iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတု အပူအေအးမမွ်တာနဲ႔ လည္ေခ်ာင္းကနာလာေတာ့တာပဲေနာ္။ တစ္ခါတေလကိုယ္တိုင္ကေတာင္ သတိမထားမိခ်ိန္မွာ လည္ေခ်ာင္းကနာေနျပီေလ။ လည္ေခ်ာင္းနာတဲ့အခါ ေခါင္းကိုက္တာ၊ အသံဝင္တာေတြက တဆက္တည္းကိုျဖစ္လာပါေတာ့တယ္။ လည္ေခ်ာင္းနာ၊ေခါင္းကိုက္ျဖစ္ျပီဆိုရင္ေတာ့ အလုပ္ေတြကို အာရံုစိုက္ႏုိင္ဖို႔က ေတာ္ေတ္ာေလးခက္ျပီေလ။ ဒီလိုစိတ္ညစ္စရာအေျခအေနကို အေကာင္းဆံုးေျဖရွင္းႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြရွိပါတယ္။
လည္ေခ်ာင္းနာတာကို သက္သာေစမယ့္နည္းလမ္းေတြက

လည္ေခ်ာင္းနာတာကို ဘဝတစ္ေလွ်ာက္မွာ တစ္ခါေလာက္ေတာ့ၾကံဳဖူးမွာပါ။ လည္ေခ်ာင္းနာတဲ့အခါ လည္ေခ်ာင္းထဲက ယားသလိုလို နာသလိုလိုျဖစ္မယ္၊ အရမ္းျပင္းထန္တဲ့အခါ တံေထြးေတာင္မ်ိဳခ်လို႔မရေအာင္နာတာမ်ိဳးရွိႏိုင္ပါတယ္။ လည္ေခ်ာင္းနာတဲ့အခါ ခႏၶာကိုယ္မွာ အဖ်ားဝင္တာပါ တြဲလာတတ္တယ္။ လည္ေခ်ာင္းနာတာက ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ရတာပါ။ လည္ေခ်ာင္းနာတာက ပံုမွန္အားျဖင့္ သက္သာသြားတတ္ေပမယ့္ ျမန္ျမန္သက္သာခ်င္ရင္ေတာ့ အခုေျပာတဲ့နည္းလမ္းေလးေတြအတိုင္းလုပ္ၾကည့္ႏုိင္ပါတယ္။

လည္ေခ်ာင္းနာတဲ့အခါ –

    ဆားရည္နဲ႔ ပလုပ္က်င္းေပးပါ
    ငံုေဆးငံုပါ
    ပ်ားရည္စားသံုးေပးပါ
    ေရဓာတ္ျပည့္ေအာင္ေနပါ
    အစိုဓာတ္ထိန္းစက္ (humidifier) ေလးဖြင့္ထားေပးပါ
    ၾကက္သြန္ျဖဴစားသံုးေပးပါ
    ပန္းသီးရွာလကာရည္ေသာက္ေပးပါ
    အနားယူေပးပါ
    ခံတြင္းသန္႔ေဆးရည္အသံုးျပဳေပးပါ။

ဘယ္လိုထိေရာက္မႈေတြရွိေစမွာလဲ

ဆားရည္နဲ႔ပလုပ္က်င္းေပးျခင္း – ေရေႏြး ခပ္ေႏြးေႏြးေလးထဲမွာဆားခပ္ျပီး ပလုပ္က်င္းေပးပါ။ ဆားကလည္ေခ်ာင္းထဲမွာရွိတဲ့ ခၽြဲေတြကို ေပ်ာ္ေစျပီး၊ လည္ေခ်ာင္းအတြင္းပိုင္းက တစ္ရႈးေတြကို က်န္းမာလာေအာင္လႈံ႔ေဆာ္ေပးတာေၾကာင့္ လည္ေခ်ာင္းနာတာကို သက္သာေစႏိုင္ပါတယ္။

ငံုေဆးငံုျခင္း- ပရုတ္ပါတဲ့ငံုေဆး ခပ္ေပ်ာ႔ေပ်ာ႔ေလးငံုေပးတာက လည္ေခ်ာင္းထဲက တစ္ရႈးေတြကို အာရံုခံစားမႈေလ်ာ့သြားေအာင္လုပ္ေဆာင္ေပးျပီး ယာယီေတာ့ သက္သာမႈရရွိေစမွာျဖစ္ပါတယ္။ ငံုေဆးငံုေပးတာက တံေထြးထြက္ရွိမႈကို တိုးေစျပီး စိုစြတ္ေစတဲ့အတြက္ လည္ေခ်ာင္းနာတာကို သက္သာေအာင္အေထာက္အကူေပးႏိုင္ပါတယ္။

