iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီဆိုရင္ က်န္းမာေရးခ်ဴခ်ာၾကတာမ်ားပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို စားေပးဖို႔လိုပါတယ္။ မိုးရာသီကလည္း တေျဖးေျဖးနဲ႔ေရာက္လာၿပီဆိုေတာ့ မိုးရာသီမွာစားေပးသင့္တဲ့အသီးေတြအမ်ားႀကီးထဲကမွ ၀ယ္ရတာလြယ္ကူတဲ့အသီး (၆) မ်ိဳးကိုေဖာ္ျပေပးရင္းနဲ႔  ဒီအသီး (၆) မ်ိဳးရဲ႔ အာနိသင္ေတြကိုပါ ေဖာ္ျပေပးလိုက္ပါတယ္။

ပန္းသီး

ပန္းသီးဆိုတာ လူႀကိဳက္အမ်ားဆံုးအသီးတစ္မ်ိဳးပါ။ မိုးရာသီမွာ ပန္းသီးကိုစားေပးျခင္းဟာ ဖ်ားနာေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးရာေရာက္ပါတယ္။

သစ္ေတာ္သီး

အခုဆိုရင္ သစ္ေတာ္သီးေပၚခ်ိန္ျဖစ္လာၿပီဆိုေတာ့ မိုးရာသီမွာသစ္ေတာ္သီးကို စားေပးရပါမယ္။ သစ္ေတာ္သီးမွာက ဗီတာမင္စီေတြမ်ားစြားပါ၀င္လို႔ မိုးရာသီမွာျဖစ္ေလ့ျဖစ္ထရွိတဲ့ ကူးစက္ေရာဂါေတြကို ကာကြယ္တိုက္ထုတ္ေပးႏိုင္ပါတယ္။

သေဘၤာသီး

သေဘၤာသီးက က်န္းမာေရးအတြက္ အဖက္ဖက္ကေနအသံုး၀င္ေနတဲ့ အသီးတစ္မ်ိဳးဆိုတာကို အားလံုးလည္းသိၿပီးသားျဖစ္မွာပါ။ သေဘၤာသီးမွာ ဗီတာမင္စီေတြမ်ားစြာပါဝင္လို႔ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ အမွ်င္ဓာတ္လည္းပါ၀င္တဲ့အတြက္ အစာေၾကစနစ္ကိုေကာင္းမြန္ေစပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာက ဗီတာမင္နဲ႔ Minerals ဓာတ္ေတြမ်ားစြာပါ၀င္လို႔ မိုးရာသီမွစားသံုးဖို႔ အသင့္ေတာ္ဆံုးပါ။ ဒါ့အျပင္ ငွက္ေပ်ာသီးကိုစားေပးျခင္းဟာ အစာေၾကစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

လိုင္ခ်ီးသီး

လိုင္ခ်ီးသီးမွာက ဗီတာမင္စီဓာတ္ေတြ မ်ားစြာပါဝင္တဲ့အတြက္ ခႏၶာကိုယ္ခုခံအားကို ျပန္လည္တည္ေဆာက္ေပးၿပီး ကိုယ္ခံစြမ္းအားစနစ္ကိုလည္း ပိုၿပီးျမင့္မားလာေစပါတယ္။ Antioxidants ပါဝင္တဲ့အတြက္ ဝိတ္က်ဖို႔လည္း အေထာက္အကူျပဳပါတယ္။

မက္မြန္သီး

မက္မြန္သီးဟာ ကယ္လိုရီေတြကိုေလ်ာ့က်ေစၿပီး အမွ်င္ဓာတ္ကို ျမင့္တင္ေပးပါတယ္။ ဝိတ္က်ခ်င္တဲ့သူေတြ စားသံုးေပးသင့္တဲ့အသီးတစ္မ်ိဳးပါ။ ဒါ့အျပင္ ဗီတာမင္စီေတြမ်ားစြာပါဝင္လို႔ ကိုယ္ခံစြမ္းအားစနစ္ကိုလည္းေကာင္းမြန္ေစပါတယ္။

မိုးရာသီမွာ ကိုယ္ခံအားေကာင္းေနမွ အျပင္ကေရာဂါပိုးေတြနဲ႔ ဘတ္တီးရီးယားေတြ ေတာ္ရံုမ၀င္ႏိုင္မွာပါ။ ဒါေၾကာင့္ မိုးရာသီမွာ ဒီအသီးေလးေတြကို စားသံုးေပးသင့္ပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိုးရာသီဆိုရင် ကျန်းမာရေးချူချာကြတာများပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားပေးဖို့လိုပါတယ်။ မိုးရာသီကလည်း တဖြေးဖြေးနဲ့ရောက်လာပြီဆိုတော့ မိုးရာသီမှာစားပေးသင့်တဲ့အသီးတွေအများကြီးထဲကမှ ဝယ်ရတာလွယ်ကူတဲ့အသီး (၆) မျိုးကိုဖော်ပြပေးရင်းနဲ့  ဒီအသီး (၆) မျိုးရဲ့ အာနိသင်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီး

ပန်းသီးဆိုတာ လူကြိုက်အများဆုံးအသီးတစ်မျိုးပါ။ မိုးရာသီမှာ ပန်းသီးကိုစားပေးခြင်းဟာ ဖျားနာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

သစ်တော်သီး

အခုဆိုရင် သစ်တော်သီးပေါ်ချိန်ဖြစ်လာပြီဆိုတော့ မိုးရာသီမှာသစ်တော်သီးကို စားပေးရပါမယ်။ သစ်တော်သီးမှာက ဗီတာမင်စီတွေများစွားပါဝင်လို့ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်တိုက်ထုတ်ပေးနိုင်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးက ကျန်းမာရေးအတွက် အဖက်ဖက်ကနေအသုံးဝင်နေတဲ့ အသီးတစ်မျိုးဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သင်္ဘောသီးမှာ ဗီတာမင်စီတွေများစွာပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တဲ့အတွက် အစာကြေစနစ်ကိုကောင်းမွန်စေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာက ဗီတာမင်နဲ့ Minerals ဓာတ်တွေများစွာပါဝင်လို့ မိုးရာသီမှစားသုံးဖို့ အသင့်တော်ဆုံးပါ။ ဒါ့အပြင် ငှက်ပျောသီးကိုစားပေးခြင်းဟာ အစာကြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

လိုင်ချီးသီး

လိုင်ချီးသီးမှာက ဗီတာမင်စီဓာတ်တွေ များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ခုခံအားကို ပြန်လည်တည်ဆောက်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပိုပြီးမြင့်မားလာစေပါတယ်။ Antioxidants ပါဝင်တဲ့အတွက် ဝိတ်ကျဖို့လည်း အထောက်အကူပြုပါတယ်။

မက်မွန်သီး

မက်မွန်သီးဟာ ကယ်လိုရီတွေကိုလျော့ကျစေပြီး အမျှင်ဓာတ်ကို မြင့်တင်ပေးပါတယ်။ ဝိတ်ကျချင်တဲ့သူတွေ စားသုံးပေးသင့်တဲ့အသီးတစ်မျိုးပါ။ ဒါ့အပြင် ဗီတာမင်စီတွေများစွာပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။

မိုးရာသီမှာ ကိုယ်ခံအားကောင်းနေမှ အပြင်ကရောဂါပိုးတွေနဲ့ ဘတ်တီးရီးယားတွေ တော်ရုံမဝင်နိုင်မှာပါ။ ဒါကြောင့် မိုးရာသီမှာ ဒီအသီးလေးတွေကို စားသုံးပေးသင့်ပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top