iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Cele Yatkwat
အဆိုတော် G Fattနဲ့ နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ လက်တလော လူမှုကွန်ယက်မှာ ပရိသတ်စိတ်ဝင်စား မှုအများဆုံးရရှိတဲ့ စုံတွဲလေးတစ်တွဲလို့ ဆိုရပါမယ်။
ဝါသနာပါရာ အနုပညာလမ်းကြောင်းတစ်ခုထဲမှာပဲ အတူတူ လျှောက်လှမ်းနေကြပြီး အောင်မြင်မှုကိုယ်စီရရှိပိုင်ဆိုင်နေကြတဲ့ လူငယ်တေးသံရှင်လေးတွေပဲ ဖြစ်ပါတယ်။ အဆိုတော် G Fatt ကတော့ 120/B လို့အမည်ရတဲ့ တေးစီးရီးလေးထွက်ရှိထားခဲ့ပါတယ်။
လက်ရှိ G Fatt နဲ့ နန်းဆု တို့ရဲ့ ချစ်သူ နှစ်ဦး အခြေအနေကို နန်းဆုက အခုလို ပြောပြခဲ့ပါတယ်။
” တစ်ယောက် အားနည်းချက်ကို တစ်ယောက်က နားလည်ပေးကြရတာပေါ့ ။ နားလည်မှုတွေနဲ့ တည်ဆောက်သွားကြတာပါပဲပေါ့နော်။ တစ်ယောက် လိုအပ်နေတဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ဆည်းပေးကြပါတယ်။
အရမ်းလဲ ညှိစရာမလိုပါဘူး။ နှစ်ယောက်စလုံးရဲ့ အလုပ်ကလဲ အနုပညာအလုပ်တွေ ဖြစ်နေတော့ နားလည်မှု အပြည့်ရှိပါတယ်ရှင့် ။
Personal နဲ့ ပက်သက်တာတွေကိုတော့ နန်းဆုက ဖေ့စ်ဘုတ်ပေါ်ကို သိပ်ပြီး တင်လေ့တင်ထ မရှိပါဘူး။ ဒါပေမယ့် ပရိသတ်တွေက အသေးစိတ်ကအစ စိတ်ဝင်စားပြီး သိနေကြတော့ ဝမ်းသာပါတယ်။ ပျော်ပါတယ်။”
ဆက်လက်ပြီးတော့ ချစ်သူနှစ်ယောက်ရဲ့ ရှေ့ရေးအတွက် အခုလို ပြောခဲ့ပါတယ်။
” ရှေ့ရေး အတွက်ကတော့ ဒီလိုပဲ ညှိနှိုင်းတိုင်ပင်မှုမျိုးတွေတော့ အများကြီး ရှိပါတယ်။
အဲ့ဒီနောက် ချစ်သူ G Fatt ရဲ့ အမူအကျင့်တွေ အကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။
” သဝန်တိုတာမျိုးတွေ ရှိပါတယ်။ သူက အချိန်ပြည့် သဝန်တိုတတ်တယ်။ အဲ့ဒါ သူ့ကို မနည်းလျှော့ချနေရတယ်။ တော်တော်တော့ သဝန်တိုတတ်တယ် သူက ။ 24 Hours … ” ဆိုပြီး ရယ်မောကာ ဖြေကြားခဲ့ပါတယ်။
ကဲ ပရိသတ်ကြီးလဲ ကွီး G Fatt နဲ့ မနန်းဆု တို့ရဲ့ အချစ်ရေးကို အားကျနေကြမယ်လို့ မျှော်လင့်ပါတယ်နော် ။
Credit : Cele Yatkwat
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top