iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးတို႔…..ႂကြက္သားဖုထစ္ေနတဲ့သူေတြကုိသေဘာက်လား။

အခ်စ္ဟာ မ်က္စိမပါဘူးလို႔ေျပာၾကတယ္။ဒါေပမယ့္လည္း ကိုယ္သေဘာက်တဲ့သူကုိပဲေရြးခ်ယ္ၿပီး ဒိတ္လုပ္ၾကတယ္ဆိုတာကေတာ့ ျငင္းမရတဲ့အခ်က္ပဲ။
တခ်ို့အမ်ိဳးသမီးေတြဟာ ႂကြက္သားဖုထစ္ေနတဲ့ သူမ်ိဳးကုိမွ စိတ္ဝင္စားေလ့႐ွိတယ္။တကယ္လို႔ ႂကြက္သားဖုထစ္ေနတဲ့အမ်ိဳးသားေတြက အဆိုးရြားဆံုးခ်စ္သူေတြ ျဖစ္လာမယ္ဆိုရင္ေရာ…..

အဂၤလန္ႏိုင္ငံ ဝက္ဘ္မင္နစ္စတာ တကၠသိုလ္မွ ေလ့လာခ်က္အရ ႂကြက္သားဖုထစ္ေနတဲ့အမ်ိဳးသားေတြဟာ လိင္ခြဲ ျခားမႈ႐ွိတဲ့အျပင္ အမ်ဳိးသမီးေတြကုိ အရာဝတၱဳသေဘာ ယူဆေၾကာင္းေတြ႔ရတယ္။
အမ်ဳိးသမီးတို႔….သတိမေပးခဲ့ဘူးလို႔မေျပာနဲ႔ဦး။

ေလ့လာသူေတြဟာ အမ်ိဳးသား ၃၂၇ ေယာက္ကုိ ေမးခြန္းေတြေမးျမန္းၿပီး ေကာက္ခ်က္ခ်ခဲ့တာပါ။

“သင္ကာယဗလေမာင္တစ္ေယာက္လိုျဖစ္ခ်င္ပါသလား” ၊”အမ်ဳိးသမီးေတြအေပၚဘယလိုသေဘာထားပါသလဲ” အစ႐ွိတဲ့ေမးခြန္းေတြကုိေမးျမန္းခဲ့တာျဖစ္ၿပီး
ခႏၶာကုိယ္ဖုထစ္ခ်င္တဲ့သူေတြဟာ အမ်ဳိးသမီးေတြအေပၚမေကာင္းျမင္တာပိုမ်ားေၾကာင္းေတြ႔ရတယ္။

သူတို႔ေျဖၾကားတဲ့အထဲက အခ်က္အနည္းငယ္ကုိ ေဖာ္ျပရရင္ေတာ့
“မိန္းမေတြက အျမဲတမ္းလိုလို ေယာက်္ားေတြကုိ စဖို႔ ဒါမွမဟုတ္ ထိခိုက္နာက်င္ေစဖို႔အတြက္ ဝင္ေရာၾကတယ္လို႔ ကြၽန္ေတာ္ခံစားရတယ္ ” တဲ့။
ေနာက္တစ္ေယာက္ကလည္း
“အမူးလြန္ေနတဲ့မိန္းမေတြက အမူးလြန္ေနတဲ့ေယာက်္ားေတြထက္ပိုမ်ားတယ္” လို႔ေျဖထားပါတယ္။

ဒီေတာ့ ႂကြက္သားဖုထစ္ဖို႔စိတ္ဝင္စားတဲ့အမ်ဳိးသားေတြဟာ လိင္ခြဲျခားမႈ႐ွိေနၿပီး အမ်ိဳးသမီးေတြဆိုတာ မီးဖိုေခ်ာင္နဲ႔သာ သက္ဆိုင္တဲ့သူေတြလို႔ သေဘာထားၾကတဲ့ အမ်ိဳးသားႀကီးဝါဒကုိ ကိုင္ဆြဲထားသူေတြ ျဖစ္ၾကပါတယ္။

