iMyanmarHouse.com - Best Property Website for Myanmar
×
Ref;yourtango.
Credit : Lwinpyin
ပို့သပေးပါတယ်။
တစ်ချိန်တုန်းက အတူလက်တွဲခဲ့ကြ၊ပျော်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ အကြော င်း အရင်းတစ်စုံတစ်ရာကြောင့် လက်တွဲဖြုတ်ခဲ့တဲ့ ကိုယ့်ရဲ့ ရည်စားဟောင်း ချစ်သူဟောင်းက ကိုယ့်ကို ပြန်ဆက်သွယ်ဖို့ ကြိုးစားလာတာ၊ပြန်ကပ်လာတာ ဟာ အကြောင်းအရင်းရှိပါတယ်။အဲ့ဒီအကြောင်းအရင်းတွေကတော့..
(၁)သူပြောင်းလဲသွားပြီ။လူကောင်းဖြစ်သွားပြီဆိုတာ သိစေချင်လို့
Relationship တော်တော်များများပြိုကွဲရတဲ့ အကြောင်းအရင်းဟာ ယော က်ျားလေးတွေကြောင့်ပါ။ဒါကို သူတို့ကိုယ်တိုင်လည်းသိကြပါတယ်။ဒါကြောင့် သူတို့အရင်ကမှားခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိသလို၊အရင် လိုမ ဟုတ်တော့တဲ့ အကြောင်း၊အရင်လိုကလေးဆန်၊တာဝန်ယူလိုစိတ်မရှိ သူမ ဟုတ်တော့ပဲ လူကောင်းပြန်ဖြစ်သွားတဲ့ အကြောင်းကို ပြချင်လို့ ပြန်ကပ်ကြ တာပါ။အရင်ရည်းစားဟာ လူဆိုးတစ်ယောက်လို့ သင့်စိတ်ထဲမှာ စွဲနေတဲ့ အမြင်ကို ပြောင်းချင်လို့ ပြန် ကပ်တာပါ။
(၂)သင်ပြောင်းလဲ၊မလဲသိချင်
ဒါကတော့ သင်ဟာ အရင်အတိုင်းပဲလား၊ဘာတွေပြောင်းလဲသွားလဲဆိုတာကို စစ်ဆေးလိုက်တာပါ။ဒီနေရာမှာတော့ နှစ်ချက်ဖြစ်နိုင်ပါတယ်။အရင်ချစ်သူဟောင်းတစ်ယောက်ကို Check လုပ်ချင်ရုံသက်သက်နဲ့သူဟာ အရင်ထက်ပိုတော် ပိုကောင်းလာပြီဆိုတာကို သင့်ကိုပြချင်တာပါ။ဒုတိယအချက်ကတော့ ပိုဖြ စ်နိုင်ချေရှိပါတယ်။
(၃)နောက်တစ်ခါထပ်ပြီး ထိန်းချုပ်ချင်
ဒါကတော့ သူတို့က သင့်ကိုနောက်တစ်ကြိမ်ပြန်ပြီး Control လုပ်ချင်နေကြ တာပါ။Relationship တစ်ခုပြိုကွဲမှုမှာ သူတို့ရဲ့ ကိုင်တွယ်ထိန်းချုပ်မှုလို အပ်ခဲ့လို့ ဆိုတာကို အမြဲတွေးတော နေတတ်ကြသူတွေပါ။ ဒါကြောင့် သူ့ရဲ့ ကိုင်တွယ်ထိန်းချုပ်မှုမှာ ဘာလိုအပ်ချက်ရှိခဲ့သလဲ ဆိုတာကို ပြန် အဖြေရှာ၊ စစ်ဆေးချင်လို့ ပြန်ကပ်တာပါ။ အလွယ်ပြောရရင်တော့ အဖြေမထွက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကို ပြန်တွက်ချင်တာပါ။
(၄)သင်သည်သာ သူ့အတွက်အကောင်းဆုံးဆိုတာ သိသွားလို့
နောက်ဆုံးအချက်ကတော့ ရည်းစားဟောင်းအပေါ် စိတ်မပြတ်သေးသူေ တွ ေ ကျနပ်လောက်မယ့် အဖြေပါ။သူ ထားခဲ့တဲ့ အရာတစ်ခုကို အခုထိ သူ့အပေါ် စိတ်မကုန်လောက်သေးဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ပြန်ဆက်ရင်ရနိုင်လောက်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပါပါတယ်။သူတို့မှားခဲ့တဲ့အမှားကို နားလည်ပြီး သင်သည်သာ သူ့အ တွက်အကောင်းဆုံးဆိုတာကို နားလည်သွားလို့ပါ။
Ref;yourtango.
Credit : Lwinpyin
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top