iMyanmarHouse.com - Best Property Website for Myanmar
×

ဘုရားရွင္ ဆံေတာ္ ဘာေၾကာင့္အရွည္ထားရတာလဲ

ဒီေမးခြန္းကို စတင္ေမးခဲ့သူက ဘာသာျခားတစ္ေယာက္။

ၾကက္ေသေသျပီး ဆြံအခဲ့သူက က်ြန္ေတာ္နဲ ့သူငယ္ခ်င္းေတြ။

သူကေမးတယ္…

“”ဘုရားရွင္က ခ်စ္သားရဟန္းေတြက်ေတာ့ ဦးျပည္းေခါင္းတုံးနဲ ့။သူကိုယ္တိုင္က်ေတာ့ ဆံေတာ္အရွည္နဲ့က်ေတာ့ သိပ္နည္းလမ္းမက်ဘူးမဟုတ္လား။
ေစာ္ကားခ်င္လို ့ေမးတာမဟုတ္ပါဘူး။
ၾကိဳျပီးေတာင္းပန္တာပါ။ သိခ်င္လို ့ပါ။
တကယ္လို႔တပည့္ရဟန္းေတြကို ဦးျပည္းေခာင္းတုံးနဲ့ဆိုရင္ သူလည္း ဦးျပည္းေခါင္းတုံးျဖစ္သင့္တယ္မဟုတ္လား။
ဒါမွနည္းလမ္းက်မွာေပါ့””….တဲ့။

ကိုယ့္ကိုယ္ကို ဗုဒၶဘာသာစစ္စစ္ပါလို ့ ရဲရဲၾကီးေၾကြးေၾကာ္တဲ့ က်ြန္ေတာ္ အရွက္ရျပီ။
ကိုယ္လည္းတစ္ခါမွ ဒီေလာက္ႏိွဳက္ႏွဳိက္ခ်ြတ္ခ်ြတ္ မစဥ္းစားမိခဲ့။

ေမးသူကေမး။ ေျဖရမယ့္လူေတြက ဆြံ့အ။ ေနာက္ဆုံးေတာ့ ဘာသာေရးနဲ႔ ့ပတ္သက္တဲ့အတြက္ မေရရာပဲ ျဖီးျဖန္းမေျဖခ်င္တဲ့အတြက္ ရွက္ရွက္နဲ့ပဲ မသိဘူးလို ့ ဝန္ခံလိုက္ရပါတယ္။

သူျပန္သြားေတာ့ စ္ိတ္တိုတိုနဲ႔ ဒီအေျဖကို မရရေအာင္ Web ေတြမွာ ေမႊေႏွာက္ရွာေဖြရင္း မထင္မွတ္ပဲ စာေရးဆရာတစ္ေယာက္ေရးထားတာေတြ ့မိတာနဲ႔ တစ္လက္စတည္း သူငယ္ခ်င္းေတြကို မ်ွေဝ ေပးလုိက္ပါတယ္။

က်ြန္ေတာ္ကေတာ့ နားလည္လြယ္ေအာင္ ရိုးရိုးရွင္းရွင္းပဲေရးမယ္ေနာ္။

ျမတ္စြာဘုရားရွင္က ရဟန္းသံဃာေတြအေနနဲ့ ဆံပင္အရွည္ထားရင္ ဆံပင္ျဖီးသင္ျခင္း၊
ဆီလိမ္းျခင္း စတာေတြလုပ္ေနရင္ အျပင္ပန္း အလွအပေတြနဲ့ အခ်ိန္ကုန္ေနမွာစိုးလို ့ ဆံပင္လက္ႏွစ္သစ္ထက္ ပုိျပီးခြင့္မရွိဘူးလို ့ တိတိက်က်သတ္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ဘုရားရွင္ကိုယ္တိုင္ဘာလုိ့ဆံပင္အရွည္ထားခဲ့သလဲ။

ဒီလိုပါ…

ျမတ္စြာဘုရားရွင္က မဟာကရုဏာရွင္ၾကီးျဖစ္ပါတယ္။
ေျခေတာ္ရာေတာင္ ခုႏွစ္ဆူပဲခ်ထားေတာ္မူပါတယ္။ဘာလို ့လဲဆိုေတာ့ ေျခေတာ္ရာကို ေနာက္လူေတြေရွာင္ရ။နင္းမိရင္လည္း ငရဲၾကီးမွာစိုးတဲ့အတြက္ပါ။

ဒီေနရာမွာ စကားစပ္မိလို ့ က်ြန္ေတာ္သိတာေလးတစ္ခုေျပာျပခ်င္ပါတယ္။ဘုရားရွင္တိုင္း သြားတဲ့လမ္းမွာေျခေတာ္ရာမထင္ပါဘူး။ေျခေတာ္ရာခ်သင့္တဲ့ေနရာမွသာ အဓိ႒န္ျပဳျပီးခ်ေတာ္မူပါတယ္။
ဒါေျခေတာ္ရာပဲရွိေသးတယ္ေနာ္။

