ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လူတစ္ေယာက္ဟာ မိန္းမလွ တေယာက္နဲ႔ လက္ထပ္လိုက္တယ္။ ႐ုပ္လွတဲ့အျပင္ စိတ္ထားကလည္းအရမ္းေကာင္းေတာ့ အမ်ိဳးသမီးကို အရမ္းခ်စ္ရွာတယ္။

တေန႔မွာ အမ်ိဳးသမီးဟာ အေရျပားေရာဂါ စတင္ခံစားလာရတယ္။ အေၾကာင္း တိုက္ဆိုင္ခ်င္ေတာ့ တရက္မွာ အမ်ိဳးသားကလည္း အလုပ္ကိစၥနဲ႔ ခရီးထြက္ရတယ္။

ခရီးကေန အိမ္ျပန္လမ္းမွာ car accident ျဖစ္ၿပီး မ်က္စိႏွစ္လံုးစလံုး ကြယ္သြားခဲ့တယ္။

ဒီေနရာမွာ ခဏေလာက္ရပ္ၿပီး စဥ္းစားၾကည့္ရေအာင္..အေရျပားေရာဂါသည္နဲ႔ မ်က္မျမင္တေယာက္ ရဲ႕ အိမ္ေထာင္ေရးဟာ ဘယ္သို႔ ဘယ္ပံုခရီးဆက္က်မလဲ?

ဘာေတြဆက္ျဖစ္မယ္လို႔ ထင္ပါသလဲ……?

တကယ္ေတာ့ သူတို႔ ၂ ေယာက္ၾကားမွာ ဘာေျပာင္းလဲမွဳ႕မွမရွိခဲ့ပါဘူး။ အရင္လို ေပ်ာ္စရာေကာင္း ၿပီး ခ်စ္ခ်စ္ခင္ခင္ေနတုန္းပဲ။

အခ်ိန္ေတြ ကုန္လာတာနဲ႔အမွ် အမ်ိဳးသမီးရဲ႕ အေရျပားေရာဂါဟာလည္း တစတစနဲ႔ ပိုဆိုးလာတယ္။ မ်က္မျမင္ ေယာက္က်ားက သူမိန္းမ အေရျပားေရာဂါေၾကာင့္႐ုပ္ျပတ္ ဆင္းျပတ္ ခံစားေနရတာကိုမသိရွာဘူးထင္ပါရဲ႕။

သူတို႔ ၂ ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ ဟိုးးအရင္ကထက္ေတာင္တိုးၿပီး ပိုလို႔ ခ်စ္ၿမဲ ခ်စ္စဲ ၾကင္နာစဲပဲ။

ေနာက္ဆံုးမွာေတာ့ အမ်ိဳးသမီးဟာ အေရျပားေရာဂါနဲ႔ ဆံုးသြားရွာတယ္။ သူ႔အတြက္ေတာ့ ႀကီးက်ယ္တဲ့ဆံုးရွဳံးမႈႀကီးတစ္ခုပဲလို႔ခံစားရတယ္။

မိ႐ိုးဖလာအတိုင္း ဇနီးရဲ႕ အေလာင္းကို ေျမခ်ၿပီးေနာက္တေန႔ မွာ အမ်ိဳးသားဟာ ဇနီးသည္ ေခါင္းခ်ခဲ့တဲ့ ၿမိဳ႕ ကေန အၿပီးအပိုင္ထြက္သြားဖို႔ ဆံုးျဖတ္လိုက္တယ္။

အဲ့ခ်ိန္မွာ အိမ္နီးနားခ်င္း လူတေယာက္က စကားလွမ္းေျပာတယ္

” ခင္ဗ်ား မ်က္စိမျမင္တဲ့ ကာလတေလွ်ာက္လံုး ခင္ဗ်ားရဲ႕ ေဝရာဝိစၥေတြ အကုန္လံုးကို ခင္ဗ်ားအမ်ိဳးသမီးက မၿငီးမျငဴ လုပ္ေပးခဲ့တာ အခု ခင္ဗ်ားတစ္ေယာက္ထဲ ဘယ္လိုလုပ္မလဲ..ခင္ဗ်ားေတာ့ ဒုကၡ လွလွႀကီးေတြ႕ေတာ့မယ္”

