iMyanmarHouse.com - Best Property Website for Myanmar
×

သစၥာရွိျခင္းဆိုတာဟာ သင္ရဲ႕မ်က္ဝန္းအၾကည့္ေတြကို တစ္စုံတစ္ေယာက္စီမွာပဲ အၿပီးအပ္ႏွံထားေပး႐ုံေလးနဲ႔ မလုံေလာက္ပါဘူး။ သစၥာရွိျခင္းဆိုတာဟာ သင့္ရဲ႕ညေတြကို တျခားသင္စိတ္ေပ်ာ္ရာသူေတြနဲ႔ မကုန္ဆုံးတတ္႐ုံေလးလည္း မဟုတ္ပါဘူး။

သင့္ရဲ႕ႏႈတ္ခမ္းတစ္စုံကို သူ (လက္တြဲေဖာ္) ဆိုသူ အတြက္သာ ဆိုတာမ်ိဳးေလာက္ေလးလည္း မဟုတ္ပါဘူး။ သင့္ခ်စ္သူတစ္ဦးတည္းနဲ႔ပဲ ရင္းႏွီးစြာဆက္ဆံတာမ်ိဳးထက္လည္းပိုပါတယ္။ သစၥာရွိျခင္းဆိုတာဟာ ဒီအရာေတြအားလုံးထက္ကို ပိုပါတယ္။

သစၥာရွိျခင္းဆိုတာဟာ သင့္ရဲ႕ဖုန္းထဲမွာရွိတဲ့ ဖူးစာေရး အက္ပလီေကးရွင္း (application) ေတြအားလုံးကို ဖ်က္လိုက္ေတာ့မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်ႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ သင့္အတြက္ သူနဲ႔လက္တြဲေနတဲ့အခ်ိန္မ်ိဳးမွာ ဒီလိုအက္ပလီေကးရွင္းေတြကို အသုံးျပဳဖို႔ မလိုအပ္ေတာ့ပါဘူး။ သစၥာရွိျခင္းဆိုတာမွာ သင့္ရဲ႕ဖုန္းထဲကအဆက္ေဟာင္းေတြရဲ႕ ဖုန္းနံပါတ္နဲ႔ သတင္းအခ်က္အလက္ေတြကို ဖ်က္ပစ္လိုက္ျခင္းလည္းပါပါတယ္။ သင့္အေနနဲ႔လည္း သူတို႔ကို ေနာက္တစ္ႀကိမ္ ထပ္ဆက္သြယ္စရာမလိုတဲ့ အေနအထားမ်ိဳးမွာေရာက္ေနပါၿပီ။ သင္ဟာ သင္ရဲ႕လက္တြဲေဖာ္နဲ႔ပဲ ေပ်ာ္႐ႊင္ေနၿပီး လက္ရွိပိုင္ဆိုင္ထားတဲ့ ခ်စ္ခရီးလမ္းကို ေက်နပ္သာယာေနတဲ့ သေဘာမ်ိဳးအျပင္ သင့္ဆီေနာက္ထပ္ေရာက္လာမယ့္ သူေတြကိုလည္း ျငင္းပယ္ႏိုင္စြမ္းရွိေနရပါမယ္။

