iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ရေချိုးလိုက်ပါ
၎။ လမ်းလျှောက်ထွက်ပါ
၅။ အဝတ်အစား လဲလိုက်ပါ
၆။ အင်တာနက်မသုံးပါနဲ့
Credit : Duwun
ဘဝမှာ စိတ်မကြည်မလင်ဖြစ်တဲ့နေ့တစ်နေ့တော့ အားလုံးကြုံဖူးကြမှာပါ။ ဘာကို အလိုမကျလို့ မကျမှန်းမသိ ဖြစ်နေတာမျိုးပေါ့။ အဲဒီအခါမျိုးမှာ ဘာတွေလုပ်ရမလဲဆိုတာ အောက်မှာ လေ့လာကြည့်လိုက်ပါ။
၁။ အိပ်ယာကို သန့်ရှင်းလိုက်ပါ
တကယ်ပြောတာပါ။ ရှုပ်ပွနေတဲ့ အိပ်ယာကိုခင်းတာပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်တာပဲ ဖြစ်ဖြစ်လုပ်လိုက်ပါ။ လေ့လာမှုအရ နေ့စဉ်အိပ်သိမ်းတဲ့သူတွေက ပိုပျော်ကြသတဲ့။
၂။ ရေချိုးလိုက်ပါ
အားလုံးလည်းသိကြတဲ့အတိုင်း ရေချိုးလိုက်ရင် စိတ်ရောလူပါ လန်းဆန်းသွားတာဖြစ်လို့ ရေချိုးလိုက်ပါ။
၃။ သရေစာ မုန့်တွေစားလိုက်ပါ
ဟမ်ဘာဂါတို့၊ ကြက်သားကြော်တို့ကို ပြောတာမဟုတ်ပါဘူး။ အားလူးကြော်၊ ချဉ်ပေါင်း စတဲ့ သင်ကြိုက်တာတွေ ဝယ်စားလိုက်ပါ။
၄။ လမ်းလျှောက်ထွက်ပါ
သင်ဒီလိုအချိန်မှာ လေကောင်းလေသန့်ရဖို့ လိုပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရတဲ့ နေရာဆီ လမ်းလျှောက်လိုက်ပါ
၅။ အဝတ်အစား လဲလိုက်ပါ
တစ်ခါတစ်ရံနေရထိုင်ရမကောင်းတာဟာ အဝတ်အစားကြောင့်လည်း ဖြစ်တတ်ပါတယ်။ သင်ကြိုက်တဲ့အဝတ်အစား ဒါမှမဟုတ် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်လိုက်ပါ။
၆။ အင်တာနက်မသုံးပါနဲ့
စိတ်ညစ်လို့ အင်တနာပဲ ဖိသုံးရင် ပိုစိတ်ညစ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ ဖေ့စ်ဘွတ်တွေ၊ တွစ်တာတွေ ဘာမှ မသုံးပါနဲ့။
၇။ လုပ်စရာရှိတာတွေ စာရင်းလုပ်ပါ
အလုပ်အတွက်လုပ်စရာ ရှိတာတွေ၊ ကျောင်းအတွက် လုပ်စရာရှိတာတွေ၊ ဒါမှမဟုတ် ရှေ့လျှောက် ဘဝအတွက် လုပ်မယ့်စီမံကိန်းတွေကို စဉ်းစားပြီး စာရင်းချရေးလိုက်ပါ။
Source & Photos : www.buzzfeed.com
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top