iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေျခဖ်ားေထာက္တဲ့ေၾကာင္ကေလးတစ္ကယ္ေတာ့ ေၾကာင္ကေလးေတြဟာ ရပ္ေနတဲ့ အခ်ိန္နဲ႔ ေျပးေနတဲ့ အခ်ိန္ေတြကလြဲရင္ ေျခဖ်ားေလးနဲ႔ပဲ လမ္းေလွ်ာက္တတ္ၾကပါတယ္။ ဒီလိုလုပ္တာဟာ ေတာ႐ိုင္းသဘာဝ အေလ့အထေတြ သူတို႔ဆီမွာ နည္းနည္းစီ က်န္ရွိေနေသးတာေၾကာင့္ ျဖစ္ပါတယ္။

၂။ ေၾကာင္ေလးေတြက သင့္ကိုသူတို႔ခ်စ္ေၾကာင္းမျပၾကပါဘူး

ေၾကာင္ေလးေတြ သင့္ေျခေထာက္ကို သူတို႔ေခါင္းနဲ႔ပြတ္တာေလာက္ကလြဲရင္ တစ္ျခားခ်စ္စရာအမူအရာေလးေတြ လုပ္တာမ်ိဳး မရွိဘူးလို႔ ေတြးၾကည့္မိဖူးပါသလား။ ေၾကာင္ေလးေတြက သင့္ကိုသူတို႔ခ်စ္ေၾကာင္း မျပၾကေပမယ့္ တစ္ကယ္ေတာ့ သင့္ကို သူတို႔ေခါင္းနဲ႔ ပြတ္တယ္ဆိုတာ အမွတ္မွတ္ထားတာပါပဲ။ သူတို႔ေခါင္းက အနံ႔ဂလင္းေတြ ပါဝင္တဲ့ အတြက္ သူတို႔ဒီလိုလုပ္တာက ကြၽန္ေတာ္တို႔ဟာ သူတို႔ရဲ႕ သခင္ ျဖစ္တယ္ဆိုတာ တစ္ျခားတိရိစာၦန္ေတြကို ေျပာျပတဲ့ ခ်စ္စရာ အမူအရာေလးတစ္ခု ျဖစ္ပါတယ္။

၃။ ဂ႐ုမစိုက္တဲ့ေၾကာင္ကေလး

ေၾကာင္ကေလးေတြက သူတို႔နာမည္ သင္ေခၚေနတယ္ဆိုရင္ မွတ္မိနားလည္ႏိုင္ပါတယ္။ ဒါေပမယ့္ သင္ေခၚေနမွန္းသိရင္ေတာင္ တမင္ ဂ႐ုမစိုက္ပဲ ေနတတ္တဲ့ အေလ့တစ္ခုရွိပါတယ္။ ခပ္ေခ်ေခ် ေနတတ္တဲ့ ေၾကာင္ေလးေတြပါ။

၄။ ေၾကာင္ေလးေတြနဲ႔အရသာ

ေၾကာင္ေလးေတြက အခ်ိဳအရသာ မခံစားႏိုင္ၾကပါဘူး။ ဒါ့အျပင္ ေၾကာင္ေလးေတြကို ႏြားႏို႔တိုက္တာမ်ိဳးက ေၾကာင္ေလးေတြအတြက္ အႏၲာရာယ္ျဖစ္ေစတဲ့အတြက္ ေရွာင္ၾကဥ္သင့္ပါတယ္။

၅။ ေၾကာင္ေလးေတြနဲ႔ အိပ္စက္ျခင္း

ေၾကာင္ေလးေတြဟာ အိပ္မက္မက္တတ္ပါတယ္ (၁) ပတ္သား အ႐ြယ္မွာ စၿပီးမက္ၾကတာ ျဖစ္ပါတယ္။ ေၾကာင္ ေပါက္စ ေလးေတြ အတြက္ အိပ္စက္ျခင္းဟာ သူတို႔ႀကီးထြားမႈအတြက္ အေထာက္အကူ ျပဳပါတယ္။ အ႐ြယ္ေရာက္ၿပီးသား ေၾကာင္ ေလးေတြကေတာ့ သူတို႔အတြက္ ဘာအက်ိဳးေက်းဇူးမွ မရွိလည္း တစ္ေရးတစ္ေမာ အိပ္ရတာကို ႏွစ္သက္ ၾကပါတယ္။ ေၾကာင္ေလးေတြ ဘယ္ေလာက္ထိ အိပ္ ၾကလဲဆို သူတို႔ အသက္ (၉)ႏွစ္သား အ႐ြယ္ေရာက္တဲ့ အခါမွာ ၃ႏွစ္ေလာက္က အိပ္စက္ျခင္းနဲ႔ ကုန္ဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

