iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ေရႊမႈံရတီ တစ္ေယာက္ ေရႊရည္ရတီလုိ႔ နာမည္ေပးထားတဲ့ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရးတည္ေထာင္ထားတယ္လုိ႔ သိရပါတယ္။ ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ ရုပ္ရွင္ထုတ္လုပ္ေရး တည္ေထာင္ထားတဲ့ ေရႊမႈံက ဘယ္လုိခက္ခဲမႈေတြ၊ ဘယ္လုိ အႏၱရာယ္ေတြ ရွိပါေစ အားလုံးကုိ ႀကိဳဆုိတယ္၊ ဒီလုိစိတ္ဓာတ္မ်ဳိးျဖစ္လာဖုိ႔ မိခင္ျဖစ္သူက အစကတည္းကျပင္ဆင္ေပးထားၿပီးသားလုိ႔လည္း မီဒီယာေတြကေန တဆင့္ ေျပာျပ ခဲ့ပါတယ္။ေရႊရည္ရတီအမည္နဲ႔ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ေထာင္လိုက္တာပါ။

” ဒီအလုပ္ကုိ ညီမအေမရွိတဲ့အတြက္ ေခါင္းလည္း သိပ္မႀကီးပါဘူး။ အဓိက ကေတာ့စီမံခန္႔ခြဲမႈအပုိင္းေလးေတာ့ နည္းနည္းပါတာေပါ့။ ညီမ ၁၃ ႏွစ္ကတည္းက အလုပ္စလုပ္ပါတယ္ အခု အသက္၂၀မွာ ပရုိဂ်ဴဆာလုပ္ဖုိ႔အတြက္ကုိ အေမ့ကုိ ေဘးကေနဝုိင္းၿပီးပ့ံပုိးေပးပါတယ္။ ညီမတတ္ႏုိင္သေလာက္ ေခါင္းစားေပးပါတယ္။ ညီမအတြက္ ဘယ္အရာမဆုိ ႀကိဳဆုိပါတယ္။ ခက္ခဲမႈေတြလည္း ႀကိဳဆိုတယ္၊ အႏၱရာယ္ေတြ လည္း ႀကိဳဆိုတယ္၊ ညီမ အားလုံးကုိရင္ဆုိင္ႏုိင္တယ္။ ညီမအေပ်ာ္ေတြလည္းႀကိဳဆုိတယ္။ အားလုံး အားလုံးအတြက္ အဆင္သင့္ျဖစ္ေအာင္ စိတ္ဓာတ္ေတြကုိ ညီမအေမကအစကတည္းကျပင္ဆင္ေပးထားၿပီးသားဆုိေတာ့ ညီမက ဘာလာလာေဒါင္းပါတယ္” လုိ႔ သူကဆုိပါတယ္။

ကိုယ္ပိုင္စီးပြားေရး တည္ေထာင္္တယ္ဆိုတာကလည္း အသက္ႀကီးတာငယ္တာနဲ႕ မဆိုင္ပဲ အေတြ႕အၾကံဳ၊ လူမႈဆက္ဆံေရး၊ ရင့္က်က္မႈေတြ သာအေရးႀကီးတယ္လို႕ သူမအေနနဲ႕ ခံယူထားပါတယ္တဲ့။ ကုိယ္ပုိင္ထုတ္လုပ္ေရးဆုိေပမယ့္ ကုိယ္တုိင္ရုိက္ကူးသြားမွာ မဟုတ္ပဲ ဇာတ္ကား ေကာင္းေကာင္းေလးေတြကုိ တျခားအႏုပညာရွင္ေတြနဲ႔ ရုိက္ကူးခ်င္တာ ဆုိတဲ့ ေရႊမႈံရဲ႕ ဆႏၵေလးကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