သစၥာရွိျခင္းဆိုတာဟာ သင့္ရဲ႕လက္ထပ္လက္စြပ္ကို အၿမဲဝတ္ထားတာမ်ိဳးလည္း ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာ အေကာင့္ေတြမွာလည္း လက္ထပ္ၿပီးေၾကာင္း (သို႔) လက္တြဲေဖာ္ရွိေနေၾကာင္း ပိုစ့္တင္ထားျခင္းျဖင့္ သင္လူလြတ္မဟုတ္ေၾကာင္းကို ရွင္းရွင္းလင္းလင္း သိရွိႏိုင္ပါတယ္။ သင့္ပတ္ဝန္းက်င္မွာရွိတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းေတြအားလုံးကို သင့္မွာ ခ်စ္သူ၊ ရည္းစားရွိေၾကာင္းနဲ႔ သင့္ရဲ႕ႏွလုံးသားကို သူ႕တစ္ေယာက္တည္းအတြက္သာ ေပးအပ္ထားၿပီျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပထားႏိုင္တာမ်ိဳး ရွိရပါမယ္။ သင့္ပတ္ဝန္းက်င္ကလူေတြကို သင့္ရဲ႕ခ်စ္ေရးခ်စ္ရာကိစၥရပ္ေတြနဲ႔ ပတ္သတ္ၿပီး သံသယရွင္းေအာင္ ျပဳလုပ္ထားႏိုင္ရပါမယ္။ သင့္ရဲ႕လက္တြဲေဖာ္နဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ႐ိုးသားတဲ့ေဆြးေႏြးမႈမ်ိဳးလည္း ေပးႏိုင္ရပါမယ္။ တစ္ခါတရံ သင့္ရဲ႕လက္တြဲေဖာ္က အဆက္ေဟာင္းေတြအေၾကာင္း ေမးျမန္းလာတဲ့အခါမွာ မလိမ္ညာဘဲ အမွန္အတိုင္း ပြင့္ပြင့္လင္းလင္း ရွင္းျပႏိုင္ျခင္းမ်ိဳးရွိရပါမယ္။ သစၥာရွိျခင္းဆိုတာဟာ သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးမွာ အၿမဲတမ္းပြင့္လင္းေနျခင္းမ်ိဳးကို ဆိုလိုတာပါ။ ဘယ္ေလာက္ခက္ခဲတဲ့ ျပသနာမ်ိဳးျဖစ္ျဖစ္၊ ဘယ္လိုသင္ေတာင့္သက္သာမရွိတဲ့ အေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အေျဖတစ္ခုခုေတာ့ရေအာင္ ႀကိဳးစာေျဖရွင္ေပးႏိုင္ရပါမယ္။သင့္ရဲလက္တြဲေဖာ္ဟာ အေၾကာင္းအရာတစ္ခုကို အဆင္ေျပေျပ၊ မေျပေျပ အမွန္တရားကိုသိဖို႔အတြက္ ထိုက္တန္တဲ့သူဆိုတာကိုေတာ့ သင္နားလည္ထားဖို႔လိုအပ္ပါတယ္။

သစၥာရွိျခင္းဆိုတာဟာ သင့္ဆီက သင့္လက္တြဲေဖာ္ ေမၽွာ္လင့္ထားတဲ့အရာေတြကို အခ်ိန္ေရာ၊ လူအားေရာ စိုက္ထုတ္ၿပီး သိရွိနားလည္ထားဖို႔ လိုအပ္တာမ်ိဳးပါတယ္။ သင့္အေနနဲ႔ သူ႕အတြက္အေကာင္းဆုံးႀကိဳးစားေပးေနၿပီး သူ႕ရဲ႕ေမၽွာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးမိတဲ့အခါမ်ိဳးမွာ ေတာင္းပန္ဖို႔ဝန္မေလးတာမ်ိဳး ျဖစ္ေနရပါမယ္။ သစၥာရွိျခင္းမွာ သင့္လက္တြဲေဖာ္ကခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာေနၿပီး ဘယ္ေသာအခါမွ အဲဒီမ်ဥ္းေတြရဲ႕အျပင္ကို သင္မေရာက္သြားပါဘူးလို႔ အာမခံထားႏိုင္ျခင္းမ်ိဳးလည္း ရွိရပါမယ္။ သစၥာရွိျခင္းဆိုတာမွာ သင့္ရဲ႕လက္တြဲေဖာ္ကို ေလးစားမႈရွိၿပီး သင့္ရဲ႕လိုအပ္ခ်က္ေတြကိုလည္း ႐ိုး႐ိုးသားသားဖြင့္ဟ ေတာင္းဆိုဝန္ခံႏိုင္ျခင္းပဲ ျဖစ္ပါတယ္။