အမ်ိဳးသားက ျပန္ေျပာတယ္။ ” ဒီမွာ မိတ္ေဆြ..အမွန္က ကၽြန္ေတာ္ မ်က္စိမကန္းပါဘူး။
မျမင္ခ်င္ေယာင္ေဆာင္ေနျခင္းသာျဖစ္ပါတယ္။ ကၽြန္ေတာ့ အမ်ိဳးသမီးဟာ သူမရဲ႕ ႐ုပ္ဆိုး အၾကည္းတန္ေနတဲ့ မ်က္ႏွာကို ေန႔တိုင္း ကၽြန္ေတာ္ျမင္ေနရတယ္လို႔ သူသိရင္ အဲ့ခံစားမွဳ႕ဟာ သူေရာဂါေဝဒနာ ခံစားမွဳထက္ပိုၿပီး နာက်ဥ္လိမ္မယ္။

ဒါကို ကၽြန္ေတာ္မျမင္ခ်င္ဘူး။ ႐ုပ္ပိုင္းဆိုင္ရာမလွေတာ့ေပမဲ့ သူမ ရဲ စိတ္ပိုင္းဆိုင္ရာမွာ အၿမဲလွေနသူတစ္ေယာက္ပါ။

စိတ္ထားျဖဴစင္သူတစ္ေယာက္မို႔ ကၽြန္ေတာ္အတြက္ ဇနီးေကာင္း တေယာက္ပါ။

ကၽြန္ေတာ္က သူအၿမဲတမ္းေပ်ာ္ရႊင္ၿပီး စိတ္ခ်မ္းသာေနတာကိုပဲ ျမင္ခ်င္တဲ့လူတေယာက္ မို႔ အခုလို ဟန္ေဆာင္ရျခင္းျဖစ္ပါတယ္။
ေဆာင္းပါးေလးက ဒါပါပဲ။

သင္ခန္းစာ
———-
ေလာကႀကီးမွာ ၂ ဦး ၂ ဖတ္ ေျပလည္ ေကာင္းစားဖို႔အတြက္ တခ်ိဳ႕ေသာအရာေတြကို မျမင္ခ်င္ေယာင္ေဆာင္ေပးရပါတယ္။

အားနည္းခ်က္ ခၽြတ္ယြင္းခ်က္ဆိုတာလူတိုင္းမွာရွိစၿမဲ။

ဒါေၾကာင့္ no one is perfect လို႔ ဆိုၾကတာကိုး။ လူတေယာက္ရဲ႕ အားနည္းခ်က္ ခၽြတ္ယြင္းခ်က္ကို ေထာက္ၿပီး အႏိုင္ယူတာ လူညံ့လူ႔ေျပာ့ ေတြရဲ႕ လုပ္ရက္ပါ။

အဲ့ထဲမွာ ကိုယ္မပါမိပါေစနဲ႔။ တစ္ေယာက္ရဲ႕ လိုအပ္ခ်က္ကိုတစ္ေယာက္က အျပန္အလွန္ ျဖည့္ဆည္းေပးရင္း ရင္ထဲက စစ္မွန္တဲ့ ေမတၱာ တရားနဲ႔ သာ ေပါင္းသင္းဆက္ဆံက်မယ္ဆိုရင္ အရမ္းေပ်ာ္ရႊင္စရာေကာင္းတဲ့ ပတ္ဝန္းက်င္တခု အဖြဲ႕အစည္းတခုျဖစ္လာမွာ ေသခ်ာပါတယ္။

Credit : Zartimyay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ယောက်ဟာ မိန်းမလှ တယောက်နဲ့ လက်ထပ်လိုက်တယ်။ ရုပ်လှတဲ့အပြင် စိတ်ထားကလည်းအရမ်းကောင်းတော့ အမျိုးသမီးကို အရမ်းချစ်ရှာတယ်။

တနေ့မှာ အမျိုးသမီးဟာ အရေပြားရောဂါ စတင်ခံစားလာရတယ်။ အကြောင်း တိုက်ဆိုင်ချင်တော့ တရက်မှာ အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။

ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိနှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။

ဒီနေရာမှာ ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ရအောင်..အရေပြားရောဂါသည်နဲ့ မျက်မမြင်တယောက် ရဲ့ အိမ်ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံခရီးဆက်ကျမလဲ?

ဘာတွေဆက်ဖြစ်မယ်လို့ ထင်ပါသလဲ……?

