iMyanmarHouse.com - Best Property Website for Myanmar
×












ဗိုက်ခေါက်ထူသူများအတွက် အလွယ်ကူဆုံး သဘာဝနည်းနဲ့ အဆီချနည်းလေးကို ပြောပြပါမယ်။

(၁) သံပုရာသီး သို့ သံပုယိုသီးကို အလုံးလိုက် ဆားပွတ်ပြီး ရေဆေးပါ။

(၂) အကွင်းလိုက် လှီးထားပြီး ရေနွေးခွက်ထဲ ထည့်ပါ။

(၃) ဂျင်း တစ်လက်မခန့်ကို ငရုတ်ကျည်ပွေ့ (သို့) ဓါးပြားနဲ့ ရိုက်ပြီး ထည့်ပါ။

(၄) သဘာဝပျားရည်စစ်စစ်ကို ဟင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(၅) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားပြီးလျှင် ဇွန်းနဲ့မွှေပြီး သောက်နိုင်ပါပြီ။ ထမင်းစားပြီး တစ်နာရီအကြာခန့်မှာ သောက်ရင် ပိုကောင်းပါတယ်။ တစ်နေ့တစ်ခွက် (သို့) နှစ်ခွက် သောက်နိုင်ပါတယ်။ ၆လမကျော်သေးတဲ့ နို့တိုက်မိခင်များနဲ့ အစာအိမ်ရောဂါရှိသူများကတော့ မသောက်သင့်ပါဘူး။

ပျားရည်ကို သဘာဝပျားရည်စစ်စစ် နှစ်ချို့ပျားရည်(အဟောင်း) ရမှသာလျှင် အဆီကျစေမှာပါ။ သကြားရည်၊ ကြံသကာရည် ရောထားတဲ့ဟာဆိုရင် အဆီမကျစေပါဘူး။

ပျားရည်အစစ်မရရင် သံပုရာကွင်းနဲ့ ဂျင်းပြားကိုပဲ ရေနွေးစိမ်သောက်လည်း ရပါတယ်။ အချိုဓါတ်မပါတော့ အရသာကတော့ ပေါ့နေလိမ့်မယ်။

သဘာဝဆေးမို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ တစ်လလောက် သောက်ကြည့်လိုက်တာနဲ့ သိသိသာသာ ဗိုက်ခေါက်အဆီများ လျှော့ကျသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

Credit : စောနွဲ့နေဆိုင်(ပူတာအို)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top