iMyanmarHouse.com - Best Property Website for Myanmar
×

သူမက ဘယ္လိုအရာေတြကို လက္ကိုင္က်င့္သံုးလဲ ၾကည့္ရေအာင္ေနာ္။

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေအးေသာင္းက သူမရဲ႕ ေဖ့စ္ဘြတ္ကေန ပရိသတ္ေတြအတြက္ စကားလက္ေဆာင္ပါးထားပါတယ္။ သူမေျပာထားတဲ့ စကားလက္ေဆာင္က သူမက်င့္သံုးတဲ့ “ပ” သံုးလံုးအေၾကာင္းပါ။သူမက ဘယ္လိုအရာေတြကို လက္ကိုင္က်င့္သံုး လဲဆိုတာကို လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က ယခုလို ေျပာျပထားပါတယ္။

“ျပံဳးတယ္။ ကိုယ္နဲ႔မသိတဲ့သူေတြ႕ရင္ေတာင္ကိုယ္ကအရင္ျပံဳးျပတယ္။ မိတ္ေဆြသစ္ရတာေပါ့။

ၿပိဳင္တယ္။မေန႔က ကိုယ္နဲ႔ ဒီေန႔ကိုယ္ေပါ့။ အျခားသူဆိုတာက ကိုယ္နဲ႔ ျဖတ္သန္းပံု ႀကီးျပင္းပံု နဲ႔ ရည္မွန္းခ်က္ေတြမတူႏိုင္ဘူးေလ။

ေပ်ာ္ေပ်ာ္ေနတယ္။အေပ်ာ္မလြန္ေပမဲ့ စိတ္ညစ္စရာေတြကို အၾကာႀကီးဆုတ္ကိုင္မထားဘူး။ ေပ်ာ္ေပ်ာ္ေန ေသခဲ မွတ္လား။

ကိုယ္က်င့္သံုးတဲ့ “ပ ” သံုးလံုး။” ဆိုၿပီး ေျပာထားတာပါ။

သူမေျပာထားတဲ့ စကားေလးေၾကာင့္ သူမရဲ႕ ပရိသတ္ေတြကလည္း အဲ့လိုေလးပဲ ေနေတာ့မယ္ဆိုၿပီး ေကာမန္႕ေတြမွာ ေျပာထားတာရွိပါတယ္

ျမန္မာဆန္တဲ့အလွေတြနဲ႕ ပရိသတ္ေတြရဲ႕ ရင္ထဲကို ေရာက္လာတဲ့ ေအးေသာင္းရဲ႕ အခ်စ္ေရးဟာလည္း ပရိသတ္စိတ္ဝင္စားစရာ တစ္ခုပါ။ ခ်စ္သူရွိေနၿပီလို႕ ပရိသတ္ေတြသိေအာင္ ေျပာျပထားတဲ့ သူမက အခုခ်ိန္မွာ မိသားစု သိုက္သုိက္ဝန္းဝန္းရွိၾကတဲ့ သူ႔ သူငယ္ခ်င္းေတြရဲ႕ မိသားစုဘဝေလးေတြကုိ အားက်ေနၿပီလုိ႔ ဖြင့္ဟဝန္ခံခဲ့ပါတယ္။

” ေပါက္စီႀကိဳက္တဲ့ မိသားစုေလးနဲ႔ ကေလးေလးေတြရွိမယ္၊ ကုိယ့္ေယာက်္ားအတြက္ ကုိယ့္အမ်ဳိးသားအတြက္ ေအးခ်မ္းတဲ့မိသားစု ေလးရွိမယ္။ ေနာက္ၿပီးေတာ့ ကုိယ့္ရဲ႕ သားသမီးေလးေတြနဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကုိေတာ့ ပုိင္ဆုိင္ခ်င္တာေပါ့။ မိန္းကေလးက်ေတာ့လည္း မိခင္စိတ္ဆိုတာ ေမြးကတည္းက ပါလာတဲ့သူေတြခ်ည္းပဲေလ။ သူငယ္ခ်င္းမိသားစုေလးေတြျမင္ရင္ သေဘာက်တယ္။ တစ္ခါတေလက်ရင္ေတာ့ ကုိယ္တစ္ေယာက္တည္းေနရတာႀကိဳက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီလုိမ်ဳိး မိသားစုေလးနဲ႔ ေယာက်္ားနဲ႔ တြဲတက္လာတဲ့အခ်ိန္ေလးေတြကုိ အားက်မိတာေတာ့ အမွန္ပါပဲ’။ ေပါက္စီရဲ႕ အခ်စ္ေရးကေတာ့ ခ်စ္ေနဆဲ။ ေပါက္စီက ခ်စ္ရတာႀကိဳက္တယ္ေလ အဲ့ဒီေတာ့ ခ်စ္လည္းခ်စ္တယ္၊ လြမ္းစရာရွိရင္လည္း လြမ္းတယ္။ ေပါက္စီ အားက်ၿပီးေတာ့ ၾကည့္ေနရတာေတြကေတာ့ အမ်ားႀကီးပဲ ကုိယ့္အလွည့္ကေတာ့ ေစာင့္ေနရမွာေပါ့ေနာ္၊ ဘယ္ အခ်ိန္ေရာက္မလည္း မသိေသးဘူး၊ Target ထားထားတာမ်ဳိးေတာ့မရွိေသးပါဘူး။ သူ႔အေပၚမူတည္တာေပါ့” လုိ႔ သူကဆုိပါတယ္။