ေလ့လာသူ Viren Swarmi က LiveScience ကုိေျပာၾကားခဲ့တာကေတာ့

“ကြၽန္ေတာ္တို႔ေလ့လာခ်က္အရေတာ့ ခႏၶာကုိယ္ ဖုထစ္ခ်င္တဲ့အမ်ိဳးသားေတြဟာ ပိန္ပါးတဲ့အမ်ိဳးသမီးေတြကိုစိတ္ဝင္စားေၾကာင္းေတြ႔ရတယ္။
အမ်ိဳးသမီးေတြဘက္မွာလည္း အမ်ိဳးသားေတြရဲ႕ ခႏၶာကုိယ္ ၊ အထူးသျဖင့္ႂကြက္သားေတြအေပၚမွာစိတ္ဝင္စားမႈ႐ွိလားဆိုတာေတာ့ ကြၽန္ေတာ္တို႔ ျငင္းခုန္ေနၾကတုန္းပဲ”

“ၿပီးေတာ့ အမ်ိဳးသမီးေတြအေပၚ ဖိႏွိပ္ခ်င္ၿပီး လိင္ခြဲျခားမႈ ႐ွိေနတဲ့သူေတြဟာလည္း ခႏၶာကုိယ္ ဖုထစ္ေစဖို႔ စိတ္ဝင္စားတယ္လို႔ ကြၽန္ေတာ္တို႔ယူဆတယ္”

မီဒီယာေတြမွာ ပါဝင္ေနေလ့႐ွိတဲ့ ႂကြက္သားေတြ ဖုထစ္ၿပီးၾကည့္ေကာင္းတဲ့ သူေတြဟာ အမ်ိဳးသားေတြရဲ႕စိတ္ေနစိတ္ထားအေပၚလႊမ္းမိုးမႈ႐ွိေၾကာင္းလည္းေတြ႔ရတယ္။

“ဒီမီဒီယာေတြေပၚမွာျပသေနတဲ့ ႂကြက္သားစိုင္ေတြနဲ႔သူေတြဟာ အမ်ိဳးသားေတြကုိ သူတို႔လို ျဖစ္လာေစဖို႔ တြန္းအားေပးေနသလို ျဖစ္ေနတာေတြ႔ရတယ္။ဒါေပမယ္ ့ကြၽန္ေတယ္တို႔ေလ့လာေနတာကေတာ့ အမ်ိဳးသားႀကီးဝါဒနဲ႔ လိင္ခြဲျခားမႈေတြကပါ မီဒီယာေတြကတစ္ဆင့္လႊမ္းမိုးမႈ႐ွိေနသလားဆိုတာပါပဲ”

သင္ေရာဒီကိစၥကုိဘယ္လိုထင္ျမင္ပါသလဲ။
သင့္အျမင္ကုိ ေကာမက္မွာေရးသားခဲ့ပါဦး။

Credit : Min Thu(Daily Hot News)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတို့…..ကြွက်သားဖုထစ်နေတဲ့သူတွေကိုသဘောကျလား။

အချစ်ဟာ မျက်စိမပါဘူးလို့ပြောကြတယ်။ဒါပေမယ့်လည်း ကိုယ်သဘောကျတဲ့သူကိုပဲရွေးချယ်ပြီး ဒိတ်လုပ်ကြတယ်ဆိုတာကတော့ ငြင်းမရတဲ့အချက်ပဲ။
တချို့အမျိုးသမီးတွေဟာ ကြွက်သားဖုထစ်နေတဲ့ သူမျိုးကိုမှ စိတ်ဝင်စားလေ့ရှိတယ်။တကယ်လို့ ကြွက်သားဖုထစ်နေတဲ့အမျိုးသားတွေက အဆိုးရွားဆုံးချစ်သူတွေ ဖြစ်လာမယ်ဆိုရင်ရော…..

အင်္ဂလန်နိုင်ငံ ဝက်ဘ်မင်နစ်စတာ တက္ကသိုလ်မှ လေ့လာချက်အရ ကြွက်သားဖုထစ်နေတဲ့အမျိုးသားတွေဟာ လိင်ခွဲ ခြားမှုရှိတဲ့အပြင် အမျိုးသမီးတွေကို အရာဝတ္တုသဘော ယူဆကြောင်းတွေ့ရတယ်။
အမျိုးသမီးတို့….သတိမပေးခဲ့ဘူးလို့မပြောနဲ့ဦး။

