iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားေဟာင္းရဲ႕ စြန္ပစ္မႈေၾကာင့္ ကုိယ့္ကုိ တကယ္ခ်စ္တဲ့သူကုိ ႐ွာေတြ႕ေစခဲ့တယ္။ ကုိယ့္ေစတနာကုိ ေစာ္ကားတဲ့ သူေတြေၾကာင့္ လူတုိင္း ေစတနာနဲ႔ မတန္ဘူးဆုိတာကုိ သိလာတယ္။

ဘာမွ မသိဘဲနဲ႔ ဆရာႀကီးလုပ္တဲ့ သူေတြေၾကာင့္ ကုိယ့္ရဲ႕ သည္းခံႏိုင္စြမ္းေတြ ပုိအားေကာင္း လာခဲ့တယ္​။ လုိမွ အသုံးခ်ခ်င္တဲ့ သူတခ်ဳိ႕ေၾကာင့္ အားနာတတ္တဲ့ အက်င့္ေလးကုိ ေနရာပုိင္းျခားတတ္လာတယ္။

ကုိယ့္ကုိ နာက်င္ေစတဲ့ သူေတြေၾကာင့္ ေပ်ာ့ညံ့တဲ့ ကုိယ့္ရဲ႕စိတ္ကုိ ျပင္ဆင္ႏိုင္ လာခဲ့တယ္။ ေနာက္ေက်ာကုိ ဓားနဲ႔ထုိးတဲ့ သူတစ္ခ်ဳိ႕ေၾကာင့္ လူတုိင္းကုိ အယုံအၾကည္ လြယ္တဲ့စိတ္ကုိ ေဖ်ာက္ပစ္​ႏိုင္ခဲ့တယ္။

မထင္မွတ္ေလာက္ေအာင္ ေျပာင္းလဲသြားတဲ့ သူေတြေၾကာင့္ သံေယာဇဥ္ ႀကီးတဲ့ အက်င့္ဆုိးႀကီးကုိ ထိန္​းႏူိင္​လာခဲ့တယ္​။ မလုိအပ္ေတာ့မွ ဘဝထဲကေန ခါခါထြက္သြားတဲ့ သူေတြေၾကာင့္ ေမတၱာစစ္ ေမတၱာမွန္ေတြ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ေပးတတ္လာတယ္။

ကုိယ့္ကုိ အေရးမလုပ္ဘဲ ေမ့ထားခဲ့တဲ့ သူေတြေၾကာင့္ ကုိယ့္ကုိ သတိရေတြရဲ႕ တန္ဖုိးကုိ နားလည္လာတယ္။ တစ္ေယာက္အတြက္နဲ႔ အမ်ားကုိ ဆန္႔က်င္ခဲ့တာေၾကာင့္ တစ္ေဇာက္ကန္း ဘဝနဲ႕ မုိးမျမင္ ေလမျမင္ ျဖစ္ခဲ့ဖူးတယ္။

ေက်းဇူးတင္ပါတယ္.... ခင္ဗ်ားတုိ႔ အျပဳအမူေတြက က်ဳပ္ကုိ အရင္ကထက္ ပုိမာေက်ာေစၿပီး ရင့္က်တ္တဲ့သူတစ္ေယာက္ ျဖစ္ေစခဲ့လုိ႔.. အရာရာ နားလည္ပါတယ္ ေျပာဖုိ႔ အတိတ္မွာ အႀကိမ္ႀကိမ္ လဲျပဳိခဲ့ရတယ္....

အရာရာ အဆင္ေျပပါတယ္ ေျပာဖုိ႔ အတိတ္မွာ လႈပ္႐ွား ခါရမ္းစြာ ေပးဆပ္ခဲ့ရတယ္... မွတ္သားေလာက္တဲ႔ သင္ခန္းစာေတြ ေပးသြားခဲ့လုိ႔ ေက်းဇူးအရမ္​း အရမ္းကုိ တင္ပါတယ္.။

Credit someone
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ရည်းစားဟောင်းရဲ့ စွန်ပစ်မှုကြောင့် ကိုယ့်ကို တကယ်ချစ်တဲ့သူကို ရှာတွေ့စေခဲ့တယ်။ ကိုယ့်စေတနာကို စော်ကားတဲ့ သူတွေကြောင့် လူတိုင်း စေတနာနဲ့ မတန်ဘူးဆိုတာကို သိလာတယ်။

ဘာမှ မသိဘဲနဲ့ ဆရာကြီးလုပ်တဲ့ သူတွေကြောင့် ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းတွေ ပိုအားကောင်း လာခဲ့တယ်။ လိုမှ အသုံးချချင်တဲ့ သူတချို့ကြောင့် အားနာတတ်တဲ့ အကျင့်လေးကို နေရာပိုင်းခြားတတ်လာတယ်။

ကိုယ့်ကို နာကျင်စေတဲ့ သူတွေကြောင့် ပျော့ညံ့တဲ့ ကိုယ့်ရဲ့စိတ်ကို ပြင်ဆင်နိုင် လာခဲ့တယ်။ နောက်ကျောကို ဓားနဲ့ထိုးတဲ့ သူတစ်ချို့ကြောင့် လူတိုင်းကို အယုံအကြည် လွယ်တဲ့စိတ်ကို ဖျောက်ပစ်နိုင်ခဲ့တယ်။

မထင်မှတ်လောက်အောင် ပြောင်းလဲသွားတဲ့ သူတွေကြောင့် သံယောဇဉ် ကြီးတဲ့ အကျင့်ဆိုးကြီးကို ထိန်းနိူင်လာခဲ့တယ်။ မလိုအပ်တော့မှ ဘဝထဲကနေ ခါခါထွက်သွားတဲ့ သူတွေကြောင့် မေတ္တာစစ် မေတ္တာမှန်တွေ ချင့်ချင့်ချိန်ချိန် ပေးတတ်လာတယ်။

ကိုယ့်ကို အရေးမလုပ်ဘဲ မေ့ထားခဲ့တဲ့ သူတွေကြောင့် ကိုယ့်ကို သတိရတွေရဲ့ တန်ဖိုးကို နားလည်လာတယ်။ တစ်ယောက်အတွက်နဲ့ အများကို ဆန့်ကျင်ခဲ့တာကြောင့် တစ်ဇောက်ကန်း ဘဝနဲ့ မိုးမမြင် လေမမြင် ဖြစ်ခဲ့ဖူးတယ်။

ကျေးဇူးတင်ပါတယ်.... ခင်ဗျားတို့ အပြုအမူတွေက ကျုပ်ကို အရင်ကထက် ပိုမာကျောစေပြီး ရင့်ကျတ်တဲ့သူတစ်ယောက် ဖြစ်စေခဲ့လို့.. အရာရာ နားလည်ပါတယ် ပြောဖို့ အတိတ်မှာ အကြိမ်ကြိမ် လဲပြိုခဲ့ရတယ်....

အရာရာ အဆင်ပြေပါတယ် ပြောဖို့ အတိတ်မှာ လှုပ်ရှား ခါရမ်းစွာ ပေးဆပ်ခဲ့ရတယ်... မှတ်သားလောက်တဲ့ သင်ခန်းစာတွေ ပေးသွားခဲ့လို့ ကျေးဇူးအရမ်း အရမ်းကို တင်ပါတယ်.။

Credit someone

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top