ပ်ားရည္စားသံုးျခင္း – ေရေႏြးၾကက္သီးေႏြးေလးထဲကို ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္ျပီးေသာက္ေပးရင္လည္း လည္ေခ်ာင္းနာသက္သာေစႏိုင္ပါတယ္။ ေရေႏြးၾကမ္းက ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ေရဓာတ္ကိုျဖည့္ေပးျပီး လည္ေခ်ာင္းနာတာကို ျမန္ျမန္သက္သာေအာင္ အေထာက္အကူျပဳေပးႏိုင္ပါတယ္။ ပ်ားရည္ထဲမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္ေနတာေၾကာင့္ လည္ေခ်ာင္းအတြင္းပိုင္းေရာင္ရမ္းတာကို သက္သာေစႏိုင္ပါတယ္။

ေရဓာတ္ျပည့္ဝေစျခင္း – ေရဓာတ္ျပည့္ဝေအာင္ေနတာက လည္ေခ်ာင္းနာတာကိုသက္သာေအာင္လုပ္ေဆာင္ရာမွာ အဓိကအေရးပါတဲ့ အခန္းက႑ကေနပါဝင္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္မျပည့္ဝတဲ့အခါ လည္ေခ်ာင္းထဲမွာ တံေထြးအလံုအေလာက္မရရွိတာမ်ိဳးျဖစ္ျပီး လည္ေခ်ာင္းနာတာကို ပိုဆိုးေစႏိုင္ပါတယ္။

ေရေသာက္ဆိုတဲ့ေနရာမွာလည္း ကဖင္းတို႔ အယ္လ္ကိုေဟာတို႔ပါဝင္မႈမရွိတဲ့ သန္႔စင္တဲ့ေရ ဒါမွမဟုတ္ အသီးေဖ်ာ္ရည္ေတြကိုေသာက္သံုးရမွာျဖစ္ပါတယ္။

အစိုထိန္းစက္အသံုးျပဳျခင္း – အစိုဓာတ္ပါဝင္ေနတဲ့ေလထုက လည္ေခ်ာင္းနဲ႔ႏွာေခါင္းအတြင္းပိုင္းက ေရာင္ရမ္းေနတဲ့ တစ္ရႈးေတြကို သက္သာေစႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ မိမိေနထိုင္ရာပတ္ဝန္းက်င္မွာ အစိုဓာတ္ထိန္းတဲ့စက္ေလးဖြင့္ထားေပးပါ။ ေရေႏြးေငြ႕ခံေပးလို႔လည္းရပါတယ္။ ေရေႏြးေႏြးေလးဇလံုထဲမွာထည့္ျပီးေခါင္းမွာ တဘက္အုပ္ရင္း ေရေႏြးေငြ႔ခံေပးတာကလည္း လည္ေခ်ာင္းနာတာကိုသက္သာေစႏိုင္ပါတယ္။

ၾကက္သြန္ျဖဴစားေပးျခင္း – ၾကက္သြန္ျဖဴက သဘာဝအတိုင္းကို antibacterial အာနိသင္ရွိတာပါ။ ၾကက္သြန္ျဖဴမွာ ကူးစက္ေရာဂါပိုးေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ allicin ျဒပ္ေပါင္းပါဝင္ေနပါတယ္။ ဒါေၾကာင့္လည္ေခ်ာင္းနာတဲ့အခါ ၾကက္သြန္ျဖဴကို ဟင္းခါးခ်က္ေသာက္တာျဖစ္ျဖစ္ မီးကင္စားတာျဖစ္ျဖစ္စားေပးပါ။ ၾကက္သြန္ျဖဴက အနာက်က္ေစႏိုင္စြမ္းလည္းရွိတာေၾကာင့္ လည္ေခ်ာင္းအတြင္းပိုင္းတစ္ရႈးေတြေရာင္ရမ္းတာကို သက္သာေစမွာျဖစ္ပါတယ္။