၆။ ဘယ္သန္လား ညာသန္လား

ေၾကာင္ေလးေတြလည္း ဘယ္သန္ညာသန္ရွိၾကပါတယ္။ ေၾကာင္မေလးေတြအမ်ားစုက ညာသန္ျဖစ္ၿပီး ေၾကာင္ထီး ေလးေတြကေတာ့ ဘယ္သန္ေတြမ်ားပါတယ္။

၇။ အေခၚအေဝၚ

ေၾကာင္မေလးေတြကို Molly လို႔ေခၚၿပီး ေၾကာင္ထီးေလးေတြကိုေတာ့ Tom လို႔ေခၚပါတယ္။ Tom And Jerry ထဲက Tom ကိုဒီအေခၚအေဝၚ အစြဲျပဳၿပီးမွည့္ထားတာပါ။

၈။ ေၾကာင္ေလးေတြကို လက္သည္းမညႇပ္ေပးသင့္ပါဘူး

ေၾကာင္ေလးေတြရဲ႕ လက္သည္းက တစ္ကယ္ေတာ့ ကြၽန္ေတာ္တို႔ လက္သည္းေတြကို ညႇပ္ၿပီးရင္လည္း ျပန္ရွည္လာတာမ်ိဳး မဟုတ္ပါဘူး။ သူတို႔ လက္သည္းေတြက လက္နဲ႔ ဆက္ေနတဲ့ အ႐ိုးေလးေတြပါ။ ဒါေၾကာင့္ ေၾကာင္ေလးေတြကို လက္သည္းညႇပ္လိုက္ရင္ သူတို႔ ေျခေထာက္ေလးေတြနာၿပီး လမ္းေလွ်ာက္လို႔မရ ျဖစ္သြားႏိုင္ပါတယ္။ ဘာမွမျဖစ္ရင္ေတာင္ ေၾကာင္ေလးေတြဟာ လက္သည္းမရွိေတာ့ပဲ သူတို႔ကိုသူတို႔ မကာကြယ္ႏိုင္ေတာ့တဲ့အတြက္ ဒါဟာလည္း သူတို႔အတြက္ အႏၲရာယ္ျဖစ္ႏိုင္ပါတယ္။

၉။ လက္ေဆာင္ပစၥည္းေတြ

ေၾကာင္ေလးေတြက သင့္ဧည့္ခန္း သို႔မဟုတ္ အိပ္ခန္းထဲထိ ႂကြက္ေသေတြ ယူယူလာလို႔ သင္စိတ္ညစ္ဖူးမွာပါ။ အခု ေျပာျပတဲ့ အခ်က္ (၃)ခ်က္ကို ဖတ္ၿပီးရင္ စိတ္မညစ္ႏိုင္ပဲ ဝမ္းသာဂုဏ္ယူႏိုင္သြားမွာပါ။

သူတို႔ ကို သင္ အစာေကြၽးတဲ့ အတြက္ သူတို႔ကလည္းသူတို႔စားတဲ့ အစာကိုျပန္ေဝမွ်တာပါ။

သူတို႔ ႀကိဳက္တဲ့ အစာမို႔ အေလးထားတဲ့ လက္ေဆာင္တစ္ခုအေနနဲ႔ ယူလာေပးတာပါ။

သူတို႔ ကို သားေကာင္လိုက္ေတာ္တဲ့ ေၾကာင္ေလးေတြအျဖစ္ ျမင္ေစခ်င္တဲ့ သေဘာနဲ႔ ယူလာေပးတာပါ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔က မသိပဲ ေအာ္လိုက္တာ လိုက္႐ိုက္တာမ်ိဳးလုပ္မိရင္ ေၾကာင္ေလးေတြ စိတ္ထိခိုက္ သြားႏိုင္ ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါ သူတို႔လက္ေဆာင္ယူလာေပးရင္ ေအာ္ေဟာက္တာမ်ိဳး မလုပ္မိဖို႔ ထိန္းထား သင့္ပါတယ္။

