iMyanmarHouse.com - Best Property Website for Myanmar
×

တရားထိုင္ျခင္းကို ဗုဒၶဘာသာဝင္ေတြအေနနဲ႕ ဘာသာေရး အမႈကိစၥတခုအျဖစ္ ရင္းႏွီးၾကသလို အျခားဘာသာဝင္ေတြအေနနဲ႕ဆိုရင္လည္း စိတ္တည္ျငိမ္မႈ၊ေအးခ်မ္းမႈကို ေပးစြမ္းႏိုင္တဲ့ လုပ္ေဆာင္မႈတခုအျဖစ္ နားလည္ထားၾကပါတယ္။မွန္ပါတယ္။တရားထိုင္ျခင္းဟာ ဘာသာေရးအရ ယံုၾကည္ထားတဲ့ ေနာင္တမလြန္အက်ိဳးတရားေတြကို ေပးေကာင္းေပးႏိုင္မွာျဖစ္တဲ့အျပင္ မ်က္ေမွာက္ကာလမွာကိုပဲ က်န္းမာေရးအက်ိဳးေက်းဇူးေတြ မ်ားစြာ ျဖစ္ထြန္းေစမွာပါ။တရားထိုင္ျခင္းဟာ ကိုယ္စိတ္ေျဖေလွ်ာ့ေစျခင္း၊စိတ္ပိုင္းဆိုင္ရာတည္ျငိမ္မႈကို  ရေစျခင္း၊နာက်င္မႈေဝဒနာေတြကို ၾကံ့ၾကံ့ခံေစႏိုင္ျခင္း အစရွိတဲ့ ေကာင္းက်ိဳးေတြကို ရရွိေစႏိုင္ပါတယ္။ဒီေဆာင္းပါးေလးမွာေတာ့ တရားထိုင္ျခင္းနဲ႕ က်န္းမာေရး ဘယ္လိုဆက္ႏြယ္မႈေတြ ရွိေနတယ္ဆိုတာကို ေဆြးေႏြးေဖာ္ျပသြားမွာျဖစ္ပါတယ္။

၁။ ကင္ဆာေဝဒနာရွင္မ်ား

တရားထိုင္ျခင္းေၾကာင့္ ကင္ဆာေရာဂါကို အရွင္းေပ်ာက္ေစတယ္လို႕ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကင္ဆာေရာဂါေၾကာင့္ ခံစားရတဲ့ စိတ္ပင္ပန္းထိခိုက္မႈေတြ၊ခႏၶာကိုယ္နာက်င္မႈေတြ၊ သုံးစြဲရတဲ့ ေဆးေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကိုေတာ့ တရားထိုင္ျခင္းက အထိုက္အေလ်ာက္သက္သာေစပါလိမ့္မယ္။ ခႏၶာကိုယ္ၾကီးတခုလုံးကို စိတ္ကေမာင္းႏွင္တယ္လို႕ အေရွ႕တိုင္းက ယူဆထားတဲ့အတိုင္း စိတ္ကိုတည္ျငိမ္ေစတဲ့ တရားထိုင္ျခင္းဟာ ခႏၶာကိုယ္အေပၚလည္း သိသာထင္ရွားတဲ့ ေကာင္းက်ိဳးေတြကို ျဖစ္ေပၚေစပါတယ္။ဒါဆိုရင္ ကင္ဆာေဝဒနာရွင္မ်ားအေနနဲ႕ quality of life လို႕ေခၚတဲ့ ဘဝရဲ့ အႏွစ္သာရေတြကို ပိုမိုခံစားရမွာပါ။

၂။ ေသြးတိုးသမားမ်ား

တရားထိုင္ျခင္းဟာ ေသြးေပါင္ခ်ိန္ကိုလည္း အတိုင္းအတာတခုထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႕ ေလ့လာမႈအခ်ိဳ႕အရ သိရွိရပါတယ္။ ဒါဆိုရင္ ေသြးက်ေဆးလုံးဝမေသာက္ဘဲ တရားပဲ လွိမ့္ထိုင္ေနေတာ့မယ္လို႕ေတာ့လည္း မဟုတ္ဘူးေပါ့ေလ။ American Heart Association လို႕ေခၚတဲ့ အေမရိကန္ႏွလုံးက်န္းမာေရးအဖြဲ႕ၾကီးရဲ့ အၾကံျပဳခ်က္အရဆိုရင္ေတာ့ ပံုမွန္သုံးစြဲရမယ့္ ေသြးက်ေဆးေတြကို သုံးစြဲ႐ံုသာမက ေန႕စဥ္တရားထိုင္ေပးမယ္ဆိုရင္ ေသြးတိုးေရာဂါကို ပိုမိုေအာင္ျမင္စြာ ထိန္းခ်ဳပ္ထားႏိုင္မယ္လို႕ ဆိုပါတယ္။