ပန္းသီးရွာလကာရည္နဲ႔ ပလုပ္က်င္းေပးျခင္း – ပန္းသီးရွာလကာရည္ကလည္း ပိုးမႊားေတြကိုတိုက္ဖ်က္ေပးႏိုင္တဲ့အာနိသင္ရွိပါတယ္။ ေလ့လာမႈေတြအရ ပန္းသီးရွာလကာရည္က ကူးစက္ေရာဂါပိုးေတြကို တိုက္ဖ်က္ႏိုင္တယ္လို႔သိခဲ့ရပါတယ္။ လည္ေခ်ာင္းထဲကခၽြဲေတြကိေပ်ာ္ေစျပီး ဘက္တီးရီးယားေတြ ျပန္႔ႏွံ႔မႈကိုလည္း ဟန္႔တားေပးႏိုင္ပါတယ္။ လည္ေခ်ာင္းနာေနတယ္ဆိုရင္ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ၂ ဇြန္းစာကို ေရတစ္ခြက္စာနဲ႔ေရာစပ္ျပီး ပလုပ္က်င္းေပးလိုက္ပါ။ ေရမ်ားမ်ားေသာက္ဖို႔လည္း မေမ့ပါနဲ႔။

ျပည့္ျပည့္ဝဝအနားယူေပးျခင္း – အနားယူတာက လည္ေခ်ာင္းနာတာကိုသက္သာေစမယ့္ အေကာင္းဆံုးေသာနည္းလမ္းတစ္ခုလို႔ေျပာလို႔ရပါတယ္။ ခႏၶာကိုယ္က ေကာင္းေကာင္းအနားယူလိုက္တဲ့အခါ အေအးမိတုပ္ေကြးျဖစ္ေစတဲ့ ဗိုင္းရပ္စ္ေတြကို အေကာင္းဆံုးတိုက္ထုတ္ေပးႏိုင္မွာျဖစ္ပါတယ္။

ခံတြင္းသန္႔ေဆးရည္ အသံုးျပဳေပးပါ – ဒါေတြအျပင္ လည္ေခ်ာင္းနာတာကို သက္သာေစႏိုင္မယ့္ ေနာက္ထပ္နည္းလမ္းတစ္ခုက  ခံတြင္းသန္႔ေဆးရည္နဲ႔ ပလုပ္က်င္းတာပါ။ BETADINE ကေနထုတ္ထားတဲ့  Throat and Oral Care ခံတြင္းသန္႔ေဆးရည္လိုမ်ိဳး ခံတြင္းသန္႔ေဆးရည္နဲ႔ ပလုပ္က်င္းေပးမယ္ဆိုရင္လည္း အေအးမိတုပ္ေကြးေရာဂါပိုးေတြကို ကာကြယ္နိုင္မွာျဖစ္တဲ့အျပင္ လည္ေခ်ာင္းနာတာကို ပါ သက္သာေစႏိုင္မွာ အေသအခ်ာပါ။ ဒီခံတြင္းသန္႔ေဆးရည္က စကၠန္႔ ၃၀ ၾကာပလုပ္က်င္းေပးရံုနဲ႔ ေရာဂါပိုးမႊားေတြကို တိုက္ဖ်က္ေပးႏိုင္မွာျဖစ္ပါတယ္။ ပလုပ္က်င္းေပးရံုနဲ႔ ေရာဂါပိုးေတြကိုေသေစနိုင္ပါတယ္။ ပတ္ဝန္းက်င္မွာရွိေနတဲ့ ဘက္တီးရီးယားေတြေၾကာင့္ ေနာက္ထပ္လည္ေခ်ာင္းနာတာမ်ိဳး အဖ်ားဝင္တာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။ ဒါေၾကာင့္လည္ေခ်ာင္းနာတာကို ျမန္ျမန္ဆန္ဆန္နဲ႔ ထိေရာက္မႈရွိေစတဲ့ နည္းလမ္းတစ္ခုအေနနဲ႔ BETADINE   Throat and Oral Care ခံတြင္းသန္႔ေဆးရည္ကို ညႊန္းေပးပါရေစ။
လည္ေခ်ာင္းနာေဝဒနာကို ဒီလိုကာကြယ္လို႔ရပါတယ္

