iMyanmarHouse.com - Best Property Website for Myanmar
×

သီလရွင္ ဝတ္ျခင္းသည္ ဝတ္သူႏွင့္ ဝတ္သူ၏ မိဘမ်ား၌ မည္ကဲ့သို႔ အက်ိဳးေက်းဇူး ရိွႏိုင္သည္ကို ႐ွင္းျပေတာ္မူပါဘုရား။

ဗုဒၶစာေပတြင္
၁။ဥပသမၸဒ ပဗၺဇၨ
၂။သာမေဏရပဗၺဇၨ
၃။ဣသိပဗၺဇၨႏွင့္
၄။ပရိဗၺာဇက ပဗၺဇၨ ဟူ၍ ပဗၺဇၨ ေလးမ်ိဳးရိွပါသည္။

ရဟန္းျပဳျခင္း၊ သာမေဏျပဳျခင္း၊ ရေသ့ျခင္းႏွင့္ သီလရွင္ျပဳျခင္းဟု ဆိုရပါမည္။

သီလရွင္မွာ အမွတ္ (၄) ပရိဗၺာဇက ပဗၺဇၨ ျဖစ္၍ အမ်ိဳးသမီးမ်ားအေနျဖင့္ ဝမ္းေျမာက္ ဂုဏ္ယူဖြယ္ေကာင္းလွပါသည္။

အမွန္အားျဖင့္ မိန္းကေလးတစ္ဦးအေနႏွင့္ မိမိ၏ အလွအပ ဗန္းတင္ ပစၥည္းျဖစ္ေသာ ဆံပင္ကို ရိတ္ပယ္လိုက္ႏိုင္ျခင္းပင္ အလြန္ခဲယဥ္းေသာကိစၥျဖစ္၍
ပစၥည္းဥစၥာ ရတနာေရႊေငြတို႔ကို စြန္႔လႊတ္သကဲ့သို႔ ေနကၡမၼပါရမီတစ္မ်ိဳးပင္ ျဖစ္ပါသည္။
ထို႔ေနာက္လူဝတ္ေၾကာင္ကို ပယ္၍ သီလရွင္ ဝတ္ ဖန္ရည္ဆိုးဝတ္ကို ဝတ္ကာ လူတို႔ ေဆာက္တည္ႏိုင္ ခဲေသာ
၈ပါး၊ ၉ပါး၊ ၁၀ပါး သီလမ်ားကို နိစၥေဆာက္တည္ ေနႏိုင္ျခင္း စာေပက်မ္းဂန္
သင္ အံႏိုင္ျခင္း တရားစာေပ ေလ့လာျခင္း သမထ ဝိပႆနာဘာဝနာမ်ားကို ပြားမ်ားေနထိုင္းျခင္း စသည္ျဖင့္ ဘုရားသာသနာကို ခ်ီးေျမႇာက္ႏိုင္ျခင္းမွာ
မိန္းမဘဝပင္ ျဖစ္ေသာ္လည္း ျမင့္ျမတ္လွပါသည္။

ဘဝေပါင္းမ်ားစြာက လင္ယူသားေမြး
ေလာကီေရးကိစၥမ်ားျဖင့္သာ အကုသိုလ္နယ္ပယ္ ဒုဂၢတိ နယ္ပယ္တြင္ က်င္လည္ရာ
က်င္လည္ေၾကာင္း က်င့္ၾကံေနခဲ့ရာမွ
ယခုဘုရားသာသနာ၌ ေတြ႕ခိုက္တြင္
မဂ္ဖိုလ္ ရေရး အသက္ေပး အားထုတ္ရျခင္း သာသနာ့ႏြယ္ဝင္ ျဖစ္ခြင့္ရျခင္းတို႔မွာ ဘဝ၏အႏွစ္သာရ အစစ္ပင္ျဖစ္ပါသည္။

သမီးကို မိမိတို႔ကိုယ္တိုင္ သာသနာ့ႏြယ္ဝင္ အျဖစ္သို႔ ပို႔ေဆာင္ေပးၾကေသာ မိဘမ်ားမွာလည္း သာသနႏုဂၢဟ ကုသိုလ္ထူးကို ဆည္းပူးၾကသူမ်ားပင္ ျဖစ္၍ လြန္စြာ အက်ိဳးႀကီးလွပါသည္။

Credit : ဓမၼေရခ်မ္းစင္
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏ မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြတော်မူပါဘုရား။

ဗုဒ္ဓစာပေတွင်
၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။သာမဏေရပဗ္ဗဇ္ဇ
၃။ဣသိပဗ္ဗဇ္ဇနှင့်
၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍
ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။
ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ ဆောက်တည်နိုင် ခဲသော
၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန်
သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ
မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူသားမွေး
လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာ
ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ
ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင်
မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။

Credit : ဓမ္မရေချမ်းစင်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top