၃။ အိပ္မေပ်ာ္ေသာညမ်ားအတြက္

ရာသီဥတုပူရတဲ့အထဲ မီးပ်က္လို႕ပဲျဖစ္ျဖစ္၊သားေရးသမီးေရး၊စီးပြါးေရး၊လူမႈေရး၊ပညာေရး ဘာေရးညာေရးေတြကို ပူပန္ေနရလို႕ပဲျဖစ္ျဖစ္၊အခ်စ္နာက်ေနလို႕ပဲျဖစ္ျဖစ္ အိပ္၍မေပ်ာ္ေသာ ညညသံသရာေတြကို တခါတရံ (တခ်ိဳ႕က်ျပန္ေတာ့ မၾကာခဏ) ရင္ဆိုင္ရတတ္ပါတယ္။အိပ္မေပ်ာ္ေပါင္းမ်ားလာျပီဆိုရင္ ကိုယ္စိတ္ႏွလုံးသုံးပါးလုံးကို ထိခိုက္ေစႏိုင္ပါတယ္။အိပ္ေဆးေတြဆိုတာလည္း အက်င့္ျဖစ္သြားတတ္လို႕၊စြဲသြားတတ္လို႕ မသုံးရင္ေတာ့ အေကာင္းဆုံးပါပဲ။တရားထိုင္ျခင္းက ဒီေနရာမွာ အခန္းဝင္လာပါျပီ။တရားထိုင္ျခင္းဟာ သင့္ရဲ့ မတည္မျငိမ္၊လႈပ္ရွားေနတဲ့ စိတ္အလ်ဥ္ကို အနည္းနဲ႕အမ်ား တည္ျငိမ္သြားေစတာမို႕ ျမန္ျမန္အိပ္ေပ်ာ္ဖို႕ အေထာက္အကူ ျပဳပါလိမ့္မယ္။ကိုယ့္ရဲ့ဝင္သက္ထြက္သက္ေလးကိုပဲ စိတ္ကအမွီလိုက္မွတ္ျပီး တျခားေသာ ပူပန္ေသာကအာ႐ံုေတြ ဝင္မလာေအာင္ ၾကိဳးစား႐ႈမွတ္႐ံုပါပဲ။

၄။ ေက်ာင္းသားေက်ာင္းသူမ်ား

အေျခခံေက်ာင္းသားေက်ာင္းသူေတြကစျပီး ဟိုးတကၠသိုလ္က ကိုကိုမမေတြအထိ ဒါမွမဟုတ္ ဘြဲ့လြန္တက္ေနတဲ့ ဆရာသမားေတြအဖို႕ စာေတြကိုက်က္မွတ္ရတဲ့အခါ မွတ္ဉာဏ္ထက္ျမက္ရင့္သန္ဖို႕ အထူးလိုအပ္ပါတယ္။ဉာဏ္ရည္ဟာ ေမြးလာကတည္းက သတ္မွတ္ျပီးသားဆိုေပမယ့္လည္း ပိုမိုထက္ျမက္လာေအာင္ေတာ့ ေလ့က်င့္ေပးလို႕ ရႏိုင္ပါတယ္။လႈပ္ရွားေဘာင္ဘင္ခတ္ေနတဲ့ ေရမ်က္ႏွာျပင္ေပၚမွာ ပံုရိပ္တခုခု ထင္ဖို႕မလြယ္ကူေပမယ့္ တည္ျငိမ္ေနတဲ့ ေရမ်က္ႏွာျပင္ေပၚမွာေတာ့ ပံုရိပ္ဟာအလြယ္တကူ ထင္ဟပ္ႏိုင္ပါတယ္။ဒီသေဘာပါပဲ။သင့္အေနနဲ႕ တစံုတခုကို မွတ္သားခ်င္တဲ့အခါ စိတ္ေတြက ေတာင္ေျပးေျမာက္ေျပးဆိုရင္ မွတ္ရျပဳရတာ ပိုခက္တာကို ေတြ႕ပါလိမ့္မယ္။ဒါေၾကာင့္ စာမက်က္ခင္၊တစံုတခုကို မမွတ္သားခင္မွာ ဆယ္မိနစ္ေလာက္ပဲျဖစ္ျဖစ္ အခ်ိန္ေပးျပီး တရားထိုင္ပါ။ဒါဟာ ေမ်ာက္ကေလးလို လႈပ္ရွားေနတဲ့ သင့္စိတ္ေတြကို အတိုင္းအတာတခုထိ တည္ျငိမ္သြားေစႏိုင္တာမို႕ ေလ့လာမွတ္သားရတာ ပိုအဆင္ေျပလာတာကို လက္ေတြ့ျမင္ရပါလိမ့္မယ္။စမ္းၾကည့္ပါ။