လည္ေခ်ာင္းနာတာမျဖစ္ေစဖို႔အတြက္ မျဖစ္မေနလုပ္ရမယ့္နည္းလမ္းတစ္ခုကေရာဂါပိုးေတြမကူးစက္ေအာင္ေနတာပါ။ ေန႔စဥ္လႈပ္ရွားသြားလာေနတဲ့ ပတ္ဝန္းက်င္မ်ာ မ်က္စိမျမင္ႏိုင္တဲ့ ဘက္တီးရီးယားေတြ ေတာ္ေတ္ာေလးမ်ားပါတယ္။ ဒီဘက္တီးရီးယားေတြေၾကာင့္ ေရာဂါပိုးကူးစက္တာမ်ိဳးမျဖစ္ေစဖို႔အတြက္က လက္ကိုသန္႔ရွင္းေအာင္ထားဖို႔လုိပါတယ္။ အမ်ားသံုးပစၥည္းေတြကိုင္ျပီးတဲ့အခါမ်ိဳး၊ ဘတ္စ္ကားစီးျပီးတဲ့အခါတိုင္းမွာ လက္ကိုသန္႔စင္ေဆးေၾကာပါ။ သြားေလရာကို ေရမလိုလက္သန္႔ေဆးယူသြားဖို႔မေမ့ပါနဲ႔။  ေန႔စဥ္ ေကာင္းေကာင္းအိပ္စက္အနားယူျပီး အာဟာရျပည့္ဝေအာင္စားသံုးေပးဖို႔လည္းမေမ့ပါနဲ႔။ ေန႔စဥ္ကိုယ္လက္လႈပ္ရွားမႈလုပ္ေဆာင္ဖို႔လည္း မေမ့ပါနဲ႔။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါ ခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကိုဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့က တော်တေ်ာလေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။
လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတွေက

လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင်မျိုချလို့မရအောင်နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓာကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။ လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် သက်သာသွားတတ်ပေမယ့် မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။

လည်ချောင်းနာတဲ့အခါ –

    ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ
    ငုံဆေးငုံပါ
    ပျားရည်စားသုံးပေးပါ
    ရေဓာတ်ပြည့်အောင်နေပါ
    အစိုဓာတ်ထိန်းစက် (humidifier) လေးဖွင့်ထားပေးပါ
    ကြက်သွန်ဖြူစားသုံးပေးပါ
    ပန်းသီးရှာလကာရည်သောက်ပေးပါ
    အနားယူပေးပါ
    ခံတွင်းသန့်ဆေးရည်အသုံးပြုပေးပါ။

ဘယ်လိုထိရောက်မှုတွေရှိစေမှာလဲ

ဆားရည်နဲ့ပလုပ်ကျင်းပေးခြင်း – ရေနွေး ခပ်နွေးနွေးလေးထဲမှာဆားခပ်ပြီး ပလုပ်ကျင်းပေးပါ။ ဆားကလည်ချောင်းထဲမှာရှိတဲ့ ချွဲတွေကို ပျော်စေပြီး၊ လည်ချောင်းအတွင်းပိုင်းက တစ်ရှုးတွေကို ကျန်းမာလာအောင်လှုံ့ဆော်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

ငုံဆေးငုံခြင်း- ပရုတ်ပါတဲ့ငုံဆေး ခပ်ပျော့ပျော့လေးငုံပေးတာက လည်ချောင်းထဲက တစ်ရှုးတွေကို အာရုံခံစားမှုလျော့သွားအောင်လုပ်ဆောင်ပေးပြီး ယာယီတော့ သက်သာမှုရရှိစေမှာဖြစ်ပါတယ်။ ငုံဆေးငုံပေးတာက တံထွေးထွက်ရှိမှုကို တိုးစေပြီး စိုစွတ်စေတဲ့အတွက် လည်ချောင်းနာတာကို သက်သာအောင်အထောက်အကူပေးနိုင်ပါတယ်။

ပျားရည်စားသုံးခြင်း – ရေနွေးကြက်သီးနွေးလေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးသောက်ပေးရင်လည်း လည်ချောင်းနာသက်သာစေနိုင်ပါတယ်။ ရေနွေးကြမ်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်ပေးပြီး လည်ချောင်းနာတာကို မြန်မြန်သက်သာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ပျားရည်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် လည်ချောင်းအတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝစေခြင်း – ရေဓာတ်ပြည့်ဝအောင်နေတာက လည်ချောင်းနာတာကိုသက်သာအောင်လုပ်ဆောင်ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝတဲ့အခါ လည်ချောင်းထဲမှာ တံထွေးအလုံအလောက်မရရှိတာမျိုးဖြစ်ပြီး လည်ချောင်းနာတာကို ပိုဆိုးစေနိုင်ပါတယ်။

ရေသောက်ဆိုတဲ့နေရာမှာလည်း ကဖင်းတို့ အယ်လ်ကိုဟောတို့ပါဝင်မှုမရှိတဲ့ သန့်စင်တဲ့ရေ ဒါမှမဟုတ် အသီးဖျော်ရည်တွေကိုသောက်သုံးရမှာဖြစ်ပါတယ်။

