iMyanmarHouse.com - Best Property Website for Myanmar
×
မိန်းကလေးတိုင်းဟာ အချစ်ရေးမှာကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ပျော်ရွှင်မှု၊ ဂရုစိုက် မှုပေးနိုင်ပြီး သစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲဆုံဆည်းချင်ကြပါတယ်။ အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီးအားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
အလုပ်နဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲပထမဦးစားပေးရွေးချယ်မယ့်သူမျိုးပါ။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါ။
သင်ကရင်ဖွင့်စရာတောင်မလိုပါဘူး။ သင့်မျက်နှာမှာအလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကိုသိနှင့်ပြီး သင့်မကျေနပ်ချက်တွေကိုမေးမယ့်သူမျိုးပါ။ သင်ရဲ့အခက်အခဲတွေ မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဥာဏ်ပေး မယ့်သူမျိုးပါ။
၃။ ဘဝရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းမယ့်သူမျိုး
နေ့စဉ်အသက်ရှင်ဖို့လှုပ်ရှားနေရတဲ့ ဘဝဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာ သူကသင့်ရှေ့ကမားမားရပ်တည် ပြီး ရင်ဆိုင်ဖြေရှင်းပေးမှာပါ။ သင့်ရဲ့အခက်အခဲတွေကို အားနည်းချက်လို့ အပြစ်မမြင်ပဲ သူဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုဏ်ယူဦးမယ့်သူပါ။
၎။သင့်ရဲ့စိတ်ကိုသိနေတဲ့သူမျိုး
သူက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကို အမြဲသိချင်နေတဲ့သူမျိုးပါ။ သိဖို့အတွက် အမြဲလည်းအကဲခတ်နေပါတယ်။ ဒါကြောင့်မို့ သင့်ဘက်က လိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊ လုပ်ပေးနှင့်နေပြီးသားဖြစ်နေတတ်ပါတယ်။ တခါတရံ လက်ဆောင်တွေ အစားအသောက်တွေဝယ်လာပေးတဲ့အခါမျိုးကျရင် သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့အကြိုက်၊ သင့်ရဲ့စိတ်ကိုသိပြီး အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်တတ်တဲ့သူမို့ပါ။
၅။ သင့်ခန္ဓာကိုယ်မှာ သင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်း သူကချစ်ပေးတဲ့သူမျိုး
သင်ကလှပတဲ့သူတစ်ယောက်မို့ သူကချစ်တာမဟုတ်ပါဘူး။ သင်က ဗိုက်ပူခါးတုတ်နေနေရင် တောင် သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့သူမျိုးပါ။ သင့်မျက်နှာမှာ ၀က်ခြံတွေများနေလို့ မှန်မကြည့်ချင်ဘူးဆိုရင်တောင် သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီး ၀က်ခြံလေးတွေကိုတောင် မှဲ့လေးတွေလို့မြင်ပေးမယ့်သူမျိုးပါပဲ။
၆။ ဘ၀ရဲ့အရေးပါတဲ့နေ့ရက်တိုင်းကိုအတူဖြတ်သန်းချင်သူမျိုး
အဲလိုကောင်လေးမျိုးကို ပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်း အပြည့်အ၀နဲ့နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင်ကြိုးစားဖို့ မမေ့နဲ့နော်။
Credit : B.Trix ( Love Shop )
ပို့သပေးပါတယ်။
မိန်းကလေးတိုုင်းဟာ အချစ်ရေးမှာကံကောင်းချင်ကြပါတယ်။ ကိုုယ့်အပေါ်ပျော်ရွှင်မှု၊ ဂရုုစိုုက် မှုပေးနိုုင်ပြီး သစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲဆုံုဆည်းချင်ကြပါတယ်။ အောက်ပါအချက်လေးတွေနဲ့ ကိုုက်ညီတဲ့ချစ်သူကောင်လေးမျိုးကိုု ရထားပြီးပြီဆိုုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုုဝိုင်းပြီးအားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကိုု ပိုုင်ဆိုုင်ထားပြီးဖြစ်ပါတယ်။
၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ
အလုုပ်နဲ့ပတ်ဝန်းကျင်အသိုုင်းအဝိုင်းမှာဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုုပဲပထမဦးစားပေးရွေးချယ်မယ့်သူမျိုးပါ။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါ။
၂။ ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး
သင်ကရင်ဖွင့်စရာတောင်မလိုုပါဘူး။ သင့်မျက်နှာမှာအလိုုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုုတာကိုုသိနှင့်ပြီး သင့်မကျေနပ်ချက်တွေကိုုမေးမယ့်သူမျိုးပါ။ သင်ရဲ့အခက်အခဲတွေ မကျေမနပ်ဆိုုလာတဲ့ ရင်ဖွင့်စကားတွေကိုု ဂရုုတစိုုက်နားထောင်ပေးပြီး အကြံဉာဏ်ပေး မယ့်သူမျိုးပါ။
၃။ ဘဝရဲ့အခက်အခဲတွေကိုုကူညီဖြေရှင်းမယ့်သူမျိုး
နေ့စဉ်အသက်ရှင်ဖိုု့လှုပ်ရှားနေရတဲ့ ဘဝဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုုင်ဖိုု့ ခက်ခဲလွန်းပါတယ်။ သင်က စိတ်ဓာတ်ကြံ့ခိုုင်တဲ့မိန်းကလေးဖြစ်ကောင်းဖြစ်နိုုင်ပေမဲ့ တစ်ယောက်ထဲရင်ဆိုုင်ဖြေရှင်းဖိုု့ မတတ်နိုုင်တဲ့အခါမျိုးမှာ သူကသင့်ရှေ့ကမားမားရပ်တည် ပြီး ရင်ဆိုုင်ဖြေရှင်းပေးမှာပါ။ သင့်ရဲ့အခက်အခဲတွေကိုု အားနည်းချက်လိုု့ အပြစ်မမြင်ပဲ သူဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုုဏ်ယူဦးမယ့်သူပါ။
၄။သင့်ရဲ့စိတ်ကိုုသိနေတဲ့သူမျိုး
သူက သင့်ကိုုအရမ်းချစ်တဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကိုု အမြဲသိချင်နေတဲ့သူမျိုးပါ။ သိဖိုု့အတွက် အမြဲလည်းအကဲခတ်နေပါတယ်။ ဒါကြောင့်မိုု့ သင့်ဘက်က လိုုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုုစရာမလိုုပဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုုအပ်ချက်ကိုု သိနှင့်ပြီးသား၊ လုုပ်ပေးနှင့်နေပြီးသားဖြစ်နေတတ်ပါတယ်။ တခါတရံ လက်ဆောင်တွေ အစားအသောက်တွေဝယ်လာပေးတဲ့အခါမျိုးကျရင် သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုုက်ဆိုုင်တာမဟုုတ်ပါဘူး။ သင့်ရဲ့အကြိုက်၊ သင့်ရဲ့စိတ်ကိုုသိပြီး အသေးအဖွဲ့လေးတွေကအစ ဂရုုစိုုက်တတ်တဲ့သူမိုု့ပါ။
၅။ သင့်ခန္ဓာကိုယ်မှာ သင်မလှပဘူးလို့ထင်တဲ့အရာတွေကိုုလည်း သူကချစ်ပေးတဲ့သူမျိုး
သင်ကလှပတဲ့သူတစ်ယောက်မိုု့ သူကချစ်တာမဟုုတ်ပါဘူး။ သင်က ဗိုုက်ပူခါးတုုတ်နေနေရင် တောင် သူကအဲဒါလေးကိုု ချစ်ဖိုု့ကောင်းတယ်လိုု့ထင်နေတဲ့သူမျိုးပါ။ သင့်မျက်နှာမှာ ဝက်ခြံတွေများနေလိုု့ မှန်မကြည့်ချင်ဘူးဆိုုရင်တောင် သင့်ကိုုသူက တစိမ့်စိမ့်ကြည့်နေပြီး ဝက်ခြံလေးတွေကိုုတောင် မှဲ့လေးတွေလိုု့မြင်ပေးမယ့်သူမျိုးပါပဲ။
၆။ ဘဝရဲ့အရေးပါတဲ့နေ့ရက်တိုုင်းကိုုအတူဖြတ်သန်းချင်သူမျိုး
အထိမ်းအမှတ်နေ့ရက်တွေ၊ ဥပမာ-ဘွဲ့ယူတဲ့နေ့မျိုးမှာ သူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ။ သူကစိတ်ညစ်စရာအရာတွေသာ သင့်ကိုုမပြောပြချင်နေမယ် ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေရှိလာတဲ့အခါကျရင် သင့်ကိုုပထမဆုံုးပြောပြပြီး အပျော်တွေကိုု အတူတူမျှဝေချင်တဲ့သူမျိုးပါ။
အဲလိုုကောင်လေးမျိုးကိုု ပိုုင်ဆိုုင်ထားပြီးရင် သင့်ဘက်ကလည်း အပြည့်အဝနဲ့နားလည်မှု ပေးနိုုင်တဲ့ချစ်သူမျိုးဖြစ်အောင်ကြိုးစားဖို့ မမေ့နဲ့နော်။
Credit : B.Trix ( Love Shop )
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top