iMyanmarHouse.com - Best Property Website for Myanmar
×
ပိုတန်ဖိုးရှိတယ် . . .
သစ္စာတရားက အသိဥာဏ်မှာ ခိုဝင် ပါတယ်
ပို့သပေးပါတယ်။
လက်မထပ်ရသေး ဘဲနဲ့ fb မှာ ကိုယ့်ချစ်သူ ပုံနဲ့ နှစ်ယောက်တွဲ တင်ခြင်းက ဓားသွားထက်မှာ လမ်းလျှောက်နေ ရတာနဲ့ တူတယ် . . .
တစ်ကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင် ပထမဆုံး ထိရှမှာက ကိုယ့်နှလုံးသားတွေ မဟုတ်ဘူး မာနနဲ့ သိက္ခာတွေပဲ ။
နှလုံးသားတွေ နာမကျန်း ဖြစ်တာက တိတ်တဆိတ်လေး ငိုကြွေးလို့ ရတယ် ။ ဂုဏ်သိက္ခာတွေ နာမကျန်း ဖြစ်ရင် ဘဝက တံတွေးခွက်မှာ ပက်လက် မျောပြီ ။
ချစ်တာကို လက်ခံပါတယ် ။ ဒါပေမယ့် နားလည်မှု ဆိုတဲ့ အလွှာလေး တစ်ခု ခြားရုံနဲ့ လမ်းခွဲသွားကြ သူတွေက မျက်စိရှေ့မှာတင် တစ်ပုံကြီးလေ ။ အထူးသဖြင့် ဆယ်ကျော်သက်ရွယ် ညီမလေးများကို ပို သတိပေးချင်တာပါ ။ ချစ်တတ်စ မှာ ရှေ့နောက် မမြင်ဘဲ အပျော်လွန်ပြီး နှစ်ယောက်ပုံတွေ တင်ကြလေ့ ရှိတယ် ။
မဆုံဖြစ်ခဲ့ရင် ပထမဆုံး နစ်နာမှာက မိန်းကလေးသာလျှင် ဖြစ်ပြီး နောက်တစ်ယောက် ချစ်တဲ့အခါ … အချစ်စစ်နဲ့ တွေ့တဲ့ အခါ အရိပ်မည်းကြီး အဖြစ် ရှိနေတော့မှာပါ . . .
ချစ်တာကို လက်ခံလို့ ရပါတယ် ။ ဒါပေမယ့် လက်မထပ်ရ သေးခင် အထိ နှစ်ယောက်တွဲပုံကို FB လို ကျယ်ပြန့်လှတဲ့ လူမှုကွန်ယက်မှာ မတင်စေလိုပါ . . .
လက်ထပ်ပြီးသွားရင် တင်ပါ ။ ပြုံးပျော် နေတဲ့ဘဝလေး တွေကို အားကျ အတု ယူရင်း Like တွေ Ment တွေ အားပါးတရ ထိုင်ပေးနေ ပါ့မယ် …..
တစ်ကယ်တော့ Fb မှာ နှစ်ယောက်တွဲ တင်ရမှ အချစ်စစ် ဖြစ်လာမှာ မဟုတ်ပါဘူး ။ အဲဒါဆို အဘိုးအဘွားတွေ လက်ထက်မှာ ဘာမှ မရှိခဲ့လို့ ကျနော်တို့ လူဖြစ်လာပါ့ မလား …
စဉ်းစား တွေးခေါ်တတ်မှ ဘဝက အဓိပ္ပာယ် ရှိသလို ထိန်းသိမ်းသင့် တာကို ထိန်းသိမ်းမှ အဲဒီဘဝက
ပိုတန်ဖိုးရှိတယ် . . .
ချစ်သူက FB မှာ နှစ်ယောက်တွဲ တင်ရမှ ချစ်မယ် ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ ။
သူ့အချစ်က နဲနဲ ရူးမိုက်နေ လို့ပဲ
အချစ်စစ်က နှလုံးသားမှာပဲ ရှိပါတယ်
သစ္စာတရားက အသိဉာဏ်မှာ ခိုဝင် ပါတယ်
fb မှာ ရှိနေတာ မဟုတ်ပါဘူး . . .
လူဆိုတာ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိကြပါတယ်
ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာက အဓိက ကျလဲ ဆိုတာ စဉ်းစား တွေးခေါ်တတ် ပါစေ . . .
FB သုံးနေတဲ့ ညီမငယ်လေးများ အမှန်တရားကို ထွေးပိုက်ရင်း
အနာဂတ်မှာ အပြစ်ကင်းစွာနဲ့
ကမ္ဘာကို ကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများ ဖြစ်ကြပါစေ . . .
Credit : Original Uploader
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top