” ကုိယ္ပုိင္ထုတ္လုပ္ေရးမွာ ညီမက ညီမရုိက္ဖုိ႔အတြက္ေတာ့မဟုတ္ဘူး။ ညီမက တျခားသူေတြနဲ႔ ရုိက္ခ်င္တာ ဇာတ္ေလးေတြလည္း အမ်ားႀကီးရွာထားတယ္။ ကိုယ္ပုိင္ဇာတ္လမ္းေလးေတြလည္း ရွိတယ္ အေမကလည္း သူ႔ဇာတ္ေလးေတြရွိေတာ့ အေမကလည္း အႏုပညာကုိ ဝါသနာပါၿပီး ေလ့လာတယ္။ ညီမတုိ႔အတြက္လည္း အဆင္ေျပတယ္။ ေနာက္ၿပီးေတာ့ တျခားတုိက္ေတြနဲ႔ ကာရုိက္တာမတူႏုိင္ဘူး လုပ္ခ်င္ တုိင္း လုပ္ခြင့္မရဘူးဆုိတာမဟုတ္ပါဘူး။ ညီမရုိက္ခ်င္တဲ့ ကာရုိက္တာေတြ၊ ညီမနဲ႔လုိက္ဖက္တဲ့ ကာရုိက္တာေတြကုိ မင္းသမီး စျဖစ္ကတည္း က ဒီတုိက္ေတြက ပ့ံပုိးေပးခဲ့တာညီမအေပၚမွာလည္း ေက်းဇူးရွိတယ္။ သူတုိ႔ကုိလည္း တကယ္ေက်းဇူးတင္ပါတယ္။ သူတုိ႔သည္ ညီမအတက္ မုိင္းနပ္(စ္)ျဖစ္မယ့္ အရာကုိ မေပးပါဘူး အျမဲတမ္း ညီမကုိ ပုိပုိၿပီးေတာ့ Support လုပ္ေပးတယ္။ ပုိၿပီးေတာ့ အုိက္တင္ေတြ ေကာင္းလာေစ မယ့္ ဇာတ္မ်ဳိးေတြကုိ ယုံၾကည္စြာအပ္ႏွံေပးတဲ့အတြက္ ဒါရုိက္တာေတြေရာ၊ ပရုိဂ်ဴဆာေတြကုိေရာ ေက်းဇူးတင္ပါတယ္။ မင္းသားေတြကုိလည္း ညီမနဲ႔ရုိက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္’‘

ေရႊရည္ရတီလုိ႔ အမည္ေပးထားတဲ့ ေရႊမႈံရတီရဲ႕ ကုိယ္ပုိင္ထုတ္လုပ္ေရးကေန အရည္အေသြးေကာင္းတဲ့ ဇာတ္ကားေကာင္း ေတြ ကုိသာ ေရြးခ်ယ္ရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။ သူမရဲ႕ ကိုယ္ပိုင္ ရုပ္ရွင္ထုတ္လုပ္ေရးကေန (၆)လပိုင္းကစၿပီး ဇာတ္ကားေတြ ရိုက္ကူးမွာ ျဖစ္သလို ဇာတ္လမ္းေလးေတြကိုလည္း ဆန္းဆန္းျပားျပားေလး ျဖစ္ေအာင္ေရြးခ်ယ္ထားတယ္လို႕ သိရပါတယ္။ ရိုက္ကူးမယ့္ ဇာတ္လမ္းေတြကို အျခားထုတ္လုပ္ေရး တိုက္ေတြနဲ႕မတူေအာင္ သူမကိုယ္တုိင္ ေသခ်ာေရြးခ်ယ္သြားမွာျဖစ္ၿပီး ဇာတ္ကားေတြကို ကြာလတီ မက်ေအာင္ အေကာင္းဆံုး ရိုက္ကူးသြားမယ္လို႕ ယင္းအင္တာဗ်ဴးမွာ ဆက္လက္ေျပာျပထားပါတယ္။