၅။ စိတ္က်ေဝဒနာရွင္မ်ား

အထက္မွာဆိုခဲ့တဲ့အတိုင္း တရားထိုင္ျခင္းဟာ စိတ္တည္ျငိမ္ေအးခ်မ္းမႈကို အဓိက ေပးစြမ္းႏိုင္တာမို႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္က်ေဝဒနာခံစားေနရသူေတြအေနနဲ႕ ပံုမွန္တရားထိုင္ေပးမယ္ဆိုရင္ အက်ိဳးထူးတာကို လက္ေတြ႕ျမင္ရပါလိမ့္မယ္။တရားထိုင္ေနစဥ္မွာ စိတ္တည္ျငိမ္မႈကို ရရွိျခင္းသာမက တျခားအခ်ိန္ေတြမွာလည္း စိတ္ပိုင္းဆိုင္ရာ ေအးခ်မ္းမႈကို အတိုင္းအတာတခုထိ ဆက္ရွိေနေစတဲ့အတြက္ ၾကံုေတြ႕ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေခါင္းေအးေအးထား ေျဖရွင္းလာႏိုင္မွာပါ။ဒါဆိုရင္ စိတ္က်ေဝဒနာေတြ အျမန္ဆုံး လြင့္ပါးေပ်ာက္ျပယ္သြားမွာပဲျဖစ္ပါတယ္။

တရားထိုင္ျခင္းေၾကာင့္ အထက္ေဖာ္ျပပါ အက်ိဳးေက်းဇူးေတြကို ရရွိႏိုင္မယ္ဆိုေပမယ့္ ဘယ္အရာမဆို အေလ့အက်င့္ လိုအပ္ပါတယ္။ဒီေန႕မွ တရားထထိုင္ျပီး စိတ္တည္ျငိမ္ေအးခ်မ္းမႈကို ခ်က္ခ်င္းၾကီး လိုခ်င္လို႕ မရပါဘူး။တရားထိုင္ျခင္းဟာ ပံုမွန္လုပ္သြားရမယ့္ လုပ္ေဆာင္မႈတခု ျဖစ္ပါတယ္။ေကာင္းတာက မအိပ္ခင္ ဆယ္မိနစ္ေလာက္အခ်ိန္ေပးျပီး ေန႕စဥ္တရားထိုင္ေပးႏိုင္မယ္ဆိုရင္ေတာ့ သင့္ရဲ့ စိတ္ခ်မ္းသာေရး၊ကိုယ္က်န္းမာေရးအတြက္ အင္မတန္အက်ိဳးထူးမွာပဲ ျဖစ္ပါေၾကာင္း။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တရားထိုင်ခြင်းကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာရေး အမှုကိစ္စတခုအဖြစ် ရင်းနှီးကြသလို အခြားဘာသာဝင်တွေအနေနဲ့ဆိုရင်လည်း စိတ်တည်ငြိမ်မှု၊အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ လုပ်ဆောင်မှုတခုအဖြစ် နားလည်ထားကြပါတယ်။မှန်ပါတယ်။တရားထိုင်ခြင်းဟာ ဘာသာရေးအရ ယုံကြည်ထားတဲ့ နောင်တမလွန်အကျိုးတရားတွေကို ပေးကောင်းပေးနိုင်မှာဖြစ်တဲ့အပြင် မျက်မှောက်ကာလမှာကိုပဲ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ဖြစ်ထွန်းစေမှာပါ။တရားထိုင်ခြင်းဟာ ကိုယ်စိတ်ဖြေလျှော့စေခြင်း၊စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို  ရစေခြင်း၊နာကျင်မှုဝေဒနာတွေကို ကြံ့ကြံ့ခံစေနိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ဒီဆောင်းပါးလေးမှာတော့ တရားထိုင်ခြင်းနဲ့ ကျန်းမာရေး ဘယ်လိုဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေးနွေးဖော်ပြသွားမှာဖြစ်ပါတယ်။

