iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြတိုင္း တစ္လတစ္ႀကိမ္ မျဖစ္မေန ႀကံဳေတြ႔ရတဲ့ ကိစၥကေတာ့ ရာသီလာျခင္းပါပဲ။ တခ်ိဳ႕ မိန္းကေလးေတြကေတာ့ ရာသီလာခ်ိန္ဟာ ရက္အတိအက် ျဖစ္ေပမယ့္ တခ်ိဳ႕မွာေတာ့ ေနာက္က်တာေတြ ေစာတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုဆိုရင္ အနည္းနဲ႔အမ်ားေတာ့ စိတ္ညစ္ရတာပါပဲ။ မမ်ိဳးဥေၾကြၿပီးေနာက္ေန႔ဟာ ရာသီလာရက္ပါပဲ။ ရာသီလာခ်ိန္ မမွန္တဲ့အခါမွာ စိတ္အေျပာင္းအလဲျမန္တာေတြ၊ ဗိုက္ေအာင့္တာေတြနဲ႔ ေျခလက္မသယ္ခ်င္တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီပံုမွန္လာဖို႔အတြက္ ေဆးေသာက္တာေတြ အျပင္ အစားအစာေတြနဲ႔လည္း ျပဳလုပ္လို႔ ရပါတယ္။ ဘယ္လိုအစားအစာေတြက ကူညီေပးႏိုင္မလဲဆိုတာ ဖတ္ၾကည့္ပါဦး။

သားမ်ိဳးဥအိမ္ထဲမွာ ရွိတဲ့ ေသြးေၾကာေလးေတြဟာ အရမ္းကို ေသးငယ္လြနး္ပါတယ္။ သူတို႔ေလးေတြဟာ ပ်က္စီးလြယ္ပါတယ္။ ေကာင္းမြန္တဲ့ ေသြးလည္ပတ္မႈ မရွိျခင္း၊ အဝလြန္ျခင္းနဲ႔ ကိုလက္စထေရာ ပမာဏ မ်ားျခင္းေတြဟာ သားဥအိမ္မွာ ရွိတဲ့ ေသြးေၾကာေတြကို ပိတ္ဆို႔ထားျခင္းေတြ ျဖစ္ႏုိင္ၿပီး ေသြးစီးဆင္းမႈနဲ႔ ေဟာ္မုန္းေတြကို ေျပာင္းလဲ ေစပါတယ္။ ဒီအခါမွာ ရာသီလာတာဟာ ပံုမွန္မဟုတ္ေတာ့ပါဘူး။ ဒါေတြကို ေျပလည္ေအာင္ ေျဖရွင္းေပးႏိုင္မယ့္ အစားအစာကေတာ့ အိုမီဂါ ၃ အက္ဆစ္ပါ။ သူက ရာသီေသြး ပံုမွန္ျဖစ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ တူနာငါး၊ ဆယ္လ္မြန္ငါးေတြအျပင္ တျခားငါးေတြကေနလည္း ရရွိႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ္က ရာသီေသြး အခ်ိန္မွန္မွန္မလာဘူးဆိုရင္ ငါးစားေပးပါ။

ကိုယ္ခႏၶာကိုယ္ဟာ ပရိုတင္းဓါတ္ ျပည့္ဝရဲ႕လားဆိုတာ မၾကာခဏ စစ္ေဆးပါ။ ပရိုတင္းဓါတ္ ျပည့္မျပည့္ဆိုတာကို သိရွိႏိုင္မယ့္ ေယဘုယ် လကၡဏာကေတာ့ အားအင္ကုန္ခမ္းျခင္းနဲ႔ ျဖဴဖတ္ျဖဴေရာ္ ျဖစ္ျခင္းေတြပါပဲ။ ပရိုတင္းဓါတ္ မျပည့္ဝတာက ရာသီလာခ်ိန္ မမွန္ေစပါဘူး။ ပရိုတင္းဓါတ္ ရရွိေစမယ္ဆိုရင္ estrogen ရရွိၿပီး ေဟာ္မုန္းနဲ႔ ေသြးစီးဆင္းမႈကို အေထာက္အကူျပဳတာေၾကာင့္ ရာသီ အခ်ိန္မွန္မွန္ လာေစပါတယ္။ ရာသီအခ်ိန္မွန္ လာတာက ကိုယ္ဝန္ရႏိုင္ေခ်ကိုလည္း ျမင့္တက္ေစပါတယ္။ ေျမပဲ၊ ဗာဒံေစ့၊ ၾကက္ဥျပဳတ္၊ ဆာဒင္းငါးေတြမွာ ပရိုတင္းပါဝင္ၿပီး estrogenကိုလည္း ေပးစြမ္းႏိုင္တာေၾကာင့္ ရာသီပံုမွန္လာေစမွာပါ။ ေျမပဲမွာ estrogen ခပ္မ်ားမ်ား ပါဝင္တာဟာ တျခား အစားအစာေတြထက္ ရာသီလာျခင္းကို ပိုၿပီး အားေပးကူညီႏိုင္ပါတယ္။