၁၀။ ကုတ္ျခစ္တာ

ေၾကာင္ေလးေတြ သစ္ပင္တစ္ခုခုမွာကုတ္တာ ျခစ္တာမ်ိဳးလုပ္တာက သူတို႔ အတြက္ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။ ေျပးလႊားတာ ခုန္တာမ်ိဳးမွာလိုအပ္တဲ့ ႂကြက္သားအေထာက္အကူျပဳေလ့က်င့္ခန္းပါ။ ဒါေပမယ့္ ေနာက္ထပ္ အေၾကာင္းအရာတစ္ခုရွိပါတယ္၊ သူတို႔ နယ္ေျမက ပစၥည္းေတြဆိုရင္လည္း ဒီလိုလုပ္ပါတယ္။ ဥပမာ ကြၽန္ေတာ္တို႔ ထိုင္ခုံေတြ စားပြဲေတြကို သူတို႔ကုတ္ျခစ္ထားတယ္ဆိုရင္ သူတို႔ ရင္းႏွီးတဲ့ နယ္ေျမ ပတ္ဝန္းက်င္လို႔ သေဘာထားလို႔ ျဖစ္ပါတယ္။ ေၾကာင္ေလးေတြရဲ႕ အျမင္မွာ ပရိေဘာဂေတြက ျခစ္ရာေလးနဲ႔ဆို ပိုလိုက္ရင္ လိုက္ေနမွာပါ။

၁၁။ ေျမပုံ နဲ႔ ေၾကာင္ကေလး

ေၾကာင္ကေလးေတြက ဘယ္ေနရာေရာက္ေနေရာက္ေန သူတို႔အိမ္ေရာက္ေအာင္ ျပန္လာတတ္ၾကတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၾကပါတယ္။ သူတို႔ အဲ့လို လုပ္ႏိုင္တာဟာ သူတို႔ ေခါင္းထဲက ေျမျပင္ တုံ႔ျပန္ ႏိုင္စြမ္းရွိတဲ့ အဆင့္ျမင့္ သံလိုက္ဓာတ္ တစ္မ်ိဳးေၾကာင့္ ျဖစ္မယ္လို႔ သိပၸံပညာရွင္ေတြက ခန႔္မွန္းထားပါတယ္။ အခုထိေတာ့ ေၾကာင္ေလးေတြက ကမာၻေပၚမွာ အေတာ္ဆုံး အိမ္ရွာႏိုင္သူေလးေတြပါ။

၁၂။ စြမ္းေဆာင္ရည္

ေၾကာင္ေလးေတြက လင္းပိုင္လို သတၱဝါေတြရဲ႕ အသံလြန္လႈိင္းေတြကို လက္ခံႏိုင္ၾကမယ္လို႔ သိပၸံပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။ ေၾကာင္ေလးေတြက အေျပးလည္း ျမန္ပါေသးတယ္။ ကမာၻ႔ အေျပး ခ်န္ပီယံ Usain Bolt ဟာ တစ္နာရီကို (၂၇) မိုင္ႏႈန္း ေျပးႏိုင္ေပမယ့္ သာမာန္အိမ္ေမြးေၾကာင္ေလး တစ္ေကာင္ဟာ တစ္နာရီ မိုင္ (၃၀) ႏႈန္းထိ ေျပးႏိုင္ပါတယ္။

၁၃။ မ်က္လုံး

ဟုတ္ပါတယ္ ေၾကာင္ေလးေတြက ခ်စ္စရာအေကာင္းဆုံး အိမ္ေမြးသတၱဝါေလးေတြပါ။ ဒါေပမယ့္ သူတို႔မ်က္လုံးေတြဟာ ေဆးပညာအရေကာ သိပၸံပညာအရပါ အံ့ၾသစရာေကာင္းတဲ့ မ်က္လုံးေတြပါ။ ေၾကာင္ ေလးေတြက ကြၽန္ေတာ္တို႔ မ်က္လုံးေတြ လိုအပ္တဲ့ အလင္းေရာင္ (၆)ပုံ (၁) ပုံပဲလိုပါတယ္။ သူတို႔ မ်က္လုံးေတြ စိုစြတ္မႈကို ထိန္းသိမ္းႏိုင္ဖို႔ မ်က္ခြံ အပါးေလးတစ္ခုလည္းပါပါတယ္။ ေၾကာင္ေလးေတြက အေဝးႀကီးကို ေကာင္းေကာင္း လွမ္းျမင္ႏိုင္သလို ျမင္ႏိုင္တဲ့ ပတ္ဝန္းက်င္ အဝန္းပမာဏကလည္း (၂၈၅) ဒီဂရီေတာင္ ရွိပါတယ္။ ကြၽန္ေတာ္တို႔မွာ (၁၂၀) ဒီဂရီပဲရွိပါတယ္။ အေကာင္းဆုံး အခ်က္ကေတာ့ သူတို႔ေလးေတြရဲ႕မ်က္လုံးေတြနဲ႔ ကြၽန္ေတာ္တို႔ကို အရည္ေပ်ာ္သြားေအာင္ စြမ္းေဆာင္ႏိုင္တာပါပဲ။