သင့္အေနနဲ႔ ေယာက္်ားေလးဆို မိန္းကေလးသူငယ္ခ်င္း၊ မိန္းကေလးဆို ေယာက္်ားေလး သူငယ္ခ်င္းေတြ ထားပိုင္ခြင့္ရွိပါတယ္။ သစၥာရွိျခင္းမွာေတာ့ သင့္အေနနဲ႔ သူတို႔နဲ႔ဆက္ဆံတဲ့အခါမွာ မျဖစ္သင့္တာေတြ မျဖစ္ရေလေအာင္ စည္းတစ္ခုထားၿပီး ေပါင္းသင္းဖို႔လိုအပ္ပါတယ္။ သင္နဲ႔ သင့္အေပါင္းအသင္းဆိုသူေတြရဲ႕ဆက္ဆံေရးက ႐ိုးသားမယ္ဆို သူတို႔နဲ႔ စကားစျမည္ေျပာဆိုထားတဲ့ စာတို၊ ဖုန္းအသံဖိုင္ေတြကိုလည္း ရွင္းလင္းထားစရာမလိုပါဘူး။ သင့္ရဲ႕ႏွလုံးသားနဲ႔ စိတ္ဝိညာဥ္ထဲ ဘာေတြကိန္းေအာင္းေနတယ္ဆိုတာကို သင့္လက္တြဲေဖာ္သိထားဖို႔လိုအပ္ပါတယ္။

ေသခ်ာတာကေတာ့ သစၥာရွိျခင္းဆိုတာဟာ သင္နဲ႔သင့္ရဲ႕လက္တြဲေဖာ္ၾကား ပြင့္လင္းၿပီးေဆြးေႏြးရလြယ္ကူတဲ့ ဆက္ဆံေရးမ်ိဳးရွိျခင္းကို ဆိုလိုတာပါ။ လက္တြဲေဖာ္ကို ေကာင္းမြန္စြာဆက္ဆံေပးျခင္းနဲ႔ သင့္လက္တြဲေဖာ္ရဲ႕ ေပ်ာ္႐ႊင္မႈကသာ သင့္ဘဝရဲ႕ ဦးစားေပးအစိတ္အပိုင္း ျဖစ္သင့္ပါတယ္။ သစၥာရွိျခင္းဆိုတာဟာ သင့္လက္တြဲေဖာ္ရဲ႕ဘဝတစ္ေလၽွာက္ အမာ႐ြတ္အျဖစ္ က်န္ရွိေနေစမယ့္ လုပ္ရပ္မ်ိဳးကို ေရွာင္ၾကဥ္ျခင္းလည္း ျဖစ္ပါတယ္။ သင့္ရဲ႕လက္က်န္ေန႔ရက္ေတြကို သူနဲ႔ပဲကုန္ဆုံးမယ္လို႔ ေတြးေတာထားတာမ်ိဳး ျဖစ္ပါတယ္။ သစၥာရွိျခင္းဆိုတာဟာ သင့္အခ်စ္ေတြထဲ မွန္ကန္တဲ့အရာေတြကိုသာ သင့္ဘဝလက္တြဲေဖာ္အတြက္ ရည္႐ြယ္ေပါင္းစပ္ေပးထားၿပီး ေနရာလြတ္မရွိ ခ်စ္ေပးႏိုင္ျခင္းပဲ ျဖစ္ပါတယ္။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သစ္စာရှိခြင်းဆိုတာဟာ သင်ရဲ့မျက်ဝန်းအကြည့်တွေကို တစ်စုံတစ်ယောက်စီမှာပဲ အပြီးအပ်နှံထားပေးရုံလေးနဲ့ မလုံလောက်ပါဘူး။ သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့ညတွေကို တခြားသင်စိတ်ပျော်ရာသူတွေနဲ့ မကုန်ဆုံးတတ်ရုံလေးလည်း မဟုတ်ပါဘူး။