၂၀၁၈ ခုႏွစ္ ေမလ(၁၆)ရက္ေန႕ကမွ အသက္(၂၀)ျပည့္သြားတဲ့ ေရႊမံႈရတီဟာ မၾကာခင္မွာ အဆိုေတာ္ေရႊထူးနဲ႔ အတူ ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ဖုိ႔ ရွိတယ္လုိ႔ သိရပါတယ္။အသက္ ၁၃ ႏွစ္အရြယ္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္ျဖစ္လာတဲ့ ေရႊမႈန္ရတီဟာ ငယ္ရြယ္ေသးေပမဲ့ အရမ္းကို ရင့္က်က္တဲ့ မိန္းကေလးတစ္ေယာက္ပါ။ထူးျခားတဲ့ ဟန္ပန္၊ ဆန္းသစ္တဲ့ ဝတ္ဆင္မႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာ ခံရေပမဲ့ ကိုယ္လုပ္စရာရွိတာကို ယံုၾကည္မႈရွိရွိနဲ႔ လုပ္ေဆာင္ေနတဲ့ သူလည္း ျဖစ္ပါတယ္။

အႏုပညာပ်ဳိးခင္း (၁) ရဲ႕ စင္တင္မင္းသမီးတစ္လက္ျဖစ္တဲ့ ေရႊမႈံရတီဟာ အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့တဲ့ လြန္ခဲ့တဲ့ ၆ ႏွစ္ေက်ာ္ကတည္းက သ႐ုပ္ေဆာင္ေကာင္းသူအျဖစ္ နာမည္ရလာသူျဖစ္ၿပီး လက္ရွိမွာလည္း ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်ရွှေမှုံရတီ တစ်ယောက် ရွှေရည်ရတီလို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးတည်ထောင်ထားတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ထားတဲ့ ရွှေမှုံက ဘယ်လိုခက်ခဲမှုတွေ၊ ဘယ်လို အန္တရာယ်တွေ ရှိပါစေ အားလုံးကို ကြိုဆိုတယ်၊ ဒီလိုစိတ်ဓာတ်မျိုးဖြစ်လာဖို့ မိခင်ဖြစ်သူက အစကတည်းကပြင်ဆင်ပေးထားပြီးသားလို့လည်း မီဒီယာတွေကနေ တဆင့် ပြောပြ ခဲ့ပါတယ်။ရွှေရည်ရတီအမည်နဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ထောင်လိုက်တာပါ။

” ဒီအလုပ်ကို ညီမအမေရှိတဲ့အတွက် ခေါင်းလည်း သိပ်မကြီးပါဘူး။ အဓိက ကတော့စီမံခန့်ခွဲမှုအပိုင်းလေးတော့ နည်းနည်းပါတာပေါ့။ ညီမ ၁၃ နှစ်ကတည်းက အလုပ်စလုပ်ပါတယ် အခု အသက်၂၀မှာ ပရိုဂျူဆာလုပ်ဖို့အတွက်ကို အမေ့ကို ဘေးကနေဝိုင်းပြီးပံ့ပိုးပေးပါတယ်။ ညီမတတ်နိုင်သလောက် ခေါင်းစားပေးပါတယ်။ ညီမအတွက် ဘယ်အရာမဆို ကြိုဆိုပါတယ်။ ခက်ခဲမှုတွေလည်း ကြိုဆိုတယ်၊ အန္တရာယ်တွေ လည်း ကြိုဆိုတယ်၊ ညီမ အားလုံးကိုရင်ဆိုင်နိုင်တယ်။ ညီမအပျော်တွေလည်းကြိုဆိုတယ်။ အားလုံး အားလုံးအတွက် အဆင်သင့်ဖြစ်အောင် စိတ်ဓာတ်တွေကို ညီမအမေကအစကတည်းကပြင်ဆင်ပေးထားပြီးသားဆိုတော့ ညီမက ဘာလာလာဒေါင်းပါတယ်” လို့ သူကဆိုပါတယ်။