လေ့လာသူတွေဟာ အမျိုးသား ၃၂၇ ယောက်ကို မေးခွန်းတွေမေးမြန်းပြီး ကောက်ချက်ချခဲ့တာပါ။

“သင်ကာယဗလမောင်တစ်ယောက်လိုဖြစ်ချင်ပါသလား” ၊”အမျိုးသမီးတွေအပေါ်ဘယလိုသဘောထားပါသလဲ” အစရှိတဲ့မေးခွန်းတွေကိုမေးမြန်းခဲ့တာဖြစ်ပြီး
ခန္ဓာကိုယ်ဖုထစ်ချင်တဲ့သူတွေဟာ အမျိုးသမီးတွေအပေါ်မကောင်းမြင်တာပိုများကြောင်းတွေ့ရတယ်။

သူတို့ဖြေကြားတဲ့အထဲက အချက်အနည်းငယ်ကို ဖော်ပြရရင်တော့
“မိန်းမတွေက အမြဲတမ်းလိုလို ယောကျ်ားတွေကို စဖို့ ဒါမှမဟုတ် ထိခိုက်နာကျင်စေဖို့အတွက် ဝင်ရောကြတယ်လို့ ကျွန်တော်ခံစားရတယ် ” တဲ့။
နောက်တစ်ယောက်ကလည်း
“အမူးလွန်နေတဲ့မိန်းမတွေက အမူးလွန်နေတဲ့ယောကျ်ားတွေထက်ပိုများတယ်” လို့ဖြေထားပါတယ်။

ဒီတော့ ကြွက်သားဖုထစ်ဖို့စိတ်ဝင်စားတဲ့အမျိုးသားတွေဟာ လိင်ခွဲခြားမှုရှိနေပြီး အမျိုးသမီးတွေဆိုတာ မီးဖိုချောင်နဲ့သာ သက်ဆိုင်တဲ့သူတွေလို့ သဘောထားကြတဲ့ အမျိုးသားကြီးဝါဒကို ကိုင်ဆွဲထားသူတွေ ဖြစ်ကြပါတယ်။

လေ့လာသူ Viren Swarmi က LiveScience ကိုပြောကြားခဲ့တာကတော့

“ကျွန်တော်တို့လေ့လာချက်အရတော့ ခန္ဓာကိုယ် ဖုထစ်ချင်တဲ့အမျိုးသားတွေဟာ ပိန်ပါးတဲ့အမျိုးသမီးတွေကိုစိတ်ဝင်စားကြောင်းတွေ့ရတယ်။
အမျိုးသမီးတွေဘက်မှာလည်း အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ၊ အထူးသဖြင့်ကြွက်သားတွေအပေါ်မှာစိတ်ဝင်စားမှုရှိလားဆိုတာတော့ ကျွန်တော်တို့ ငြင်းခုန်နေကြတုန်းပဲ”

“ပြီးတော့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချင်ပြီး လိင်ခွဲခြားမှု ရှိနေတဲ့သူတွေဟာလည်း ခန္ဓာကိုယ် ဖုထစ်စေဖို့ စိတ်ဝင်စားတယ်လို့ ကျွန်တော်တို့ယူဆတယ်”

မီဒီယာတွေမှာ ပါဝင်နေလေ့ရှိတဲ့ ကြွက်သားတွေ ဖုထစ်ပြီးကြည့်ကောင်းတဲ့ သူတွေဟာ အမျိုးသားတွေရဲ့စိတ်နေစိတ်ထားအပေါ်လွှမ်းမိုးမှုရှိကြောင်းလည်းတွေ့ရတယ်။

“ဒီမီဒီယာတွေပေါ်မှာပြသနေတဲ့ ကြွက်သားစိုင်တွေနဲ့သူတွေဟာ အမျိုးသားတွေကို သူတို့လို ဖြစ်လာစေဖို့ တွန်းအားပေးနေသလို ဖြစ်နေတာတွေ့ရတယ်။ဒါပေမယ့်ကျွန်တေယ်တို့လေ့လာနေတာကတော့ အမျိုးသားကြီးဝါဒနဲ့ လိင်ခွဲခြားမှုတွေကပါ မီဒီယာတွေကတစ်ဆင့်လွှမ်းမိုးမှုရှိနေသလားဆိုတာပါပဲ”

သင်ရောဒီကိစ္စကိုဘယ်လိုထင်မြင်ပါသလဲ။
သင့်အမြင်ကို ကောမက်မှာရေးသားခဲ့ပါဦး။

Credit : Min Thu(Daily Hot News)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top