သင့်ရဲ့နှုတ်ခမ်းတစ်စုံကို သူ (လက်တွဲဖော်) ဆိုသူ အတွက်သာ ဆိုတာမျိုးလောက်လေးလည်း မဟုတ်ပါဘူး။ သင့်ချစ်သူတစ်ဦးတည်းနဲ့ပဲ ရင်းနှီးစွာဆက်ဆံတာမျိုးထက်လည်းပိုပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ ဒီအရာတွေအားလုံးထက်ကို ပိုပါတယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့ဖုန်းထဲမှာရှိတဲ့ ဖူးစာရေး အက်ပလီကေးရှင်း (application) တွေအားလုံးကို ဖျက်လိုက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်အတွက် သူနဲ့လက်တွဲနေတဲ့အချိန်မျိုးမှာ ဒီလိုအက်ပလီကေးရှင်းတွေကို အသုံးပြုဖို့ မလိုအပ်တော့ပါဘူး။ သစ္စာရှိခြင်းဆိုတာမှာ သင့်ရဲ့ဖုန်းထဲကအဆက်ဟောင်းတွေရဲ့ ဖုန်းနံပါတ်နဲ့ သတင်းအချက်အလက်တွေကို ဖျက်ပစ်လိုက်ခြင်းလည်းပါပါတယ်။ သင့်အနေနဲ့လည်း သူတို့ကို နောက်တစ်ကြိမ် ထပ်ဆက်သွယ်စရာမလိုတဲ့ အနေအထားမျိုးမှာရောက်နေပါပြီ။ သင်ဟာ သင်ရဲ့လက်တွဲဖော်နဲ့ပဲ ပျော်ရွှင်နေပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ချစ်ခရီးလမ်းကို ကျေနပ်သာယာနေတဲ့ သဘောမျိုးအပြင် သင့်ဆီနောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ငြင်းပယ်နိုင်စွမ်းရှိနေရပါမယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ရဲ့လက်ထပ်လက်စွပ်ကို အမြဲဝတ်ထားတာမျိုးလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ အကောင့်တွေမှာလည်း လက်ထပ်ပြီးကြောင်း (သို့) လက်တွဲဖော်ရှိနေကြောင်း ပိုစ့်တင်ထားခြင်းဖြင့် သင်လူလွတ်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအားလုံးကို သင့်မှာ ချစ်သူ၊ ရည်းစားရှိကြောင်းနဲ့ သင့်ရဲ့နှလုံးသားကို သူ့တစ်ယောက်တည်းအတွက်သာ ပေးအပ်ထားပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားနိုင်တာမျိုး ရှိရပါမယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကို သင့်ရဲ့ချစ်ရေးချစ်ရာကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး သံသယရှင်းအောင် ပြုလုပ်ထားနိုင်ရပါမယ်။ သင့်ရဲ့လက်တွဲဖော်နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရိုးသားတဲ့ဆွေးနွေးမှုမျိုးလည်း ပေးနိုင်ရပါမယ်။ တစ်ခါတရံ သင့်ရဲ့လက်တွဲဖော်က အဆက်ဟောင်းတွေအကြောင်း မေးမြန်းလာတဲ့အခါမှာ မလိမ်ညာဘဲ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ခြင်းမျိုးရှိရပါမယ်။ သစ္စာရှိခြင်းဆိုတာဟာ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အမြဲတမ်းပွင့်လင်းနေခြင်းမျိုးကို ဆိုလိုတာပါ။ ဘယ်လောက်ခက်ခဲတဲ့ ပြသနာမျိုးဖြစ်ဖြစ်၊ ဘယ်လိုသင်တောင့်သက်သာမရှိတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဖြေတစ်ခုခုတော့ရအောင် ကြိုးစာဖြေရှင်ပေးနိုင်ရပါမယ်။သင့်ရဲလက်တွဲဖော်ဟာ အကြောင်းအရာတစ်ခုကို အဆင်ပြေပြေ၊ မပြေပြေ အမှန်တရားကိုသိဖို့အတွက် ထိုက်တန်တဲ့သူဆိုတာကိုတော့ သင်နားလည်ထားဖို့လိုအပ်ပါတယ်။