ကိုယ်ပိုင်စီးပွားရေး တည်ထောင်တယ်ဆိုတာကလည်း အသက်ကြီးတာငယ်တာနဲ့ မဆိုင်ပဲ အတွေ့အကြုံ၊ လူမှုဆက်ဆံရေး၊ ရင့်ကျက်မှုတွေ သာအရေးကြီးတယ်လို့ သူမအနေနဲ့ ခံယူထားပါတယ်တဲ့။ ကိုယ်ပိုင်ထုတ်လုပ်ရေးဆိုပေမယ့် ကိုယ်တိုင်ရိုက်ကူးသွားမှာ မဟုတ်ပဲ ဇာတ်ကား ကောင်းကောင်းလေးတွေကို တခြားအနုပညာရှင်တွေနဲ့ ရိုက်ကူးချင်တာ ဆိုတဲ့ ရွှေမှုံရဲ့ ဆန္ဒလေးကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” ကိုယ်ပိုင်ထုတ်လုပ်ရေးမှာ ညီမက ညီမရိုက်ဖို့အတွက်တော့မဟုတ်ဘူး။ ညီမက တခြားသူတွေနဲ့ ရိုက်ချင်တာ ဇာတ်လေးတွေလည်း အများကြီးရှာထားတယ်။ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေလည်း ရှိတယ် အမေကလည်း သူ့ဇာတ်လေးတွေရှိတော့ အမေကလည်း အနုပညာကို ဝါသနာပါပြီး လေ့လာတယ်။ ညီမတို့အတွက်လည်း အဆင်ပြေတယ်။ နောက်ပြီးတော့ တခြားတိုက်တွေနဲ့ ကာရိုက်တာမတူနိုင်ဘူး လုပ်ချင် တိုင်း လုပ်ခွင့်မရဘူးဆိုတာမဟုတ်ပါဘူး။ ညီမရိုက်ချင်တဲ့ ကာရိုက်တာတွေ၊ ညီမနဲ့လိုက်ဖက်တဲ့ ကာရိုက်တာတွေကို မင်းသမီး စဖြစ်ကတည်း က ဒီတိုက်တွေက ပံ့ပိုးပေးခဲ့တာညီမအပေါ်မှာလည်း ကျေးဇူးရှိတယ်။ သူတို့ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ သူတို့သည် ညီမအတက် မိုင်းနပ်(စ်)ဖြစ်မယ့် အရာကို မပေးပါဘူး အမြဲတမ်း ညီမကို ပိုပိုပြီးတော့ Support လုပ်ပေးတယ်။ ပိုပြီးတော့ အိုက်တင်တွေ ကောင်းလာစေ မယ့် ဇာတ်မျိုးတွေကို ယုံကြည်စွာအပ်နှံပေးတဲ့အတွက် ဒါရိုက်တာတွေရော၊ ပရိုဂျူဆာတွေကိုရော ကျေးဇူးတင်ပါတယ်။ မင်းသားတွေကိုလည်း ညီမနဲ့ရိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်’‘

ရွှေရည်ရတီလို့ အမည်ပေးထားတဲ့ ရွှေမှုံရတီရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ အရည်အသွေးကောင်းတဲ့ ဇာတ်ကားကောင်း တွေ ကိုသာ ရွေးချယ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ သူမရဲ့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးကနေ (၆)လပိုင်းကစပြီး ဇာတ်ကားတွေ ရိုက်ကူးမှာ ဖြစ်သလို ဇာတ်လမ်းလေးတွေကိုလည်း ဆန်းဆန်းပြားပြားလေး ဖြစ်အောင်ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ရိုက်ကူးမယ့် ဇာတ်လမ်းတွေကို အခြားထုတ်လုပ်ရေး တိုက်တွေနဲ့မတူအောင် သူမကိုယ်တိုင် သေချာရွေးချယ်သွားမှာဖြစ်ပြီး ဇာတ်ကားတွေကို ကွာလတီ မကျအောင် အကောင်းဆုံး ရိုက်ကူးသွားမယ်လို့ ယင်းအင်တာဗျူးမှာ ဆက်လက်ပြောပြထားပါတယ်။

၂၀၁၈ ခုနှစ် မေလ(၁၆)ရက်နေ့ကမှ အသက်(၂၀)ပြည့်သွားတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာ အဆိုတော်ရွှေထူးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top