၁။ ကင်ဆာဝေဒနာရှင်များ

တရားထိုင်ခြင်းကြောင့် ကင်ဆာရောဂါကို အရှင်းပျောက်စေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းထိခိုက်မှုတွေ၊ခန္ဓာကိုယ်နာကျင်မှုတွေ၊ သုံးစွဲရတဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ တရားထိုင်ခြင်းက အထိုက်အလျောက်သက်သာစေပါလိမ့်မယ်။ ခန္ဓာကိုယ်ကြီးတခုလုံးကို စိတ်ကမောင်းနှင်တယ်လို့ အရှေ့တိုင်းက ယူဆထားတဲ့အတိုင်း စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်အပေါ်လည်း သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ဒါဆိုရင် ကင်ဆာဝေဒနာရှင်များအနေနဲ့ quality of life လို့ခေါ်တဲ့ ဘဝရဲ့ အနှစ်သာရတွေကို ပိုမိုခံစားရမှာပါ။

၂။ သွေးတိုးသမားများ

တရားထိုင်ခြင်းဟာ သွေးပေါင်ချိန်ကိုလည်း အတိုင်းအတာတခုထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။ ဒါဆိုရင် သွေးကျဆေးလုံးဝမသောက်ဘဲ တရားပဲ လှိမ့်ထိုင်နေတော့မယ်လို့တော့လည်း မဟုတ်ဘူးပေါ့လေ။ American Heart Association လို့ခေါ်တဲ့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုချက်အရဆိုရင်တော့ ပုံမှန်သုံးစွဲရမယ့် သွေးကျဆေးတွေကို သုံးစွဲရုံသာမက နေ့စဉ်တရားထိုင်ပေးမယ်ဆိုရင် သွေးတိုးရောဂါကို ပိုမိုအောင်မြင်စွာ ထိန်းချုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။

၃။ အိပ်မပျော်သောညများအတွက်

ရာသီဥတုပူရတဲ့အထဲ မီးပျက်လို့ပဲဖြစ်ဖြစ်၊သားရေးသမီးရေး၊စီးပွါးရေး၊လူမှုရေး၊ပညာရေး ဘာရေးညာရေးတွေကို ပူပန်နေရလို့ပဲဖြစ်ဖြစ်၊အချစ်နာကျနေလို့ပဲဖြစ်ဖြစ် အိပ်၍မပျော်သော ညညသံသရာတွေကို တခါတရံ (တချို့ကျပြန်တော့ မကြာခဏ) ရင်ဆိုင်ရတတ်ပါတယ်။အိပ်မပျော်ပေါင်းများလာပြီဆိုရင် ကိုယ်စိတ်နှလုံးသုံးပါးလုံးကို ထိခိုက်စေနိုင်ပါတယ်။အိပ်ဆေးတွေဆိုတာလည်း အကျင့်ဖြစ်သွားတတ်လို့၊စွဲသွားတတ်လို့ မသုံးရင်တော့ အကောင်းဆုံးပါပဲ။တရားထိုင်ခြင်းက ဒီနေရာမှာ အခန်းဝင်လာပါပြီ။တရားထိုင်ခြင်းဟာ သင့်ရဲ့ မတည်မငြိမ်၊လှုပ်ရှားနေတဲ့ စိတ်အလျဉ်ကို အနည်းနဲ့အများ တည်ငြိမ်သွားစေတာမို့ မြန်မြန်အိပ်ပျော်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကိုပဲ စိတ်ကအမှီလိုက်မှတ်ပြီး တခြားသော ပူပန်သောကအာရုံတွေ ဝင်မလာအောင် ကြိုးစားရှုမှတ်ရုံပါပဲ။