အႏုပညာအသိုင္းအဝုိင္းက ေပါက္စီလို႕ ခ်စ္စႏိုးေခၚၾကတဲ့ ေအးဝတ္ရည္ေသာင္းက လက္ရွိမွ အႏုပညာအလုပ္ ေတြလည္း ျပန္လည္ လုပ္ကိုင္လာၿပီ ျဖစ္သလို ပရိသတ္ေတြရဲ႕ အားေပးမႈကို ျပန္လည္ရရွိလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။

Photo : ေအးဝတ္ရည္ေသာင္း ၊ Nay Min Tun

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သူမက ဘယ်လိုအရာတွေကို လက်ကိုင်ကျင့်သုံးလဲ ကြည့်ရအောင်နော်။

ပရိသတ်တွေရဲ့ အချစ်တော် အေးသောင်းက သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးထားပါတယ်။ သူမပြောထားတဲ့ စကားလက်ဆောင်က သူမကျင့်သုံးတဲ့ “ပ” သုံးလုံးအကြောင်းပါ။သူမက ဘယ်လိုအရာတွေကို လက်ကိုင်ကျင့်သုံး လဲဆိုတာကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ယခုလို ပြောပြထားပါတယ်။

“ပြုံးတယ်။ ကိုယ်နဲ့မသိတဲ့သူတွေ့ရင်တောင်ကိုယ်ကအရင်ပြုံးပြတယ်။ မိတ်ဆွေသစ်ရတာပေါ့။

ပြိုင်တယ်။မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်ပေါ့။ အခြားသူဆိုတာက ကိုယ်နဲ့ ဖြတ်သန်းပုံ ကြီးပြင်းပုံ နဲ့ ရည်မှန်းချက်တွေမတူနိုင်ဘူးလေ။

ပျော်ပျော်နေတယ်။အပျော်မလွန်ပေမဲ့ စိတ်ညစ်စရာတွေကို အကြာကြီးဆုတ်ကိုင်မထားဘူး။ ပျော်ပျော်နေ သေခဲ မှတ်လား။

ကိုယ်ကျင့်သုံးတဲ့ “ပ ” သုံးလုံး။” ဆိုပြီး ပြောထားတာပါ။

သူမပြောထားတဲ့ စကားလေးကြောင့် သူမရဲ့ ပရိသတ်တွေကလည်း အဲ့လိုလေးပဲ နေတော့မယ်ဆိုပြီး ကောမန့်တွေမှာ ပြောထားတာရှိပါတယ်

မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာတဲ့ အေးသောင်းရဲ့ အချစ်ရေးဟာလည်း ပရိသတ်စိတ်ဝင်စားစရာ တစ်ခုပါ။ ချစ်သူရှိနေပြီလို့ ပရိသတ်တွေသိအောင် ပြောပြထားတဲ့ သူမက အခုချိန်မှာ မိသားစု သိုက်သိုက်ဝန်းဝန်းရှိကြတဲ့ သူ့ သူငယ်ချင်းတွေရဲ့ မိသားစုဘဝလေးတွေကို အားကျနေပြီလို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

” ပေါက်စီကြိုက်တဲ့ မိသားစုလေးနဲ့ ကလေးလေးတွေရှိမယ်၊ ကိုယ့်ယောကျ်ားအတွက် ကိုယ့်အမျိုးသားအတွက် အေးချမ်းတဲ့မိသားစု လေးရှိမယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ သားသမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတော့ ပိုင်ဆိုင်ချင်တာပေါ့။ မိန်းကလေးကျတော့လည်း မိခင်စိတ်ဆိုတာ မွေးကတည်းက ပါလာတဲ့သူတွေချည်းပဲလေ။ သူငယ်ချင်းမိသားစုလေးတွေမြင်ရင် သဘောကျတယ်။ တစ်ခါတလေကျရင်တော့ ကိုယ်တစ်ယောက်တည်းနေရတာကြိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး မိသားစုလေးနဲ့ ယောကျ်ားနဲ့ တွဲတက်လာတဲ့အချိန်လေးတွေကို အားကျမိတာတော့ အမှန်ပါပဲ’။ ပေါက်စီရဲ့ အချစ်ရေးကတော့ ချစ်နေဆဲ။ ပေါက်စီက ချစ်ရတာကြိုက်တယ်လေ အဲ့ဒီတော့ ချစ်လည်းချစ်တယ်၊ လွမ်းစရာရှိရင်လည်း လွမ်းတယ်။ ပေါက်စီ အားကျပြီးတော့ ကြည့်နေရတာတွေကတော့ အများကြီးပဲ ကိုယ့်အလှည့်ကတော့ စောင့်နေရမှာပေါ့နော်၊ ဘယ် အချိန်ရောက်မလည်း မသိသေးဘူး၊ Target ထားထားတာမျိုးတော့မရှိသေးပါဘူး။ သူ့အပေါ်မူတည်တာပေါ့” လို့ သူကဆိုပါတယ်။

အနုပညာအသိုင်းအဝိုင်းက ပေါက်စီလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက လက်ရှိမှ အနုပညာအလုပ် တွေလည်း ပြန်လည် လုပ်ကိုင်လာပြီ ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : အေးဝတ်ရည်သောင်း ၊ Nay Min Tun


Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top