ဒီေလာက္ဆို ေၾကာင္ေလးေတြရဲ႕ ခ်စ္စရာ အခ်က္အလက္ေလးေတြနဲ႔ ဂ႐ုစိုက္ရမယ့္ အခ်က္ေလးေတြ သိသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Credit : Myanmar Note
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ ခြေဖျားထောက်တဲ့ကြောင်ကလေးတစ်ကယ်တော့ ကြောင်ကလေးတွေဟာ ရပ်နေတဲ့ အချိန်နဲ့ ပြေးနေတဲ့ အချိန်တွေကလွဲရင် ခြေဖျားလေးနဲ့ပဲ လမ်းလျှောက်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ တောရိုင်းသဘာဝ အလေ့အထတွေ သူတို့ဆီမှာ နည်းနည်းစီ ကျန်ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

၂။ ကြောင်လေးတွေက သင့်ကိုသူတို့ချစ်ကြောင်းမပြကြပါဘူး

ကြောင်လေးတွေ သင့်ခြေထောက်ကို သူတို့ခေါင်းနဲ့ပွတ်တာလောက်ကလွဲရင် တစ်ခြားချစ်စရာအမူအရာလေးတွေ လုပ်တာမျိုး မရှိဘူးလို့ တွေးကြည့်မိဖူးပါသလား။ ကြောင်လေးတွေက သင့်ကိုသူတို့ချစ်ကြောင်း မပြကြပေမယ့် တစ်ကယ်တော့ သင့်ကို သူတို့ခေါင်းနဲ့ ပွတ်တယ်ဆိုတာ အမှတ်မှတ်ထားတာပါပဲ။ သူတို့ခေါင်းက အနံ့ဂလင်းတွေ ပါဝင်တဲ့ အတွက် သူတို့ဒီလိုလုပ်တာက ကျွန်တော်တို့ဟာ သူတို့ရဲ့ သခင် ဖြစ်တယ်ဆိုတာ တစ်ခြားတိရိစ္ဆာန်တွေကို ပြောပြတဲ့ ချစ်စရာ အမူအရာလေးတစ်ခု ဖြစ်ပါတယ်။

၃။ ဂရုမစိုက်တဲ့ကြောင်ကလေး

ကြောင်ကလေးတွေက သူတို့နာမည် သင်ခေါ်နေတယ်ဆိုရင် မှတ်မိနားလည်နိုင်ပါတယ်။ ဒါပေမယ့် သင်ခေါ်နေမှန်းသိရင်တောင် တမင် ဂရုမစိုက်ပဲ နေတတ်တဲ့ အလေ့တစ်ခုရှိပါတယ်။ ခပ်ချေချေ နေတတ်တဲ့ ကြောင်လေးတွေပါ။

၄။ ကြောင်လေးတွေနဲ့အရသာ

ကြောင်လေးတွေက အချိုအရသာ မခံစားနိုင်ကြပါဘူး။ ဒါ့အပြင် ကြောင်လေးတွေကို နွားနို့တိုက်တာမျိုးက ကြောင်လေးတွေအတွက် အန္တာရာယ်ဖြစ်စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၅။ ကြောင်လေးတွေနဲ့ အိပ်စက်ခြင်း

