iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ားရည္ဟာ အလွအပေရးရာအျဖာျဖာအတြက္ ဘက္စံုအသံုး၀င္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားလည္း ၾကားဖူးၿပီးသားျဖစ္မွာပါ။ ဒီေတာ့ လူတိုင္း အဓိကတန္ဖိုးထားၾကတဲ့ေနရာဟာ မ်က္ႏွာျဖစ္တဲ့အတြက္ မ်က္ႏွာတစ္ခုလံုးရဲ႕အလွအပအတြက္ ပ်ားရည္ကိုအသံုးခ်လို႔ရမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ပ်ားရည္ကို မ်က္ႏွာသစ္ေဆးအျဖစ္နဲ႔ အသံုးခ်လို႔ရတယ္ဆိုတာကို မသိေသးတဲ့သူအရမ္းမ်ားပါတယ္။ မ်က္ႏွာသစ္ေဆးအျဖစ္အသံုးခ်ဖို႔ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းကို Oatmeal စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ ေရာၿပီးေမႊေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာသစ္သလို မ်က္ႏွာအႏွ႔ံမွာပြတ္လိမ္းေပးၿပီး ေရေဆးခ်လိုက္ပါ။ ဒီအိမ္တြင္းျဖစ္ မ်က္ႏွာသစ္ေဆးေလးဟာ သင့္ရဲ႕မ်က္ႏွာကို ႏူးညံ့ေခ်ာေမြ႔လာေစမွာပါ။ ပ်ားရည္နဲ႔ Oatmeal ကိုေတာ့ City Mart တိုင္းမွာ ၀ယ္ယူႏိုင္ပါတယ္။

မ်က္ႏွာေပါင္းတင္တဲ့ေနရာမွာလည္း ပ်ားရည္ကိုအသံုးျပဳလို႔ရပါေသးတယ္။ လုပ္ရမယ့္ပံုစံကလည္း အရမ္းကိုလြယ္ကူရိုးရွင္းလြန္းပါတယ္။ ပ်ားရည္ကို Brush နဲ႔ယူၿပီး မ်က္ႏွာအႏွ႔ံမွာေသခ်ာလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားလိုက္ပါ။ အခ်ိန္ျပည့္ရင္ေတာ့ ေရေဆးခ်လိုက္ရံုပါပဲ။ ဒီလိုလုပ္ေပးျခင္းက မ်က္ႏွာကိုႏူးညံ့ေခ်ာေမြ႔ေစၿပီး ၀တ္ၿခံေတြကိုလည္း သက္သာေစပါတယ္။

မ်က္ႏွာေပၚမွာရွိေနတဲ့၀က္ၿခံေတြကို ေပ်ာက္ကင္းသြားေစဖို႔ ပ်ားရည္ကိုအသံုးျပဳေပးပါ။ လုပ္ရမယ့္ပံုစံေလးကေတာ့ ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို သစ္ႀကံပိုးေခါက္အမႈန္႔ လက္ဖက္ရည္ဇြန္းတစ္၀က္နဲ႔ ေရာေမႊလိုက္ပါ။ ၿပီးရင္ေတာ့ ၀က္ၿခံေပၚမွာ ၁၀ မိနစ္ေလာက္ ဂြမ္းတံေလးနဲ႔ ပြတ္ေပးေနရပါမယ္။ လိမ္းထားရမွာမဟုတ္ဘူး ပြတ္ေပးရမွာေနာ္။

ေျခာက္ေသြ႔တဲ့ႏႈတ္ခမ္းသားေတြအတြက္လည္း ပ်ားရည္ကိုသာအသံုးျပဳေပးပါ။ လုပ္ရမယ့္ပံုစံကလည္း အရမ္းကိုလြယ္ကူလြန္းပါတယ္။ ပ်ားရည္ကို လက္ညိႈးေလးနဲ႔ယူၿပီး ႏႈတ္ခမ္းမွာပြတ္လိမ္းေပးၿပီး ခဏထားလိုက္ရံုပါပဲ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျားရည်ဟာ အလှအပရေးရာအဖြာဖြာအတွက် ဘက်စုံအသုံးဝင်တယ်ဆိုတာကို တော်တော်များများလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီတော့ လူတိုင်း အဓိကတန်ဖိုးထားကြတဲ့နေရာဟာ မျက်နှာဖြစ်တဲ့အတွက် မျက်နှာတစ်ခုလုံးရဲ့အလှအပအတွက် ပျားရည်ကိုအသုံးချလို့ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျားရည်ကို မျက်နှာသစ်ဆေးအဖြစ်နဲ့ အသုံးချလို့ရတယ်ဆိုတာကို မသိသေးတဲ့သူအရမ်းများပါတယ်။ မျက်နှာသစ်ဆေးအဖြစ်အသုံးချဖို့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို Oatmeal စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောပြီးမွှေပေးပါ။ ပြီးရင်တော့ မျက်နှာသစ်သလို မျက်နှာအနှံ့မှာပွတ်လိမ်းပေးပြီး ရေဆေးချလိုက်ပါ။ ဒီအိမ်တွင်းဖြစ် မျက်နှာသစ်ဆေးလေးဟာ သင့်ရဲ့မျက်နှာကို နူးညံ့ချောမွေ့လာစေမှာပါ။ ပျားရည်နဲ့ Oatmeal ကိုတော့ City Mart တိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

မျက်နှာပေါင်းတင်တဲ့နေရာမှာလည်း ပျားရည်ကိုအသုံးပြုလို့ရပါသေးတယ်။ လုပ်ရမယ့်ပုံစံကလည်း အရမ်းကိုလွယ်ကူရိုးရှင်းလွန်းပါတယ်။ ပျားရည်ကို Brush နဲ့ယူပြီး မျက်နှာအနှံ့မှာသေချာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားလိုက်ပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီလိုလုပ်ပေးခြင်းက မျက်နှာကိုနူးညံ့ချောမွေ့စေပြီး ဝတ်ခြံတွေကိုလည်း သက်သာစေပါတယ်။

မျက်နှာပေါ်မှာရှိနေတဲ့ဝက်ခြံတွေကို ပျောက်ကင်းသွားစေဖို့ ပျားရည်ကိုအသုံးပြုပေးပါ။ လုပ်ရမယ့်ပုံစံလေးကတော့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဝက်ခြံပေါ်မှာ ၁၀ မိနစ်လောက် ဂွမ်းတံလေးနဲ့ ပွတ်ပေးနေရပါမယ်။ လိမ်းထားရမှာမဟုတ်ဘူး ပွတ်ပေးရမှာနော်။

ခြောက်သွေ့တဲ့နှုတ်ခမ်းသားတွေအတွက်လည်း ပျားရည်ကိုသာအသုံးပြုပေးပါ။ လုပ်ရမယ့်ပုံစံကလည်း အရမ်းကိုလွယ်ကူလွန်းပါတယ်။ ပျားရည်ကို လက်ညှိုးလေးနဲ့ယူပြီး နှုတ်ခမ်းမှာပွတ်လိမ်းပေးပြီး ခဏထားလိုက်ရုံပါပဲ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top