ဘုရားျဖစ္ျပီးတဲ့ေနာက္ကစလို ့ ျမတ္စြာဘုရားရဲ႕ ဦးေခါင္းေတာ္ကို မကိုင္ေကာင္းဘူးေလ။
ျမတ္စြာဘုရားရဲ႕ ့ဦးေခါင္းေတာ္ကိုင္ျပီး ဆံေတာ္ရိတ္သင္ဖို့ဆိုရင္ အနည္းဆုံးေတာ့ ျမတ္စြာဘုရားရဲ ့အျမင့္မွာေနရမယ္။ျမတ္စြာဘုရားထက္ျမင့္ျမတ္တဲ့သူ
ဒါမွမဟုတ္ ဆရာလည္း ျဖစ္ရမယ္ေလ။ျမတ္စြာဘုရားမွာ ဆရာမရွိတဲ့အျပင္ ျမတ္စြာဘုရားထက္ ျမင့္ျမတ္တဲ့သူကေရာ ဘယ္သူရွိလို ့လဲ။နည္းနည္းေတာ့စဥ္းစားၾကည့္ပါဦး။
ျမတ္စြာဘုရားရွင္ကေရာဘယ္သူ့ကိုမ်ား သူ ့ဦးေခါင္းေတာ္ကိုင္ျပီး ဆံပင္ရိတ္သင္ေစမွာလဲ။ဘယ္သူကေရာ ရိတ္သင္ရဲမွာလဲ။

ေနာက္ျပီး ျမတ္စြာဘုရားရွင္ ဆံေတာ္ပယ္ျပီးကတည္းက ဆံေတာ္က လက္ႏွစ္သစ္ပဲရွိပါတယ္။
အဲ့လက္ႏွစ္သစ္ကေနျပီး သဘာဝအတိုင္း အေခြေလးေတြ လိပ္ထြက္လာျပီး လက္်ာရစ္သူ ့အစုနဲ့သူ တည္ေနပါတယ္။ဦးထိပ္ပိုင္းဆံေတာ္ေတြကေတာ့ သင္းက်စ္လို လက်္ာရစ္တည္ေနပါတယ္။
ေရွးေဟာင္းသမိုင္းစာေတြမွာေတာ့ ျမတ္စြာဘုရားရွင္ရဲ႕ ဆံေတာ္ဟာ ေတာ္ေတာ္ေလးကို ေကာက္ျပီး လိပ္ေခြေနတယ္လို ့ ေရးသားျကပါတယ္။

ဒါဆို ဘုရားရွင္က ဘာလို႔ တန္ခိုးေတာ္နဲ ့ ဆံေတာ္မရိတ္လဲ.. ေမးစရာရွိလာပါလိမ့္မယ္။
ျမတ္စြာဘုရားက လူသားစစ္စစ္ဘုရားျဖစ္တဲ့အတြက္လူသားတစ္ေယာက္လို သဘာဝက်က် ေနထိုင္ေတာ္မူပါတယ္။
တပည့္သာဝကေတြကို တန္ခိုးျပျခင္းကို အားေပးေတာ္မမူတဲ့အျပင္ ကိုယ္တိုင္လည္း တန္ခိုးျပျခင္းကို ေရွာင္ရွားေတာ္မူပါတယ္။

ဒါ့ေၾကာင့္ ဆံေတာ္မရွည္ေစနဲ့လို ့ တန္ခိုးေတာ္နဲ့လုပ္ေတာ္မမူပါဘူး။မဟာလူသားလို ့ တင္စားအပ္တဲ့ ဘုရားရွင္က လူသားတစ္ေယာက္လို
ပဲသဘာဝက်က်ေနထိုင္ေတာ္မူပါတယ္…လို႔ ဒီအေၾကာင္းေလးကို ဂ်ာမန္ ဘုန္းေတာ္ၾကီးတစ္ပါးရဲ ့
Good Answers for Good Questions ဆိုတဲ့ကမၻၻာေက်ာ္စာအုပ္ထဲမွာ ဒီလိုေလး ေရးျပထားပါတယ္။

Upon taking up the homeless life,
he cut his hair with knife. Because his
hair was so curly,it spiraled onto corkscrew curls that sat close to
his head.

Credit : Hlataw
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ

ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။

ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ့သူငယ်ချင်းတွေ။

သူကမေးတယ်…

“”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ့။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။
စော်ကားချင်လို့မေးတာမဟုတ်ပါဘူး။
ကြိုပြီးတောင်းပန်တာပါ။ သိချင်လို့ပါ။
တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခောင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။
ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။

ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို့ ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။
ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။

မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို့ ဝန်ခံလိုက်ရပါတယ်။

သူပြန်သွားတော့ စိတ်တိုတိုနဲ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ့မိတာနဲ့ တစ်လက်စတည်း သူငယ်ချင်းတွေကို မျှဝေ ပေးလိုက်ပါတယ်။

ကျွန်တော်ကတော့ နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းပဲရေးမယ်နော်။