ကြောင်လေးတွေဟာ အိပ်မက်မက်တတ်ပါတယ် (၁) ပတ်သား အရွယ်မှာ စပြီးမက်ကြတာ ဖြစ်ပါတယ်။ ကြောင် ပေါက်စ လေးတွေ အတွက် အိပ်စက်ခြင်းဟာ သူတို့ကြီးထွားမှုအတွက် အထောက်အကူ ပြုပါတယ်။ အရွယ်ရောက်ပြီးသား ကြောင် လေးတွေကတော့ သူတို့အတွက် ဘာအကျိုးကျေးဇူးမှ မရှိလည်း တစ်ရေးတစ်မော အိပ်ရတာကို နှစ်သက် ကြပါတယ်။ ကြောင်လေးတွေ ဘယ်လောက်ထိ အိပ် ကြလဲဆို သူတို့ အသက် (၉)နှစ်သား အရွယ်ရောက်တဲ့ အခါမှာ ၃နှစ်လောက်က အိပ်စက်ခြင်းနဲ့ ကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။

၆။ ဘယ်သန်လား ညာသန်လား

ကြောင်လေးတွေလည်း ဘယ်သန်ညာသန်ရှိကြပါတယ်။ ကြောင်မလေးတွေအများစုက ညာသန်ဖြစ်ပြီး ကြောင်ထီး လေးတွေကတော့ ဘယ်သန်တွေများပါတယ်။

၇။ အခေါ်အဝေါ်

ကြောင်မလေးတွေကို Molly လို့ခေါ်ပြီး ကြောင်ထီးလေးတွေကိုတော့ Tom လို့ခေါ်ပါတယ်။ Tom And Jerry ထဲက Tom ကိုဒီအခေါ်အဝေါ် အစွဲပြုပြီးမှည့်ထားတာပါ။

၈။ ကြောင်လေးတွေကို လက်သည်းမညှပ်ပေးသင့်ပါဘူး

ကြောင်လေးတွေရဲ့ လက်သည်းက တစ်ကယ်တော့ ကျွန်တော်တို့ လက်သည်းတွေကို ညှပ်ပြီးရင်လည်း ပြန်ရှည်လာတာမျိုး မဟုတ်ပါဘူး။ သူတို့ လက်သည်းတွေက လက်နဲ့ ဆက်နေတဲ့ အရိုးလေးတွေပါ။ ဒါကြောင့် ကြောင်လေးတွေကို လက်သည်းညှပ်လိုက်ရင် သူတို့ ခြေထောက်လေးတွေနာပြီး လမ်းလျှောက်လို့မရ ဖြစ်သွားနိုင်ပါတယ်။ ဘာမှမဖြစ်ရင်တောင် ကြောင်လေးတွေဟာ လက်သည်းမရှိတော့ပဲ သူတို့ကိုသူတို့ မကာကွယ်နိုင်တော့တဲ့အတွက် ဒါဟာလည်း သူတို့အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။

၉။ လက်ဆောင်ပစ္စည်းတွေ

ကြောင်လေးတွေက သင့်ဧည့်ခန်း သို့မဟုတ် အိပ်ခန်းထဲထိ ကြွက်သေတွေ ယူယူလာလို့ သင်စိတ်ညစ်ဖူးမှာပါ။ အခု ပြောပြတဲ့ အချက် (၃)ချက်ကို ဖတ်ပြီးရင် စိတ်မညစ်နိုင်ပဲ ဝမ်းသာဂုဏ်ယူနိုင်သွားမှာပါ။

သူတို့ ကို သင် အစာကျွေးတဲ့ အတွက် သူတို့ကလည်းသူတို့စားတဲ့ အစာကိုပြန်ဝေမျှတာပါ။

သူတို့ ကြိုက်တဲ့ အစာမို့ အလေးထားတဲ့ လက်ဆောင်တစ်ခုအနေနဲ့ ယူလာပေးတာပါ။

သူတို့ ကို သားကောင်လိုက်တော်တဲ့ ကြောင်လေးတွေအဖြစ် မြင်စေချင်တဲ့ သဘောနဲ့ ယူလာပေးတာပါ။

ဒါပေမယ့် ကျွန်တော်တို့က မသိပဲ အော်လိုက်တာ လိုက်ရိုက်တာမျိုးလုပ်မိရင် ကြောင်လေးတွေ စိတ်ထိခိုက် သွားနိုင် ပါတယ်။ ဒါကြောင့် နောက်တစ်ခါ သူတို့လက်ဆောင်ယူလာပေးရင် အော်ဟောက်တာမျိုး မလုပ်မိဖို့ ထိန်းထား သင့်ပါတယ်။