ဗီတာမင္ ဒီကေတာ့ အစားအစာေတြကေန ရရွိဖုိ႔ အနည္းငယ္ခက္တယ္ဆိုေပမယ့္ ႏို႔ထြက္ပစၥည္း၊ တူနာ၊ ၾကက္ဥေတြကေန ရရွိႏိုင္ပါတယ္။ ဗီတာမင္ဒီ လံုလံုေလာက္ေလာက္ ရရွိမယ္ဆိုရင္ ရာသီပံုမွန္လာေစပါတယ္။ ဒါဟာ ေနေရာင္ျခည္က ရရွိတဲ့ ဗီတာမင္ဒီနဲ႔ အတူတူပါပဲ။ တစ္ပတ္ကို အနည္းဆံုး (၂ႀကိမ္ကေန ၃ ႀကိမ္) အထိ ေနေရာင္ျခည္ (၁၀) မိနစ္ေလာက္ ထိေတြ႔တာက ဗီတာမင္ဒီ ရရွိေစပါတယ္။ ဒီလို ရရွိမယ္ဆိုရင္ ရာသီ ပံုမွန္လာေစဖို႔အတြက္ အေထာက္အကူျပဳမယ့္ ဗီတာမင္ဒီကုိ ရရွိပါၿပီ။

ဒါေၾကာင့္ ကိုယ္က ရာသီပံုမွန္လာသူ မဟုတ္ဘူးဆိုရင္ေတာ့ အစားအစာေတြနဲ႔ ကုသလို႔ ရရွိႏိုင္ပါတယ္။ ကိုယ္ေန႔တုိင္း စားတဲ့ အစားအစာေတြက ခႏၶာကိုယ္အတြက္ လုိအပ္ၿပီး ေဟာ္မုန္းအားေကာင္းေစမယ့္ estrogen ေကာင္းမြန္ေစတဲ့ အစားအစာေတြ ျဖစ္ဖို႔ေတာ့ လိုပါတယ္။ ဗီတာမင္ဒီေလးလည္း ရေအာင္ ေနေရာင္ျခည္ကေန ယူေနာ္။ ဒါဆိုရင္ေတာ့ ” ဒီလ ရာသီလာတာ ေနာက္က်လို႔” ဆိုတဲ့ စကားကို ေျပာဖို႔လိုမွာ မဟုတ္ေတာ့ပါဘူးေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတွေတိုင်း တစ်လတစ်ကြိမ် မဖြစ်မနေ ကြုံတွေ့ရတဲ့ ကိစ္စကတော့ ရာသီလာခြင်းပါပဲ။ တချို့ မိန်းကလေးတွေကတော့ ရာသီလာချိန်ဟာ ရက်အတိအကျ ဖြစ်ပေမယ့် တချို့မှာတော့ နောက်ကျတာတွေ စောတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် အနည်းနဲ့အများတော့ စိတ်ညစ်ရတာပါပဲ။ မမျိုးဥကြွေပြီးနောက်နေ့ဟာ ရာသီလာရက်ပါပဲ။ ရာသီလာချိန် မမှန်တဲ့အခါမှာ စိတ်အပြောင်းအလဲမြန်တာတွေ၊ ဗိုက်အောင့်တာတွေနဲ့ ခြေလက်မသယ်ချင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီပုံမှန်လာဖို့အတွက် ဆေးသောက်တာတွေ အပြင် အစားအစာတွေနဲ့လည်း ပြုလုပ်လို့ ရပါတယ်။ ဘယ်လိုအစားအစာတွေက ကူညီပေးနိုင်မလဲဆိုတာ ဖတ်ကြည့်ပါဦး။