မြတ်စွာဘုရားရှင်က ရဟန်းသံဃာတွေအနေနဲ့ ဆံပင်အရှည်ထားရင် ဆံပင်ဖြီးသင်ခြင်း၊
ဆီလိမ်းခြင်း စတာတွေလုပ်နေရင် အပြင်ပန်း အလှအပတွေနဲ့ အချိန်ကုန်နေမှာစိုးလို့ ဆံပင်လက်နှစ်သစ်ထက် ပိုပြီးခွင့်မရှိဘူးလို့ တိတိကျကျသတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားရှင်ကိုယ်တိုင်ဘာလို့ဆံပင်အရှည်ထားခဲ့သလဲ။

ဒီလိုပါ…

မြတ်စွာဘုရားရှင်က မဟာကရုဏာရှင်ကြီးဖြစ်ပါတယ်။
ခြေတော်ရာတောင် ခုနှစ်ဆူပဲချထားတော်မူပါတယ်။ဘာလို့လဲဆိုတော့ ခြေတော်ရာကို နောက်လူတွေရှောင်ရ။နင်းမိရင်လည်း ငရဲကြီးမှာစိုးတဲ့အတွက်ပါ။

ဒီနေရာမှာ စကားစပ်မိလို့ ကျွန်တော်သိတာလေးတစ်ခုပြောပြချင်ပါတယ်။ဘုရားရှင်တိုင်း သွားတဲ့လမ်းမှာခြေတော်ရာမထင်ပါဘူး။ခြေတော်ရာချသင့်တဲ့နေရာမှသာ အဓိဋ္ဌန်ပြုပြီးချတော်မူပါတယ်။
ဒါခြေတော်ရာပဲရှိသေးတယ်နော်။

ဘုရားဖြစ်ပြီးတဲ့နောက်ကစလို့ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကို မကိုင်ကောင်းဘူးလေ။
မြတ်စွာဘုရားရဲ့ဦးခေါင်းတော်ကိုင်ပြီး ဆံတော်ရိတ်သင်ဖို့ဆိုရင် အနည်းဆုံးတော့ မြတ်စွာဘုရားရဲ့အမြင့်မှာနေရမယ်။မြတ်စွာဘုရားထက်မြင့်မြတ်တဲ့သူ
ဒါမှမဟုတ် ဆရာလည်း ဖြစ်ရမယ်လေ။မြတ်စွာဘုရားမှာ ဆရာမရှိတဲ့အပြင် မြတ်စွာဘုရားထက် မြင့်မြတ်တဲ့သူကရော ဘယ်သူရှိလို့လဲ။နည်းနည်းတော့စဉ်းစားကြည့်ပါဦး။
မြတ်စွာဘုရားရှင်ကရောဘယ်သူ့ကိုများ သူ့ဦးခေါင်းတော်ကိုင်ပြီး ဆံပင်ရိတ်သင်စေမှာလဲ။ဘယ်သူကရော ရိတ်သင်ရဲမှာလဲ။

နောက်ပြီး မြတ်စွာဘုရားရှင် ဆံတော်ပယ်ပြီးကတည်းက ဆံတော်က လက်နှစ်သစ်ပဲရှိပါတယ်။
အဲ့လက်နှစ်သစ်ကနေပြီး သဘာဝအတိုင်း အခွေလေးတွေ လိပ်ထွက်လာပြီး လက်ျာရစ်သူ့အစုနဲ့သူ တည်နေပါတယ်။ဦးထိပ်ပိုင်းဆံတော်တွေကတော့ သင်းကျစ်လို လကျ်ာရစ်တည်နေပါတယ်။
ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဟာ တော်တော်လေးကို ကောက်ပြီး လိပ်ခွေနေတယ်လို့ ရေးသားကြပါတယ်။

ဒါဆို ဘုရားရှင်က ဘာလို့ တန်ခိုးတော်နဲ့ ဆံတော်မရိတ်လဲ.. မေးစရာရှိလာပါလိမ့်မယ်။
မြတ်စွာဘုရားက လူသားစစ်စစ်ဘုရားဖြစ်တဲ့အတွက်လူသားတစ်ယောက်လို သဘာဝကျကျ နေထိုင်တော်မူပါတယ်။
တပည့်သာဝကတွေကို တန်ခိုးပြခြင်းကို အားပေးတော်မမူတဲ့အပြင် ကိုယ်တိုင်လည်း တန်ခိုးပြခြင်းကို ရှောင်ရှားတော်မူပါတယ်။

ဒါ့ကြောင့် ဆံတော်မရှည်စေနဲ့လို့ တန်ခိုးတော်နဲ့လုပ်တော်မမူပါဘူး။မဟာလူသားလို့ တင်စားအပ်တဲ့ ဘုရားရှင်က လူသားတစ်ယောက်လို
ပဲသဘာဝကျကျနေထိုင်တော်မူပါတယ်…လို့ ဒီအကြောင်းလေးကို ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့
Good Answers for Good Questions ဆိုတဲ့ကမ္ဘ္ဘာကျော်စာအုပ်ထဲမှာ ဒီလိုလေး ရေးပြထားပါတယ်။

Upon taking up the homeless life,
he cut his hair with knife. Because his
hair was so curly,it spiraled onto corkscrew curls that sat close to
his head.

Credit : Hlataw

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top