iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
ကိုယ့်ချစ်သူဆိုတာ ဘယ်လောက်ပဲ ခန့််ချောကြီးဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာနေပါစေ၊ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ ကိုယ့်ကိုမချစ်ဘူးဆိုရင် ကျန်တာတွေ အားလုံးဟာ အလကားပဲ။ တကယ်လို့ စိတ်ထဲမှာ ကိုယ့်ကိုချစ်လားမချစ်ဘူးလား ဆိုတာကို ချီတုန်ချတုန် ဖြစ်နေတယ်ဆိုရင် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ပါ။ အကျိုးရှိမယ်လို့မျော်လင့်မိပါတယ်။
၁။ သင့် ချစ်သူ ရဲ့ ပိုက်ဆံအိတ်ထဲမှာ သင့်ဓါတ့်ပုံကို ထည့်ထားပါသလား ၊
၂။ သူ့ရဲ့ face book အကောင့် ထဲမှာ သင့်နဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို သူတင်ရဲပါသလား၊
၃။ သူရည်းစားဟောင်းရှိဖူးတယ်ဆိုရင် သူတို့ချင်းအဆက်အသွယ်ရှိသေးသလား၊ သူငယ်ချင်းအဖြစ်နဲ့ပဲ ပေါင်းတာပဲလို့ သင့်ကို ရှင်းပြပါသလား။
၄။ သင့်ရှေ့မှာသူဟန်းဖုန်းကို အမြဲပိတ်ထားတာပဲဖြစ်ဖြစ် အသံတိတ်တုန်ခါ ဖွင့်ထားတာပဲဖြစ်ဖြစ် ပြုလုပ်ပါသလား။ ဖုန်းတုန်ခါလာရင် နေရာရွှေ့ပြီး ဖုန်းပြောပါသလား။ သို့မဟုတ်ရင် ပတ်စ်ဝပ် ခဏခဏပြောင်းပြီး သူ့ဖုန်းကိုဖွင့်မကြည့် နိုင်အောင် ကြိုးစားပါသလား။
၅။ သူဂိမ်းတို့ ဟန်းဖုန်းတို့ ဆော့နေတဲ့အခါမျိုးမှာ သင့်ကိုလုံး၀ လစ်လျူရူ့ထားတာမျိုး ရှိပါသလား၊
၅။ သင့်နဲ့ပတ်သက်လို့ ပိုက်ဆံသုံးစရာ ရှိရင် ကပ်စေးနှဲပါသလား၊
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ပါသလား၊
၆။ ရုပ်ရှင်သွားချင်တယ်။ စူပါမားကက် သွားချင်တယ် စသည်ဖြင့် သင်ကအရင်ပူဆာမှ သွားဖြစ်တာများသလား၊ သူခေါ်လို့ သွားဖြစ်တာများသလား၊
၇။ သူ့အကြောင်း၊ သူ့မိသားစုအကြောင်း၊ သူ့သူငယ်ချင်းအကြောင်း စသည်ဖြင့် သူအကုန်လုံး သင့်ကိုပြောပြရဲပါသလား။
အပေါ်ကမေးခွန်းတွေဖြေကြည့်ပါ။ အဖြေ တစ်ခုခု အလိုလိုသိပြီးသားဖြစ်ပါလိမ့်မည်။
Credit : Sayar Aung Ko Latt
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top