သစ္စာရှိခြင်းဆိုတာဟာ သင့်ဆီက သင့်လက်တွဲဖော် မျှော်လင့်ထားတဲ့အရာတွေကို အချိန်ရော၊ လူအားရော စိုက်ထုတ်ပြီး သိရှိနားလည်ထားဖို့ လိုအပ်တာမျိုးပါတယ်။ သင့်အနေနဲ့ သူ့အတွက်အကောင်းဆုံးကြိုးစားပေးနေပြီး သူ့ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးမိတဲ့အခါမျိုးမှာ တောင်းပန်ဖို့ဝန်မလေးတာမျိုး ဖြစ်နေရပါမယ်။ သစ္စာရှိခြင်းမှာ သင့်လက်တွဲဖော်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေပြီး ဘယ်သောအခါမှ အဲဒီမျဉ်းတွေရဲ့အပြင်ကို သင်မရောက်သွားပါဘူးလို့ အာမခံထားနိုင်ခြင်းမျိုးလည်း ရှိရပါမယ်။ သစ္စာရှိခြင်းဆိုတာမှာ သင့်ရဲ့လက်တွဲဖော်ကို လေးစားမှုရှိပြီး သင့်ရဲ့လိုအပ်ချက်တွေကိုလည်း ရိုးရိုးသားသားဖွင့်ဟ တောင်းဆိုဝန်ခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ ယောက်ျားလေးဆို မိန်းကလေးသူငယ်ချင်း၊ မိန်းကလေးဆို ယောက်ျားလေး သူငယ်ချင်းတွေ ထားပိုင်ခွင့်ရှိပါတယ်။ သစ္စာရှိခြင်းမှာတော့ သင့်အနေနဲ့ သူတို့နဲ့ဆက်ဆံတဲ့အခါမှာ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် စည်းတစ်ခုထားပြီး ပေါင်းသင်းဖို့လိုအပ်ပါတယ်။ သင်နဲ့ သင့်အပေါင်းအသင်းဆိုသူတွေရဲ့ဆက်ဆံရေးက ရိုးသားမယ်ဆို သူတို့နဲ့ စကားစမြည်ပြောဆိုထားတဲ့ စာတို၊ ဖုန်းအသံဖိုင်တွေကိုလည်း ရှင်းလင်းထားစရာမလိုပါဘူး။ သင့်ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ထဲ ဘာတွေကိန်းအောင်းနေတယ်ဆိုတာကို သင့်လက်တွဲဖော်သိထားဖို့လိုအပ်ပါတယ်။

သေချာတာကတော့ သစ္စာရှိခြင်းဆိုတာဟာ သင်နဲ့သင့်ရဲ့လက်တွဲဖော်ကြား ပွင့်လင်းပြီးဆွေးနွေးရလွယ်ကူတဲ့ ဆက်ဆံရေးမျိုးရှိခြင်းကို ဆိုလိုတာပါ။ လက်တွဲဖော်ကို ကောင်းမွန်စွာဆက်ဆံပေးခြင်းနဲ့ သင့်လက်တွဲဖော်ရဲ့ ပျော်ရွှင်မှုကသာ သင့်ဘဝရဲ့ ဦးစားပေးအစိတ်အပိုင်း ဖြစ်သင့်ပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ သင့်လက်တွဲဖော်ရဲ့ဘဝတစ်လျှောက် အမာရွတ်အဖြစ် ကျန်ရှိနေစေမယ့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်ခြင်းလည်း ဖြစ်ပါတယ်။ သင့်ရဲ့လက်ကျန်နေ့ရက်တွေကို သူနဲ့ပဲကုန်ဆုံးမယ်လို့ တွေးတောထားတာမျိုး ဖြစ်ပါတယ်။ သစ္စာရှိခြင်းဆိုတာဟာ သင့်အချစ်တွေထဲ မှန်ကန်တဲ့အရာတွေကိုသာ သင့်ဘဝလက်တွဲဖော်အတွက် ရည်ရွယ်ပေါင်းစပ်ပေးထားပြီး နေရာလွတ်မရှိ ချစ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top