၄။ ကျောင်းသားကျောင်းသူများ

အခြေခံကျောင်းသားကျောင်းသူတွေကစပြီး ဟိုးတက္ကသိုလ်က ကိုကိုမမတွေအထိ ဒါမှမဟုတ် ဘွဲ့လွန်တက်နေတဲ့ ဆရာသမားတွေအဖို့ စာတွေကိုကျက်မှတ်ရတဲ့အခါ မှတ်ဉာဏ်ထက်မြက်ရင့်သန်ဖို့ အထူးလိုအပ်ပါတယ်။ဉာဏ်ရည်ဟာ မွေးလာကတည်းက သတ်မှတ်ပြီးသားဆိုပေမယ့်လည်း ပိုမိုထက်မြက်လာအောင်တော့ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။လှုပ်ရှားဘောင်ဘင်ခတ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်တခုခု ထင်ဖို့မလွယ်ကူပေမယ့် တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာတော့ ပုံရိပ်ဟာအလွယ်တကူ ထင်ဟပ်နိုင်ပါတယ်။ဒီသဘောပါပဲ။သင့်အနေနဲ့ တစုံတခုကို မှတ်သားချင်တဲ့အခါ စိတ်တွေက တောင်ပြေးမြောက်ပြေးဆိုရင် မှတ်ရပြုရတာ ပိုခက်တာကို တွေ့ပါလိမ့်မယ်။ဒါကြောင့် စာမကျက်ခင်၊တစုံတခုကို မမှတ်သားခင်မှာ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး တရားထိုင်ပါ။ဒါဟာ မျောက်ကလေးလို လှုပ်ရှားနေတဲ့ သင့်စိတ်တွေကို အတိုင်းအတာတခုထိ တည်ငြိမ်သွားစေနိုင်တာမို့ လေ့လာမှတ်သားရတာ ပိုအဆင်ပြေလာတာကို လက်တွေ့မြင်ရပါလိမ့်မယ်။စမ်းကြည့်ပါ။

၅။ စိတ်ကျဝေဒနာရှင်များ

အထက်မှာဆိုခဲ့တဲ့အတိုင်း တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်အေးချမ်းမှုကို အဓိက ပေးစွမ်းနိုင်တာမို့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျဝေဒနာခံစားနေရသူတွေအနေနဲ့ ပုံမှန်တရားထိုင်ပေးမယ်ဆိုရင် အကျိုးထူးတာကို လက်တွေ့မြင်ရပါလိမ့်မယ်။တရားထိုင်နေစဉ်မှာ စိတ်တည်ငြိမ်မှုကို ရရှိခြင်းသာမက တခြားအချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အတိုင်းအတာတခုထိ ဆက်ရှိနေစေတဲ့အတွက် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထား ဖြေရှင်းလာနိုင်မှာပါ။ဒါဆိုရင် စိတ်ကျဝေဒနာတွေ အမြန်ဆုံး လွင့်ပါးပျောက်ပြယ်သွားမှာပဲဖြစ်ပါတယ်။

တရားထိုင်ခြင်းကြောင့် အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်မယ်ဆိုပေမယ့် ဘယ်အရာမဆို အလေ့အကျင့် လိုအပ်ပါတယ်။ဒီနေ့မှ တရားထထိုင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ချက်ချင်းကြီး လိုချင်လို့ မရပါဘူး။တရားထိုင်ခြင်းဟာ ပုံမှန်လုပ်သွားရမယ့် လုပ်ဆောင်မှုတခု ဖြစ်ပါတယ်။ကောင်းတာက မအိပ်ခင် ဆယ်မိနစ်လောက်အချိန်ပေးပြီး နေ့စဉ်တရားထိုင်ပေးနိုင်မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ချမ်းသာရေး၊ကိုယ်ကျန်းမာရေးအတွက် အင်မတန်အကျိုးထူးမှာပဲ ဖြစ်ပါကြောင်း။

Credit : Mizzima

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top