အစိုထိန်းစက်အသုံးပြုခြင်း – အစိုဓာတ်ပါဝင်နေတဲ့လေထုက လည်ချောင်းနဲ့နှာခေါင်းအတွင်းပိုင်းက ရောင်ရမ်းနေတဲ့ တစ်ရှုးတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ အစိုဓာတ်ထိန်းတဲ့စက်လေးဖွင့်ထားပေးပါ။ ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်။ ရေနွေးနွေးလေးဇလုံထဲမှာထည့်ပြီးခေါင်းမှာ တဘက်အုပ်ရင်း ရေနွေးငွေ့ခံပေးတာကလည်း လည်ချောင်းနာတာကိုသက်သာစေနိုင်ပါတယ်။

ကြက်သွန်ဖြူစားပေးခြင်း – ကြက်သွန်ဖြူက သဘာဝအတိုင်းကို antibacterial အာနိသင်ရှိတာပါ။ ကြက်သွန်ဖြူမှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ allicin ဒြပ်ပေါင်းပါဝင်နေပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ကြက်သွန်ဖြူကို ဟင်းခါးချက်သောက်တာဖြစ်ဖြစ် မီးကင်စားတာဖြစ်ဖြစ်စားပေးပါ။ ကြက်သွန်ဖြူက အနာကျက်စေနိုင်စွမ်းလည်းရှိတာကြောင့် လည်ချောင်းအတွင်းပိုင်းတစ်ရှုးတွေရောင်ရမ်းတာကို သက်သာစေမှာဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပေးခြင်း – ပန်းသီးရှာလကာရည်ကလည်း ပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ ပန်းသီးရှာလကာရည်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့သိခဲ့ရပါတယ်။ လည်ချောင်းထဲကချွဲတွေကိပျော်စေပြီး ဘက်တီးရီးယားတွေ ပြန့်နှံ့မှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ လည်ချောင်းနာနေတယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ရောစပ်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။

ပြည့်ပြည့်ဝဝအနားယူပေးခြင်း – အနားယူတာက လည်ချောင်းနာတာကိုသက်သာစေမယ့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်က ကောင်းကောင်းအနားယူလိုက်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ခံတွင်းသန့်ဆေးရည် အသုံးပြုပေးပါ – ဒါတွေအပြင် လည်ချောင်းနာတာကို သက်သာစေနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက  ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းတာပါ။ BETADINE ကနေထုတ်ထားတဲ့  Throat and Oral Care ခံတွင်းသန့်ဆေးရည်လိုမျိုး ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးမယ်ဆိုရင်လည်း အအေးမိတုပ်ကွေးရောဂါပိုးတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် လည်ချောင်းနာတာကို ပါ သက်သာစေနိုင်မှာ အသေအချာပါ။ ဒီခံတွင်းသန့်ဆေးရည်က စက္ကန့် ၃၀ ကြာပလုပ်ကျင်းပေးရုံနဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ ပလုပ်ကျင်းပေးရုံနဲ့ ရောဂါပိုးတွေကိုသေစေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် နောက်ထပ်လည်ချောင်းနာတာမျိုး အဖျားဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့်လည်ချောင်းနာတာကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုအနေနဲ့ BETADINE   Throat and Oral Care ခံတွင်းသန့်ဆေးရည်ကို ညွှန်းပေးပါရစေ။
လည်ချောင်းနာဝေဒနာကို ဒီလိုကာကွယ်လို့ရပါတယ်

လည်ချောင်းနာတာမဖြစ်စေဖို့အတွက် မဖြစ်မနေလုပ်ရမယ့်နည်းလမ်းတစ်ခုကရောဂါပိုးတွေမကူးစက်အောင်နေတာပါ။ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မျာ မျက်စိမမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ တော်တေ်ာလေးများပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ရောဂါပိုးကူးစက်တာမျိုးမဖြစ်စေဖို့အတွက်က လက်ကိုသန့်ရှင်းအောင်ထားဖို့လိုပါတယ်။ အများသုံးပစ္စည်းတွေကိုင်ပြီးတဲ့အခါမျိုး၊ ဘတ်စ်ကားစီးပြီးတဲ့အခါတိုင်းမှာ လက်ကိုသန့်စင်ဆေးကြောပါ။ သွားလေရာကို ရေမလိုလက်သန့်ဆေးယူသွားဖို့မမေ့ပါနဲ့။  နေ့စဉ် ကောင်းကောင်းအိပ်စက်အနားယူပြီး အာဟာရပြည့်ဝအောင်စားသုံးပေးဖို့လည်းမမေ့ပါနဲ့။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ဖို့လည်း မမေ့ပါနဲ့။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top