သားမျိုးဥအိမ်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေဟာ အရမ်းကို သေးငယ်လွန်းပါတယ်။ သူတို့လေးတွေဟာ ပျက်စီးလွယ်ပါတယ်။ ကောင်းမွန်တဲ့ သွေးလည်ပတ်မှု မရှိခြင်း၊ အဝလွန်ခြင်းနဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေဟာ သားဥအိမ်မှာ ရှိတဲ့ သွေးကြောတွေကို ပိတ်ဆို့ထားခြင်းတွေ ဖြစ်နိုင်ပြီး သွေးစီးဆင်းမှုနဲ့ ဟော်မုန်းတွေကို ပြောင်းလဲ စေပါတယ်။ ဒီအခါမှာ ရာသီလာတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ ဒါတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် အစားအစာကတော့ အိုမီဂါ ၃ အက်ဆစ်ပါ။ သူက ရာသီသွေး ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေအပြင် တခြားငါးတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ရာသီသွေး အချိန်မှန်မှန်မလာဘူးဆိုရင် ငါးစားပေးပါ။

ကိုယ်ခန္ဓာကိုယ်ဟာ ပရိုတင်းဓါတ် ပြည့်ဝရဲ့လားဆိုတာ မကြာခဏ စစ်ဆေးပါ။ ပရိုတင်းဓါတ် ပြည့်မပြည့်ဆိုတာကို သိရှိနိုင်မယ့် ယေဘုယျ လက္ခဏာကတော့ အားအင်ကုန်ခမ်းခြင်းနဲ့ ဖြူဖတ်ဖြူရော် ဖြစ်ခြင်းတွေပါပဲ။ ပရိုတင်းဓါတ် မပြည့်ဝတာက ရာသီလာချိန် မမှန်စေပါဘူး။ ပရိုတင်းဓါတ် ရရှိစေမယ်ဆိုရင် estrogen ရရှိပြီး ဟော်မုန်းနဲ့ သွေးစီးဆင်းမှုကို အထောက်အကူပြုတာကြောင့် ရာသီ အချိန်မှန်မှန် လာစေပါတယ်။ ရာသီအချိန်မှန် လာတာက ကိုယ်ဝန်ရနိုင်ချေကိုလည်း မြင့်တက်စေပါတယ်။ မြေပဲ၊ ဗာဒံစေ့၊ ကြက်ဥပြုတ်၊ ဆာဒင်းငါးတွေမှာ ပရိုတင်းပါဝင်ပြီး estrogenကိုလည်း ပေးစွမ်းနိုင်တာကြောင့် ရာသီပုံမှန်လာစေမှာပါ။ မြေပဲမှာ estrogen ခပ်များများ ပါဝင်တာဟာ တခြား အစားအစာတွေထက် ရာသီလာခြင်းကို ပိုပြီး အားပေးကူညီနိုင်ပါတယ်။

ဗီတာမင် ဒီကတော့ အစားအစာတွေကနေ ရရှိဖို့ အနည်းငယ်ခက်တယ်ဆိုပေမယ့် နို့ထွက်ပစ္စည်း၊ တူနာ၊ ကြက်ဥတွေကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီ လုံလုံလောက်လောက် ရရှိမယ်ဆိုရင် ရာသီပုံမှန်လာစေပါတယ်။ ဒါဟာ နေရောင်ခြည်က ရရှိတဲ့ ဗီတာမင်ဒီနဲ့ အတူတူပါပဲ။ တစ်ပတ်ကို အနည်းဆုံး (၂ကြိမ်ကနေ ၃ ကြိမ်) အထိ နေရောင်ခြည် (၁၀) မိနစ်လောက် ထိတွေ့တာက ဗီတာမင်ဒီ ရရှိစေပါတယ်။ ဒီလို ရရှိမယ်ဆိုရင် ရာသီ ပုံမှန်လာစေဖို့အတွက် အထောက်အကူပြုမယ့် ဗီတာမင်ဒီကို ရရှိပါပြီ။

ဒါကြောင့် ကိုယ်က ရာသီပုံမှန်လာသူ မဟုတ်ဘူးဆိုရင်တော့ အစားအစာတွေနဲ့ ကုသလို့ ရရှိနိုင်ပါတယ်။ ကိုယ်နေ့တိုင်း စားတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ဟော်မုန်းအားကောင်းစေမယ့် estrogen ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်ဖို့တော့ လိုပါတယ်။ ဗီတာမင်ဒီလေးလည်း ရအောင် နေရောင်ခြည်ကနေ ယူနော်။ ဒါဆိုရင်တော့ ” ဒီလ ရာသီလာတာ နောက်ကျလို့” ဆိုတဲ့ စကားကို ပြောဖို့လိုမှာ မဟုတ်တော့ပါဘူးနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top