တကယ်တော့ သူတို့ ၂ ယောက်ကြားမှာ ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။ အရင်လို ပျော်စရာကောင်း ပြီး ချစ်ချစ်ခင်ခင်နေတုန်းပဲ။

အချိန်တွေ ကုန်လာတာနဲ့အမျှ အမျိုးသမီးရဲ့ အရေပြားရောဂါဟာလည်း တစတစနဲ့ ပိုဆိုးလာတယ်။ မျက်မမြင် ယောက်ကျားက သူမိန်းမ အရေပြားရောဂါကြောင့်ရုပ်ပြတ် ဆင်းပြတ် ခံစားနေရတာကိုမသိရှာဘူးထင်ပါရဲ့။

သူတို့ ၂ ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဟိုးးအရင်ကထက်တောင်တိုးပြီး ပိုလို့ ချစ်မြဲ ချစ်စဲ ကြင်နာစဲပဲ။

နောက်ဆုံးမှာတော့ အမျိုးသမီးဟာ အရေပြားရောဂါနဲ့ ဆုံးသွားရှာတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့ဆုံးရှုံးမှုကြီးတစ်ခုပဲလို့ခံစားရတယ်။

မိရိုးဖလာအတိုင်း ဇနီးရဲ့ အလောင်းကို မြေချပြီးနောက်တနေ့ မှာ အမျိုးသားဟာ ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ အပြီးအပိုင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ချိန်မှာ အိမ်နီးနားချင်း လူတယောက်က စကားလှမ်းပြောတယ်

” ခင်ဗျား မျက်စိမမြင်တဲ့ ကာလတလျှောက်လုံး ခင်ဗျားရဲ့ ဝေရာဝိစ္စတွေ အကုန်လုံးကို ခင်ဗျားအမျိုးသမီးက မငြီးမငြူ လုပ်ပေးခဲ့တာ အခု ခင်ဗျားတစ်ယောက်ထဲ ဘယ်လိုလုပ်မလဲ..ခင်ဗျားတော့ ဒုက္ခ လှလှကြီးတွေ့တော့မယ်”

အမျိုးသားက ပြန်ပြောတယ်။ ” ဒီမှာ မိတ်ဆွေ..အမှန်က ကျွန်တော် မျက်စိမကန်းပါဘူး။
မမြင်ချင်ယောင်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ကျွန်တော့ အမျိုးသမီးဟာ သူမရဲ့ ရုပ်ဆိုး အကြည်းတန်နေတဲ့ မျက်နှာကို နေ့တိုင်း ကျွန်တော်မြင်နေရတယ်လို့ သူသိရင် အဲ့ခံစားမှု့ဟာ သူရောဂါဝေဒနာ ခံစားမှုထက်ပိုပြီး နာကျဉ်လိမ်မယ်။

ဒါကို ကျွန်တော်မမြင်ချင်ဘူး။ ရုပ်ပိုင်းဆိုင်ရာမလှတော့ပေမဲ့ သူမ ရဲ စိတ်ပိုင်းဆိုင်ရာမှာ အမြဲလှနေသူတစ်ယောက်ပါ။

စိတ်ထားဖြူစင်သူတစ်ယောက်မို့ ကျွန်တော်အတွက် ဇနီးကောင်း တယောက်ပါ။

ကျွန်တော်က သူအမြဲတမ်းပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာကိုပဲ မြင်ချင်တဲ့လူတယောက် မို့ အခုလို ဟန်ဆောင်ရခြင်းဖြစ်ပါတယ်။
ဆောင်းပါးလေးက ဒါပါပဲ။

သင်ခန်းစာ
———-
လောကကြီးမှာ ၂ ဦး ၂ ဖတ် ပြေလည် ကောင်းစားဖို့အတွက် တချို့သောအရာတွေကို မမြင်ချင်ယောင်ဆောင်ပေးရပါတယ်။

အားနည်းချက် ချွတ်ယွင်းချက်ဆိုတာလူတိုင်းမှာရှိစမြဲ။

ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး။ လူတယောက်ရဲ့ အားနည်းချက် ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ လူညံ့လူ့ပြော့ တွေရဲ့ လုပ်ရက်ပါ။

အဲ့ထဲမှာ ကိုယ်မပါမိပါစေနဲ့။ တစ်ယောက်ရဲ့ လိုအပ်ချက်ကိုတစ်ယောက်က အပြန်အလှန် ဖြည့်ဆည်းပေးရင်း ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့ သာ ပေါင်းသင်းဆက်ဆံကျမယ်ဆိုရင် အရမ်းပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တခု အဖွဲ့အစည်းတခုဖြစ်လာမှာ သေချာပါတယ်။

Credit : Zartimyay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top