၁၀။ ကုတ်ခြစ်တာ

ကြောင်လေးတွေ သစ်ပင်တစ်ခုခုမှာကုတ်တာ ခြစ်တာမျိုးလုပ်တာက သူတို့ အတွက် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ပြေးလွှားတာ ခုန်တာမျိုးမှာလိုအပ်တဲ့ ကြွက်သားအထောက်အကူပြုလေ့ကျင့်ခန်းပါ။ ဒါပေမယ့် နောက်ထပ် အကြောင်းအရာတစ်ခုရှိပါတယ်၊ သူတို့ နယ်မြေက ပစ္စည်းတွေဆိုရင်လည်း ဒီလိုလုပ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ထိုင်ခုံတွေ စားပွဲတွေကို သူတို့ကုတ်ခြစ်ထားတယ်ဆိုရင် သူတို့ ရင်းနှီးတဲ့ နယ်မြေ ပတ်ဝန်းကျင်လို့ သဘောထားလို့ ဖြစ်ပါတယ်။ ကြောင်လေးတွေရဲ့ အမြင်မှာ ပရိဘောဂတွေက ခြစ်ရာလေးနဲ့ဆို ပိုလိုက်ရင် လိုက်နေမှာပါ။

၁၁။ မြေပုံ နဲ့ ကြောင်ကလေး

ကြောင်ကလေးတွေက ဘယ်နေရာရောက်နေရောက်နေ သူတို့အိမ်ရောက်အောင် ပြန်လာတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ သူတို့ အဲ့လို လုပ်နိုင်တာဟာ သူတို့ ခေါင်းထဲက မြေပြင် တုံ့ပြန် နိုင်စွမ်းရှိတဲ့ အဆင့်မြင့် သံလိုက်ဓာတ် တစ်မျိုးကြောင့် ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုထိတော့ ကြောင်လေးတွေက ကမ္ဘာပေါ်မှာ အတော်ဆုံး အိမ်ရှာနိုင်သူလေးတွေပါ။

၁၂။ စွမ်းဆောင်ရည်

ကြောင်လေးတွေက လင်းပိုင်လို သတ္တဝါတွေရဲ့ အသံလွန်လှိုင်းတွေကို လက်ခံနိုင်ကြမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ကြောင်လေးတွေက အပြေးလည်း မြန်ပါသေးတယ်။ ကမ္ဘာ့ အပြေး ချန်ပီယံ Usain Bolt ဟာ တစ်နာရီကို (၂၇) မိုင်နှုန်း ပြေးနိုင်ပေမယ့် သာမာန်အိမ်မွေးကြောင်လေး တစ်ကောင်ဟာ တစ်နာရီ မိုင် (၃၀) နှုန်းထိ ပြေးနိုင်ပါတယ်။

၁၃။ မျက်လုံး

ဟုတ်ပါတယ် ကြောင်လေးတွေက ချစ်စရာအကောင်းဆုံး အိမ်မွေးသတ္တဝါလေးတွေပါ။ ဒါပေမယ့် သူတို့မျက်လုံးတွေဟာ ဆေးပညာအရကော သိပ္ပံပညာအရပါ အံ့သြစရာကောင်းတဲ့ မျက်လုံးတွေပါ။ ကြောင် လေးတွေက ကျွန်တော်တို့ မျက်လုံးတွေ လိုအပ်တဲ့ အလင်းရောင် (၆)ပုံ (၁) ပုံပဲလိုပါတယ်။ သူတို့ မျက်လုံးတွေ စိုစွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ မျက်ခွံ အပါးလေးတစ်ခုလည်းပါပါတယ်။ ကြောင်လေးတွေက အဝေးကြီးကို ကောင်းကောင်း လှမ်းမြင်နိုင်သလို မြင်နိုင်တဲ့ ပတ်ဝန်းကျင် အဝန်းပမာဏကလည်း (၂၈၅) ဒီဂရီတောင် ရှိပါတယ်။ ကျွန်တော်တို့မှာ (၁၂၀) ဒီဂရီပဲရှိပါတယ်။ အကောင်းဆုံး အချက်ကတော့ သူတို့လေးတွေရဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ကို အရည်ပျော်သွားအောင် စွမ်းဆောင်နိုင်တာပါပဲ။

ဒီလောက်ဆို ကြောင်လေးတွေရဲ့ ချစ်စရာ အချက်အလက်လေးတွေနဲ့ ဂရုစိုက်ရမယ့် အချက်လေးတွေ သိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Credit : Myanmar Note

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top