ဉာဏ်ကောင်းခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။အယ်လ်ဇိုင်းမားရောဂါရနေသူတွေမှာတောင် သီချင်းဆိုခြင်းဟာ မှတ်ဉာဏ်ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေတယ်လို့ ဆိုပါတယ်။

၇။ သီချင်းဆိုခြင်းဟာ လူမှုဆက်ဆံရေး အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေပါတယ်။

အပေါင်းအသင်း၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာရာအိုကေခန်းမတွေမှာ သီဆိုတာပဲဖြစ်ဖြစ်၊ခရစ်ယာန်ဘာသာဝင်များအဖို့ ဘုရားရှိခိုးကျောင်းမှာ သီဆိုတာပဲဖြစ်ဖြစ် အသိအကျွမ်းမိတ်ဆွေတိုးစေပါတယ်။ဒါ့အပြင် သီချင်းဆိုခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ပိုတိုးစေတာကြောင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ပညာရေးမှာပဲဖြစ်ဖြစ် presentation လုပ်စရာတွေ ကြုံလာတဲ့အခါ အထောက်အကူပြုမှာပါ။သင်ကိုယ်တိုင် သီချင်းဆိုလေ့ရှိတဲ့အခါ တခြားသူတွေ သီဆိုရင်လည်း အားပေးချီးကျူးချင်စိတ်တွေ ဖြစ်ပေါ်လာတတ်တဲ့အတွက် အကောင်းမြင်စိတ်ကိုလည်း တိုးပွါးစေနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ဒါဟာ အောင်မြင်ခြင်းရဲ့ ခြေလှမ်းတလှမ်းပါပဲ။

လူတိုင်းလိုလို သီချင်းဆိုတတ်ကြပါတယ်။ဆိုလေ့ရှိကြပါတယ်။ဆိုချင်ကြပါတယ်။သီချင်းဆိုခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကလည်း မနည်းလှပါဘူး။ ဒါကြောင့် ပျော်လို့ပဲဖြစ်ဖြစ်၊စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊အပေါင်းအသင်းတွေ စုံလို့ပဲဖြစ်ဖြစ် အရက်သောက်ကြမယ့်အစား အပြင်းစားသံစဉ်တွေနဲ့ အားပါးတရ သီဆိုပေါက်ကွဲထုတ်လိုက်ရင် ကျန်းမာရေးအတွက်လည်း များစွာအကျိုးဖြစ်ထွန်းတာမို့ အချိန်မရွေး၊နေရာမရွေး သီချင်းဆိုဖို့ကိစ္စကို ဒေါက်တာကတော့ ရက်စ်ပါပဲလို့ ပြောလိုက်ပါရစေ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top